part 16 zawgi

74 12 0
                                    

jiminမှာအလုပ်တစ်ခုတိုးလာပါတယ်
အဲ့ဒါကဘာလဲလို့ ပြောရရင်တော့
taeyungကိုမနက်စာပို့ရခြင်းပါ

သူ့ဘာသာသူဝယ်စားလို့ရရဲ့သားနဲ့ သပ်သပ်ခိုင်းနေတဲ့taeyungကို
jiminမကျေနပ်ပါ

ဟိုတစ်ခါကစားကွင်းမှာတုန်းကလည်း
သူ့ဘာသာသူဘယ်လိုသွားလဲ
မသိပါဘူး မပြန်တတ်တော့ဘူးဆိုလို့

သွားခေါ်ရပါသေးတယ်
အခုလည်းထိုလူ့အတွက်မနက်စာပို့ဖို့

taeyungရဲ့ကွန်ဒိုအခန်းရှေ့
ရောက်ရှိလို့နေခဲ့ပြီ
တံခါးဘဲလ်ခလုတ်ကို
နှစ်ချက်ဆင့်နှိပ်လိုက်တဲ့အခါ
အထဲကဖွင့်ပေးလာပြီ

တံခါးရွတ်ကို လက်တင်

ခန္ဓာကိုယ်ကိုတစ်ခြမ်းမှီထားကာ
ခေါင်းမော့လျှက်​သားအနေအထားနဲ့
'ဝင်လေ'ဆိုပြီပြောနေတဲ့လူကို

တစ်ချက်သာကြည့်ပြီ
အထဲကိုဝင်ခဲ့လိုက်တယ်
jiminသူဝယ်လာတဲ့ မနက်စာတွေကို
ဧည့်ခန်းက စားပွဲမှာပေါ်မှာ
တင်လိုက်တော့

Tae-"မင်းဝယ်လာတဲ့ မနက်စာတွေကို
ပန်းကန်နဲ့ပြင်ပေးစမ်း”

'စမ်း'ဆိုတဲ့စကားလုံးကြောင့် jiminတစ်ယောက်ဒေါသထွက်သွားပြီ taeyungကိုပြောလိုက်တယ်

Ji-"ဒီမှာ ခင်ဗျားစကားကို
ကြည့်ပြောပါ”

Tae-"ငါက မင်းကိုဘာပြောမိလို့လဲ”

Ji-'စမ်း'ဆိုတဲ့
အဓိပ္ပာယ်ကိုမသိလို့လား အဲ့ဒီစကားက
ခိုင်းတဲ့နေရာမှာ သုံးတာလေ
ကျွန်တော်က
ခင်ဗျားခိုင်းတာလုပ်ရအောင်
ခင်ဗျားရဲ့တပည့်မဟုတ်သလို
ကျွန်တော်ကခင်ဗျားအခိုင်းအစေလဲမဟုတ်ဘူး”

ခက်ထန်နေတဲ့လေသံ တည်တင်းတဲ့မျက်နှာထားနဲ့ပြောနေတဲ့jiminကို
taeyungက ဘာမှမထူးဆန်းသလို
ပုခုံးတွန့်လိုက်တယ်

Tae-"ဒီတော့ မင်းကငါခိုင်းတာကို
မလုပ်ချင်ဘူးပေါ့
မလုပ်ချင်လည်းရပါတယ်”

Ji-"အခုဟာက ခင်ဗျားပြောတဲ့
စကားကြောင့် မလုပ်ချင်လို့
ပြောနေတာမဟုတ်ဘူး”

Tae-"အဲ့ဒါကတော့
ငါလည်းမင်းလိုဘဲI'm so sorry
ဘာလို့လဲဆိုတော့ငါက
ဒီလိုဘဲပြောတတ်တယ်jinjinနဲ့
ပြောရင်တောင်ငါကအဲ့လိုဘဲပြောတာ ဒါပေမဲ့
မင်းပြောတာကို ငါ့ခေါင်းထဲမှာ
ထည့်စဉ်းစားလိုက်ပါ့မယ်”

My Cute Bodyguard(ကြယ်တာရာ၏လမင်းသခင်)(ကြယ်တာရာ၏လမင်းသခင်)Where stories live. Discover now