part30 unicode

236 23 2
                                    

taeyungတစ်ယောက်
ကုမ္ပဏီအတွက်ရှယ်ယာဝင်တစ်ဉီးနဲ့တွေ့ဆုံဖို့ရာရှိတာကြောင့် ထိုလူဟာ ရှယ်ယာရှင်တစ်ဉီးဖြစ်သလို
စီးပွားဖက်လည်း ဟုတ်သည်မို့
ကုမ္ပဏီမှာချိန်းဆိုမှု မပြုလုပ်ဘဲ
အပြင်မှာသာ ချိန်းဆိုမှု
ပြုလုပ်ရသည်။

ချိန်ဆိုထားသည့်ဆိုင်ကို
ရှယ်ယာရှင်က
အရင်ရောက်​လေတော့
စောင့်နေရသည်ကို
အားနာသွားရလေသည်။

သူထိုင်တော့ ထိုလူက
အသိအမှတ်ပြုသလို ခေါင်းငြိမ့်ပြပြီ။

Tae"ကျွန်တော်နောက်ကျသွားတယ်
အကြာကြီးစောင့်လိုက်ရတယ်
ထင်တယ်”

"ရပါတယ်ဗျာ ကျွန်တော်လဲ
ရောက်တာမကြာသေးပါဘူး”

ထိုလူကတော့
အပြုံးနဲ့ဆီးကြိုပြောလေတော့
စိတ်မောသက်သာရပြန်တယ်။

ထို့နောက်တွင်တော့
သူတို့တွေရဲ့အလုပ်ကိစ္စကို
အချိန်အတော်ကြာတဲ့အထိ
ဆွေးနွေးဖြစ်ကြပြီ နှစ်ဉီးနှစ်ဖက် သဘောတူညီချက်ရတဲ့အခါမှသာ
စကားဝိုင်းကို
အဆုံးသတ်လိုက်သည်။

ဆွေးနွေးပြောဆိုစဉ်
တလျှောက်တော့taeyungသည် ရှယ်ယာရှင်၏ အနောက်ဘက်မှာ
ယောင်္ကျားတစ်ဉီးနှင့်
ပျော်ရွှင်ရယ်မောနေသည့်
ရစ်လုံးကိုသာစိုက်ကြည့်မိသည်။

ထိုပိစိရီရင် မျက်လုံးပေါက်ကမမြင်ရ သို့သော် မှေးနေသည့်မျက်လုံးကပင် ထိုရစ်လုံးကို
ပို၍ချစ်ဖို့ကောင်းအောင်
ပံ့ပိုးပေးနေသလို
ကြည့်လို့ကောင်းလေသည်။

သူ့ဘာသာချစ်ဖို့ကောင်းတာက
ချစ်ဖို့ကောင်းတာပဲ
ကျွန်တော်ကတော့ထိုရစ်လုံးကို
ရီတာမြင်တိုင်း အမြင်ကပ်သည်။

ထိုရစ်လုံး ရီနေတာကိုက
သူ့ကိုဒေါသထွက်စေသည်မို့
မရှု့စိတ်ဖြစ်မိသည်။

ဘာကြောင့်လဲတော့မသိ
ထိုရစ်လုံးရီနေတာထက်
သူ့ကြောင့်ဒေါသထွက်
ရန်တွေ့နေတက်သည့် မျက်နှာကိုသာ
သူမြင်ချင်မိတာက
သူမကောင်းဘူးလို့ဘဲ ပြောရမှာပေါ့။

သူ့ကိစ္စပြီးတော့ အချိန်မဆိုင်း
ရစ်လုံးထိုင်ရာစီသွားပြီ
အနားရောက်လေတော့
ချောင်းတစ်ချက်ဟန့်ရင်း
မရယ်မပြုံးစိုက်ကြည့်မိတော့
မချိပြုံးနဲ့ဟန်လုပ်လာသည့် ရစ်လုံး…

My Cute Bodyguard(ကြယ်တာရာ၏လမင်းသခင်)(ကြယ်တာရာ၏လမင်းသခင်)Where stories live. Discover now