part23 zawgi

75 11 0
                                    

ဒီနေ့ Choi Hyunsukတို့
GCzအဖွဲ့ဝင်တွေနဲ့
လူစုံတက်စုံဟင်းချက်စားဖို့
စီစဉ်နေကြတာပါ

သူတို့အဖွဲ့က ငါးယောက်နဲ့
ဖွဲ့ထားတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်သည်
အဖွဲ့ဖွဲ့ထားသည်မှာ 3ခန့်နှစ်သာ
ရှိသေးတော့ သူတို့တွေကi-dol
ပေါက်စလေးတွေပါ

GCzအဖွဲ့မှာသူကအသက်အကြီးဆုံး memberဖြစ်သလိုသူသည်သာ
ဒီအဖွဲ့ရဲ့ leaderပါ ဒါကြောင့်ဒီမနက်ဟင်းချက်စားဖို့ ဝယ်စရာရှိတာဝယ်ပြီ

ပြင်ဆင်စရာရှိတာ
ပြင်ဆင်ထားဖို့အတွက်
အခုချိန်ထိမထသေးဘဲ
အိပ်ပုတ်ကြီးနေကြတဲ့
သူ့အဖွဲ့ဝင်တွေကို တစ်ယောက်ချင်းစီ သူနှိုးရအုန်းမည်။

ကုမ္ပဏီက သူတို့အဆောင်မှာ memberအဝေမခွဲမတည့်မှာဆိုလို့ အခန်းငါးခန်းစလုံးခွဲပေးထားသည်။

သူပထမဆုံးဝင်လိုက်တဲ့အခန်းက
သူ့ထက်တစ်နှစ်ဘဲငယ်သည့်
park jihoonအခန်း

jihoonကအဖွဲ့မှာvocalပိုင်းနဲ့
danceပိုင်းတာဝန်ယူထားတာဖြစ်ပြီ

သူကrapအပိုင်းနဲ့ danceပိုင်း
တာဝန်ယူထားတာဖြစ်သည်။

Hs-"jihoonnie...jihoonnie...ထအုန်း!
ငါတို့ဟင်းချက်ဖို့ ကုန်တိုက်မှာ
ဈေးသွားဝယ်ရမယ်လေ! ဟေ့ရောင်...ထအုန်း"

လှုပ်နေနှိုးနေတာတောင်
ဟိုငနဲကတုတ်တုတ်မှမလှုပ်

Hs-"ဟေ့ရောင် ထပါဆို
ငါကိုင်ပေါက် ထလိုက်ရ"

အမယ် သူက ဗလကြီးကိုမှ
ကိုင်ပေါက်မယ် သွားပြောမိပါလား
သူတော့ အရိုးတွေကျိုးကြေ
ကုန်တော့မှာဘဲ

ရယ်သံခပ်သဲ့သဲ့အသံကို
ကြားရပါတယ်။

jihoon-"ဟား...ဟား...အကိုhyunsukလို လူကောင်ပိစိလေးက
ကျွန်တော့်ကို ကိုင်ပေါက်မှာပေါ့"

ထထိုင်ကာ ခေါင်းဆက်ဆက်ငြိမ့်ပြီ

jihoon-"ကိုင်ပေါက်ကြည့်လေ"

ကိုင်ပေါက်လည်း မနိုင်မှန်းသိတော့

Hs-"အပိုတွေပြောမနေနဲ့ မင်းကငါနဲ့ကုန်တိုက်လိုက်ခဲ့ရမှာ
ဟိုသုံးယောက်ကိုလည်း
နှိုးရအုန်းမယ် မြန်မြန်ထ"

jihoon-"ok! I'm got up"

သူjihoonမျက်မှောင်းကျုတ်ကာ
ကြည့်လိုက်တော့ စပ်ဖြီးဖြီးမျက်နှာနဲ့
ပြန်လုပ်ပြနေတယ်

My Cute Bodyguard(ကြယ်တာရာ၏လမင်းသခင်)(ကြယ်တာရာ၏လမင်းသခင်)Donde viven las historias. Descúbrelo ahora