part20 unicode

260 33 4
                                    

မနက်စာ စားဖို့jinတစ်ယောက်
ခါတိုင်းလို အောက်ထပ်က
ထမင်းစားခန်းကိုဘဲ
ဉီးတည်ပြီးသာဆင်းလာခဲ့လိုက်တယ်

ထမင်းစားခန်းမှာ အေပရွန်တောင်မချွတ်ရသေးဘဲ ထိုင်စောင့်နေတဲ့
jungkookကို အသက်မပါတဲ့

မျက်လုံးတို့နဲ့ကြည့်ပြီ
ဘာစကားတစ်ခွန်းမှ သူ့ဘက်ကစပြီး
တစ်စွန်းတစ်စီးမှ မပြော
စားပွဲမှာဘဲ ဝင်ထိုင်လိုက်သည်

Jk-"အကို ညတုန်းကကောင်းကောင်းအိပ်ပျော်ရဲ့လား”

ထိုအခါ မော့ကြည့်လာသည့်
နှုတ်ခမ်းဖူးဖူးလေးများကို
ပိုင်စိုးထားပါတဲ့ မျက်နှာပိုင်ရှင်

Jin-"အိပ်ပျော်တယ်လို့ ထင်တာဘဲ”

ထိုတော့ပြောပြီ
တော်တော်ကြာတဲ့အထိ
ငြိမ်သက်သွားခဲ့တယ် နေရတာက

အိမ်ဆိုပေမဲ့ ဇရပ်လောက်တောင် သာယာမှုမရှိဘဲ အသံတွေက
တိတ်ကျလို့ နေခဲ့လေသည်

တိတ်ဆိတ်မှုကို မနှစ်မြိုပ်၍
jungkookတစ်ယောက်
စကားမရှိ စကားရှာကာjinကို
ရောက်တက်ရာရာ မေးမိတော့သည်

Jk-"အကို ညတုန်းကကိစ္စတွေ
မှတ်မိသေးလား”

jungkookစကားကို
မျက်စိအစုံပင့်ကြည့်ကာ

Jin-"ဘာကိုမှတ်မိရမှာတုန်း မင်းက
ဘာကိုမမှတ်စေချင်တာလဲ”

jinစကားကြောင့် ရုတ်တရက်
ငြိမ်ကျသွားတဲ့လူက
သူသာဖြစ်နေခဲ့သည့်အပြင်

jinစကားကြောင့်လည်း
အားအင်တစ်ခုလုံး
စုပ်နစ်ခံလိုက်ရသလိုမျိုး
မျက်နှာညိုးဖျော့သွားကာ
နောက်ထပ်လည်း ဆက်မမေးမိတော့

တစ်ဖန်သူတို့ကြား
တိတ်ဆိတ်သွားပြန်ပြီလေ
ငြိမ်ကျသွားတဲ့jungkookကို
jinကမော့အကြည့် jungkookလည်း

ရီဝေဖျော့တော့တဲ့ မျက်ဝန်းနက်များနဲ့ဖြတ်ခနဲကြည့်လာချိန်နဲ့
ကြုံလိုက်ရတဲ့အခါ

jinမျက်နှာလည်း
ငုတ်ကျသွားရပြန်သည်
စိတ်ထဲမှာလည်း

'အဲ့ဒီမျက်ဝန်းတွေက
ငါ့အတွက်အန္တရာယ်ဘဲ
တော်တော်ပြုစားနိုင်တဲ့
မျက်လုံးတွေဘဲ'

My Cute Bodyguard(ကြယ်တာရာ၏လမင်းသခင်)(ကြယ်တာရာ၏လမင်းသခင်)Where stories live. Discover now