part29 unicode

266 31 7
                                    

ပန်းနံ့တွေသင်းထုံမွှေးပျံ့နေသည့်
နေ့ခင်းခါမှာ
အိမ်ကိုအမောတကော
ရောက်လာသည့်taeyung

တံခါးဘဲလ်ကို နှစ်ထောင်းအားရနှင့်
သုံးလေးချက် ဆင့်တီးတော့မှ
ဖွင့်လာသည့်တံခါး။

onlineပေါ်မှာပြန့်နေသည့်
သတင်းအချို့ကြောင့်
စိတ်ပူလွန်းကာ
ရောက်လာခဲ့ခြင်း။

သတင်းက အကြီးအကျယ်။
jinjinကို အမျိုးသမီးတစ်ယောက်က
ပါးရိုက်လိုက်သည့် သတင်းသည်
ဗီဒီယိုဖိုင်းတစ်ခုနှင့်အတူ
lineပေါ်မှာ ပြန့်နှံ့လျှက်။

ဖြစ်ဖြစ်ချင်းနေ့က မသိခဲ့ရဘဲ အချိန်လွန်မှသိခဲ့ရတဲ့အတွက်လဲ jinjinအားငယ်ကာ
လိုအပ်နေချိန်မှာတောင်
အနားမှာမရှိခဲ့သည့် သူသည် jinjinအတွက်တော့
အဖော်မွန်ကောင်း မဖြစ်ခဲ့ပေ။

တံခါးဖွင့်လာသူဟာ
ထင်ထားသည့်အတိုင်း
jinjinဟုတ်မနေတော့
ဒေါကန်ရလေသည်။

Tae"jinjinရော!! jinjinဘယ်မှာလဲ
သူရှိတယ်မှတ်လား!”

ရှေ့တွင်မျက်စိဆံပင်မွှေး
စူးစေသည့်
taeyungကိုကြည့်မရတော့။

အိမ်ရောက်လာမှာတော့
တွေ့ရမယ့်ဟာ ကိုယ့်ထက်အဖြစ်
ပိုပြနေသည်။

Jk"ဘယ်လိုဖြစ်နေတာလဲ
အိမ်ရောက်နေပြီဘဲ
တွေ့ရမှာဘဲကို…”

Tae"ငါဘာသာ ဘယ်လိုဖြစ်ဖြစ်
မင်းနဲ့မဆိုင်ဘူး”

Jk"ကျွန်တော်လဲမဆိုင်ချင်ပါဘူး”

Tae"ဘာ!!!”

taeyungဒေါသထွက်သွားသည်မှာ
jungkook၏စကားများကြောင့်ပင်။
မသိရင် ကိုယ်ကဘဲ
သူနဲ့ဆိုင်ချင်သလိုလို။

Tae"ငါကရော မင်းနဲ့ဆိုင်ချင်တယ်လို့ထင်လို့လား ဆုတောင်းလေ အခုjinjinဘယ်မှာလဲ”

Jk"အပေါ်ရှိတယ်
ကျွန်တော် အကို့ကို ဖွက်မထားဘူး”

လူလေးလက်တောက်လေးနဲ့
စကားကြီးစကားကျယ်တွေလည်း
ပြောတက်သေး။

ကြာရင် ဒီတစ်ယောက်နဲ့
သူဒေါသထွက်လွန်းစွာဖြင့်
အသက်တိုရလိမ့်မည်။

Tae"မင်းကjinjinကို
ဖွက်ထားချင်သေးလို့လား
မရဘူးနော်
jinjinကငါ့အတွက်ပဲ
သူ့ကိုထိချင်သလို ထိလို့မရဘူး
jinjinကငါ့အပိုင်မို့”

My Cute Bodyguard(ကြယ်တာရာ၏လမင်းသခင်)(ကြယ်တာရာ၏လမင်းသခင်)Donde viven las historias. Descúbrelo ahora