မနေ့ကသားနဲ့ သူရေချိုးတာ
အချိန်ကြာသွားတဲ့အတွက်
ဒီနေ့သားတစ်ယောက်
အပြင်းဖျားနေလေရဲ့ kim sanjinလည်းကုမ္ပဏီကတစ်ဖက်နဲ့ သားအနားမှာအချိန်ပြည့်မကြည့်နိုင် သားကို
ကုမ္ပဏီကိုခေါ်ပြန်ရင်လည်း
အိပ်ရာထဲမှာ လှဲနေရတာမို့ခေါ်ဖို့ကမဖြစ်နိုင်
အိမ်ကိုစောစော ပြန်ဖို့ကိုသာ
အားခဲထားလေတယ်
အိမ်ကိုရောက်ရောက်ခြင်းကားကို ကမန်းကတန်း ထိုးရပ်ကာ အပေါ်ကသားအခန်းကိုသာ
ဉီးတည်ကာ သွားလိုက်သည်Jin-"အဟင်း~…အဟင်း~…
အဟင်း~…အဖေ”အခန်းထဲတောင် မဝင်ရသေး သားရဲ့ ငြီးငြူသံခပ်ရေးရေးလေးကိုကြားလိုက်ရတော့ စိတ်ပူစိတ်က
အခန်းထဲဝင်ဖို့တံခါးပေါက်စီကို
ကိုယ်ထက် စိတ်ကရောက်နှင့်နေပြီ
ဒါပေမဲ့ နောက်ထပ်ကြားလိုက်ရသည့် စိုးရိမ်နေသည့်ခေါ်သံJin'smom-"သား… မင်းအဖေ
ပြန်လာမှာပါ မကြောက်နဲ့နော်
ဘာမှမဖြစ်ဘူး
အမေအနားမှာ ရှိတယ်နော်!”ဒီတစ်ခါတော့ လူကအခန်းရှေ့ကိုတကယ်ရောက်သွားခဲ့ပြီ
မြင်လိုက်ရတဲ့ မြင်ကွင်းက
သူတစ်ခါမှ မျှော်လင့်မထားတဲ့ မြင်ကွင်းမျိုးတစ်ခုပါသားဖြစ်သူကို ဂရုမစိုက်တက်ဘူးလို့ထင်ထားခဲ့တဲ့သူမ
မချစ်တက်ဘူး မစိုးရိမ်တက်ဘူးလို့ပါထင်ထားခဲ့တာ အခုတော့အထင်နဲ့အမြင်ကလွဲမှားနေခဲ့ပြီ
သစ်သားထိုင်ခုံအပုလေးပေါ်မှာ သေချာအကျအနထိုင်ပြီ
သားရဲ့နာဖူးပြင်ကို ရေခဲအုပ်ထားတဲ့ပိတ်စဖြူလေးနဲ့ သားကိုဂရုတစိုက်ရေပတ်တိုက်ပေးနေတဲ့ သူမက
တစ်ချိန်တုန်းက
သားကိုအော်ဟစ်ဆူပူခဲ့တဲ့
သူမမဟုတ်သည့်အတိုင်းရေပတ်တိုက်နေစဉ်လဲ သားဖြစ်သူရဲ့လက်သေးသေးလေးကို
လက်တစ်ဖက်ကဆုတ်ကိုင်ဖျစ်ညစ်ထားသည်မှာလဲ
နွေးထွေးလွန်းလှသည် သားမျက်နှာအနှံ့ကိုလည်း သူမလက်ဖဝါးနဲ့
တို့ထိစမ်းနေခဲ့သေးသည်။မြင်ရခဲပါတဲ့ မြင်ကွင်းလေးကို
မိခင်မေတ္တာငတ်ခဲ့ရတဲ့
သားအတွက်ရော
သူမပါငြင်းလို့မရအောင်
YOU ARE READING
My Cute Bodyguard(ကြယ်တာရာ၏လမင်းသခင်)(ၾကယ္တာရာ၏လမင္းသခင္)
Romanceဘဝကနာကျည်းချက်တွေဟာမင်းနဲ့တွေ့မှပြေပျောက်ခဲ့ရတာ ဒါကြောင့်မင်းကိုကျေးဇူးတင်တယ် Kim Seok jin အကိုကျွန်တော်ကိုကျေးဇူးတင်စရာမလိုပါဘူး အကိုသာကျွန်တော့်ကိုချစ်နေရင်ရပြီ ကျန်တာဘာမှမလိုဘူး Jeon Jungkook ဘဝကနာကျည်းချက်တွေဟာမင်းနဲ့တွေ့မှပြေပျောက်ခဲ့ရတာ ဒါကြော...