ထိုသူနှင့်တွေ့ဆုံခြင်းဟာ
ကံကြမ္မာကဖန်တီး
လှည့်စားထားတဲ့
မျက်လှည့်သာသာပါဘဲ။မျက်စိလည် လမ်းမှားကာ
နဖူးစာ ရွာလည်သည်လို့ဘဲ
ဆိုရမလား။တွေ့ဆုံမှုတွေက လှခဲ့သလောက် အဆုံးသတ်ကတော့
အနားသတ်တို့ ပျက်ယွင်းကာ
ချို့ယွင်းနေခဲ့သည်။ထင်မှတ်ထားသည်နှင့်
လားလားမျှမသက်ဆိုင်တာကတော့
ရယ်စရာကောင်းလွန်းနေခဲ့သည်။တစ်နေ့သော
ရက်စွဲတစ်ခုက ဖြစ်ပေလိမ့်မည်။
အဲ့ဒီအချိန်တုန်းက
သူစိုးရိမ်လွန်းခဲ့တာပါ။joonဟာ သူမဟုတ်ဘဲ
တစ်ခြားတစ်ယောက်နဲ့
ငြိစွန်းသွားမှာကိုလေ။ကိုယ့်ချစ်သူကို သဝန်တိုမှုက
joonအတွက်ကတော့ စိတ်ရှုပ်စရာတဲ့
သူတို့နှစ်ဉီးမပြတ်ကြရုံတမယ်
စကားအချေအတင်များခဲ့ကြသည့်
ထိုနေ့ကိုတော့ သူဘယ်တော့မှ
မေ့မည်မဟုတ်။~~~~~~~~~~~~~~~~~~~~~~~~~
joonကိုထိုနေ့က
ကောင်မလေးတစ်ဉီးနှင့်
ရယ်မောပျော်ရွှင်နေသည့်ပုံရိပ်က
သူ့မျက်လုံးထဲက အခုထိမထွက်။ပွဲတစ်ခုမှာပါ။အနုပညာရှင်
အများစုနှင့်producerမီဒီယာသမားအနည်းစုနှင့်ကျင်းပသည့်
တွေ့ဆုံမိတ်ဆက် ပွဲလေးတစ်ပွဲပါ။စားပွဲအဝိုင်းရှည်တစ်ခု၌
ဗိုလ်ကပြားမလေးနှင့်joonတို့နှစ်ဉီး
joonကထိုမိန်းကလေးကို
စနောက်နေဟန်ရှိပြီထိုမိန်းကလေးကလဲ joonပြောသည့်စကားများကိုသဘောကျသလိုရီနေပြီ joonလက်မောင်းကိုလဲ
တဖက်ဖက်ရိုက်ကာရယ်နေသည့်ထိုမိန်းကလေးရဲ့အပြုံးက
တစ်ခြားသူတွေရဲ့အမြင်မှာတော့
ကမ္ဘာတစ်သိန်းချီကာ
တော်ဝင်နန်းထိုက်တဲ့
အလှမျိုးရှိတယ်ဆိုထားအုန်းjinအမြင်မှာတော့ ထိုမိန်းကလေးရဲ့အပြုံးနဲ့အလှဟာ ရုပ်ဆိုးကာ
အကျဉ်းတန်နေလိမ့်မည်။ထိုမိန်းကလေးရဲ့အပြုံးထက်
တစ်ဖက်လူရဲ့
သူအရမ်းသဘောကျရပါတဲ့
ပါးချိုင့်တွေခွက်ဝင်ကာ ပြုံးရီနေသည့်အပြုံးကသူ့အတွက်
Gentlemanဆန်ကာ
ပိုပြီကျက်သရေရှိနေလိမ့်မည်။
ESTÁS LEYENDO
My Cute Bodyguard(ကြယ်တာရာ၏လမင်းသခင်)(ၾကယ္တာရာ၏လမင္းသခင္)
Romanceဘဝကနာကျည်းချက်တွေဟာမင်းနဲ့တွေ့မှပြေပျောက်ခဲ့ရတာ ဒါကြောင့်မင်းကိုကျေးဇူးတင်တယ် Kim Seok jin အကိုကျွန်တော်ကိုကျေးဇူးတင်စရာမလိုပါဘူး အကိုသာကျွန်တော့်ကိုချစ်နေရင်ရပြီ ကျန်တာဘာမှမလိုဘူး Jeon Jungkook ဘဝကနာကျည်းချက်တွေဟာမင်းနဲ့တွေ့မှပြေပျောက်ခဲ့ရတာ ဒါကြော...