part 18 zawgi

54 14 0
                                    

မနက်ခင်းတိုင်းမှာ စိတ်ကြည်နေမှ
မြင်သမျှအမြင်တွေတိုင်းကလည်း
သာယာလှပနေမယ်ဆိုတာသိပါတယ်

jinအတွက်ကတော့စိတ်တွေ
အမြဲနှောက်ကျိနေပြီ
မြင်ကွင်းတိုင်ကလည်း
မသာယာနိုင်ခဲ့ဘဲ ရှုပ်ထွေးနေခဲ့တာပါ

အခုမှလားဆိုတော့မဟုတ်ခဲ့ပါဘူး ဆယ်စုနှစ်လောက်တောင်
ကြာခဲ့ပါပြီ
ဒီနေ့ကjungkookနဲ့ပြသနာ
ဖြစ်ခဲ့တဲ့နေ့နဲ့ဆိုတစ်ပတ်တောင်ရှိခဲ့ပြီ

jungkookနဲ့က taeyungပြောခဲ့လို့ jinဘက်က တက်နိုင်သလောက်
စိတ်ကိုလျှော့ကာ
အလိုက်အထိုက်နေပေးခဲ့ရတယ်
သူ့နဲ့ဖုန်းဆက်ပြောခဲ့တဲ့taeyungရဲ့
စကားကိုပြန်ပြီ
ကြားယောင်နေတဲ့jin

Tae-"jinjin,jungkookနဲ့
ပြသနာတက်ခဲ့တယ်ဆို”

Jin-"သိနေတာကို
ဘာလို့မေးနေသေးလဲ”

Tae-"ဪjinjinရယ်
jungkookဘက်က အဲ့လိုလုပ်လိုက်တာ
မှားတယ်ဆိုပေမဲ့
jinjinလည်း မှန်မနေဘူးနော် jungkookကjinjinရဲ့မန်နေဂျာအနေနဲ့
တားသင့်ရင်တားလို့ရတယ်နော်

အမှန်တော့ကျွန်တော်လည်းjinjinကိုဆေးလိပ်သောက်စေချင်ခဲ့တာ
မဟု​တ်ဘူး ကျွန်တော်ပြောလည်း
jinjinက ဆေးလိပ်သောက်တာကို
ရပ်မှာမဟုတ်မှန်းလည်းသိတယ် ကျွန်တော်တို့
ပြောတယ်ဆိုတာကလည်း

jinjinအတွက်ဆိုတာ မပြောလည်း
သိနေတာဘဲဗျာ
ကိုယ်ဖြစ်ရင်ကိုယ်ခံရမှာ
တစ်ခြားသူတွေ ဝင်ရောက်ခံစားပေးလို့မရဘူးဆိုပေမဲ့ ကိုယ်တစ်ယောက်ထဲခံစားနေရတယ်လို့
မထင်လိုက်ပါနဲ့jinjin

ကျွန်တော်နဲ့jungkookကို
မငဲ့ဘူးဆိုရင်တောင် jinjinကိုချစ်တဲ့ jinjinရဲ့တစ်ဉီးတည်းသော
လူသားတစ်ယောက်ဖြစ်တဲ့
jinjinအဖွားကိုရောjinjin
ထည့်မတွက်တော့ဘူးလား

jinjinအဖွားကjinjinကို
သူ့သားထက်တောင်
ပိုချစ်တယ်ဆိုတာရော
သိတယ်မှတ်လား မဟုတ်ဘူး
jinjinကိုမွေးပေးခဲ့တဲ့
အမေဖြစ်သူရဲ့အချစ်ထက်
ပိုသာတယ်ဆိုတာသိရဲ့သားနဲ့ jinjinအဖွားအတွက်ဘဲဖြစ်ဖြစ်ဆေးလိပ်သောက်တာကို
ရပ်ပေးလို့မရဘူးလား”

jinကအသံကို
တည်ငြိမ်ဖြောင့်ပြတဲ့အသံနဲ့

Jin-"ငါပြောမယ်နော် ငါဆေးလိပ်ကို
မဖြတ်နိုင်တာကတော့အမှန် ဒါပေမဲ့
ငါကြိုးစားကြည့်ပါ့မယ် ငါဆေးလိပ်ဖြတ်ပါမယ်လို့အတိအကျ
ဂတိပေးနေတာမဟုတ်ဘူးနော်
ငါဖြတ်နိုင်အောင်
ကြိုးစားကြည့်အုန်းမယ်”

My Cute Bodyguard(ကြယ်တာရာ၏လမင်းသခင်)(ကြယ်တာရာ၏လမင်းသခင်)Dove le storie prendono vita. Scoprilo ora