part24 unicode

240 32 8
                                    

jinတစ်ယောက် taeyungပိုင်တဲ့
ကုမ္ပဏီရောက်တော့ မြင်မြင်သမျှကိုလဲ
တအံ့တသြကြည့်နေခဲ့သည်။

ဝန်ထမ်းတွေဆိုတာကလဲအများကြီးဘဲ
ဒီဇိုင်းတွေဆွဲတဲ့ဌာနကသပ်သပ်
အထည်တွေချုပ်လုပ်သည့်
ဌာနပိုင်းကသပ်သပ်

ချုပ်ပြီးသားတွေကို ကြိုက်နှစ်သက်သူများဝယ်လို့၊ရောင်းလို့ရအောင် ခင်းကျင်းပြသသည့်
အရောင်းဌာနဟူ၍ အပိုင်းသုံးပိုင်းခွဲခြားထားသည်။

ကုမ္ပဏီရဲ့တည်နေရာ
အကျယ်အဝန်းကလဲ
ကျယ်ပြန့်လှသလို ကုမ္ပဏီကကြီးကျယ်ခမ်နားသည်။

သူ့vooဒီလောက်ထိ
ချမ်းသာလိမ့်မယ်လို့ သူထင်မထားခဲ့ အခုမှသူ့vooရဲ့ချမ်းသာကြွယ်ဝမှုကိုမြင်နေသည်။

အထင်ကြီးခြင်း တစ်ဝက် ဒီလောက်ချမ်းသာနေပါ့မလားလို့လဲ
မယုံနိုင်တာကတစ်ဝက်
ဖြစ်နေသေးသည်။

Jin-"ဒီကုမ္ပဏီကမင်းပိုင်တာနော်?”

သံသယအပြည့်နဲ့မယုံသလို
မေးလာသည့်jinကြောင့်
taeyungဖြေရခက် ပြောရခက်နဲ့ အင်တင်တင်ကြီး ဖြစ်သွားရပါတယ်

Tae-"jinjinကဘယ်လိုကြီးမေးတာလဲ
ဒါကျွန်တော်ပိုင်တာ နှစ်နှစ်အလအလစုစောင်းထားတဲ့ပိုက်ဆံနဲ့
ထောင်ထားတဲ့ ကျွန်တော့်ကုမ္ပဏီပါ

ဒီကုမ္ပဏီကိုဆောက်ဖို့လုပ်တဲ့
အချိန်တုန်းက ကျွန်တော့်မိဘတွေပိုက်ဆံစိုက်ထုတ်ပေးမယ်
ပြောတာတောင် ကျွန်တော်က

လက်ခံခဲ့တာမဟုတ်ဘူး ကျွန်တော့်အဖေစီကယူခဲ့တာတစ်ခုတော့ရှိတယ် အဲ့ဒါ Winter Bearဆိုတဲ့
ကုမ္ပဏီနာမည်တစ်ခုဘဲ ဒါကလဲ

ကျွန်တော်ကြိုက်လို့ပေးထားတာ
ကျန်တာတွေကဘယ်သူ့
အကူအညီမှမပါဘူး ဝန်ထမ်းတွေကလဲအကုန်အသစ်တွေချည်းဘဲ”

တစဉ့်တလျားရှင်းပြပြီတဲ့နောက်
jinတစ်ယောက်မျက်လုံး
အဝိုင်းသားလေးဖြစ်သွားရပြီ taeyungကိုပိုပြီးတော့တောင်
အထင်ကြီးသွားခဲ့သည်။

Jin-"wow! ငါ့vooလေးက
အရမ်းတော်တာဘဲ မထင်ရဘူးနော်”

တွေ့လား သူ့​အထင်ကြီးတာလား၊အထင်သေးတာလား
မသိသည့်စကားများ

My Cute Bodyguard(ကြယ်တာရာ၏လမင်းသခင်)(ကြယ်တာရာ၏လမင်းသခင်)Where stories live. Discover now