park 33 Unicode

260 26 3
                                    

jiminတစ်ယောက် အိပ်ရာကနေ
နိုးလာခဲ့တဲ့အချိန်မှာတော့
ဆောင်းရာသီ မနက်ခင်းမှာ
အဝတ်မကပ်တော့သည့်
သူ့ကိုယ်သူသာ အရင်ဆုံး
သတိထားမိသည်။

ဘယ်လိုဖြစ်လို့!
ကျွန်တော့် ခန္ဓာကိုယ်ဟာ
အဝတ်ကပ် မနေရတာလဲ။

သူသည် အိပ်ရင်
အဝတ်မကပ်သည့်  လူမဟုတ်။

ခန္ဓာကိုယ်၌ အဝတ်အစား
တစ်ခုတစ်လေမှ မရှိသည့်အပြင်
ခန္ဓာကိုယ်တစ်ခုလုံးမှာလဲ
အနီစက်တွေနဲ့ ပြည့်နေလေသည်။

ထိုအချင်းအရာများကြောင့်
jiminတစ်ယောက်
ငေါက်ခနဲ ထထိုင်လိုက်မိသည်။

အခုမှ အခန်းပတ်ပတ်လည်ကို
ကြည့်မိကာ jiminတစ်ယောက်
သူ့အခန်းမဟုတ်တာကို သိမိသည်။

ညကအဖြစ်အပျက်အချို့ကိုပါ
သတိရသွားရင်း
ရင်တွင်နှလုံးခုန်သံတို့က
'ဒိန်း'ခနဲ ဆောင့်ခုန်ကာ
ပူထူသွားရလေသည်။

ပြာပြာသလဲနှင့် ကုတင်ခြေတွင်
ပုံကျနေသော အဝတ်အစားများကို
ကောက်ဝတ်ကာ
အခန်းပြင် ထွက်လာခဲ့ရသည်။

အခန်းပြင်၌ ထို့လူကို
ရှာကြည့်မိသည်။

ထမင်းစားခန်းထဲမှာ အေးအေးဆေးဆေးထိုင်စားနေသည့် taeyungကိုတွေ့တော့
jiminဒေါသများက
ဆူဝေလာရသည်။

Ji"ဒီမှာ! ညက…
ကျွန်တော်တို့ ဘာဖြစ်ခဲ့ကြသေးလဲ!"

အလောတကြီးမေးနေသည့်
ကျွန်တော့်ကို
အစားအသောက် မပျက်ပါဘဲ
ဂရုမစိုက်သလို မကြားသလို
အေးစက်စက် မျက်နှာထားနဲ့
ပြုမူနေသည့်ထိုလူ…

Ji"ဒီမှာ ကျွန်တော်တို့
ဘာဖြစ်ခဲ့ကြတာလဲလို့!!…"

Tae"ဘာဖြစ်ကြမယ်လို့ မင်းထင်လဲ?
နိုးလာတဲ့ မင်းပုံစံကို မင်းကြည့်ပြီ
မခက်မှန်းတက်ဘူးလား!"

Ji"ခင်ဗျား!!!"

သွေးအေးသည့်မျက်နှာထားနဲ့
ပြောနေသူကို
ကျုံးအော်လိုက်မိသည်။

ဒါဆို!…ဒါဆို…!
ကျွန်တော့်…ဘဝက!
ထိုလူ ဖျက်ဆီးတာကို ခံခဲ့ရတာပေါ့။

အတွေးနဲ့တင် jiminတစ်ယောက်
အသက်မဲ့သွားခဲ့သည်။

ယုံကြည်လို့ ပုံအပ်မိပါမှ
မှားလေခြင်းလား ဆိုတဲ့ နောင်တအရှက်တရားနဲ့ ကျွန်တော့်ကို
ရှင်သန်ခိုင်းနေတာလားခင်ဗျား…

My Cute Bodyguard(ကြယ်တာရာ၏လမင်းသခင်)(ကြယ်တာရာ၏လမင်းသခင်)Место, где живут истории. Откройте их для себя