ဒီနေ့က
ရှု့တင်သွားရမည့်နေ့ဖြစ်တာကြောင့်
jinရဲ့မန်နေဂျာဖြစ်သူ
jungkookတစ်ယောက်
အလုပ်ရှုပ်နေလျှက်။Characterအသစ် ပုံစံအသစ်
အမြင်အသစ်တွေနဲ့မို့
မှားယွင်းမှုမရှိရလေအောင်
ဂရုတစိုက်လုပ်ဆောင်ရလေသည်။အလုပ်လုပ်တဲ့နေရာမှာ
စေ့စပ်သေချာတဲ့
jungkookကို ယုံကြည်စွာနဲ့ပဲ
jinကတော့ ဧည့်ခန်းက ဆိုဖာမှာ
မိန့်မိန့်ကြီးထိုင်ကာ
tvထိုင်ကြည့်နေလေ၏။jungkook ပြင်ဆင်မှုတွေ
ပြီးသွားတာနဲ့ တစ်ပြိုင်နက်
ရှု့တင်ကားလည်း
ရောက်လာခဲ့ပြီ သူတို့နှစ်ဉီး
ဝေယျာဝစ္စတွေ အပြီးလုပ်ကာ
အလုပ်သွားဖို့ပြင်ရပြန်လေသည်။ရှု့တင်ရောက် ပြန်တော့လည်း
မနားရပါ။သူတို့ရောက်ကြောင်းကို
ဒါရိုက်တာကို ပြောပြီတာနဲ့
ဇာတ်ကားရိုက်ဖို့ စရလေသည်။ရိုက်ကွင်းရှိရာ မနီးမဝေးမှာ
jungkookတစ်ယောက်ထိုင်ခုံတစ်လုံးနဲ့ထိုင်စောင့်နေလေသည်။jungkookတစ်ယောက်ထဲ
jinကိုငေးမောကြည့်
ထိုင်စောင့်နေတာမဟုတ်
ဘေးနားမှာလည်း သူ့နည်းတူ
မင်းသမီးရဲ့ မန်နေဂျာတစ်ဖြင့်
တစ်နည်းအားဖြင့် ကျွန်တော့်သူငယ်ချင်းလေးပါ ရှိနေလေသည်။ဘေးနားက တစ်ယောက်
သူ့မမကို ငေးကြည့်နေလိုက်တာ
အမြင်ကပ်စရာတောင်
ကောင်းလှလေသည်။အင်းပေါ့… ကျွန်တော်က
အကို့မျက်နှာကိုလေ
အာရုဏ်တက်ချိန်မှာ မြင်ခွင့်ရပြီ
အိပ်ရာဝင်ခါနီးတွင်လည်း
တွေ့မြင်ခွင့်ရသည်။သူ့ဘေးနားက
သူငယ်ချင်းမလေးကတော့
ဒီလိုအခွင့်အရေးမျိုးကို
ရချင်မှရနိုင်လိမ့်မည်ဖြစ်သည်။flat ballတစ်ယောက်
သူ့မမကို'ချစ်သူ့မျက်နှာတစ်ကမ္ဘာ'
ဆိုသည့်အတိုင်း ခပ်ပြုံးပြုံးလေး
ကြည့်နေလေသည်။ချစ်ရည်ရွှန်းလဲ့သည့် အကြည့်တွေနှင့်
ဝင်ပနေသည့် မျက်နှာက
အခြားသူများ၏ အမြင်မှာ
နှစ်ဖွယ်ရာကောင်းပေမဲ့လို့ကျွန်တော့်အတွက်ကတော့
ဖြတ်ရိုက်ချင်စရာ။အဲ့လိုပါပဲ သူများကြည်နူးနေတာကို
ကျွန်တော့်မှာ မရှု့စိတ်တွေ
ဖြစ်နေရသည်။
YOU ARE READING
My Cute Bodyguard(ကြယ်တာရာ၏လမင်းသခင်)(ၾကယ္တာရာ၏လမင္းသခင္)
Romanceဘဝကနာကျည်းချက်တွေဟာမင်းနဲ့တွေ့မှပြေပျောက်ခဲ့ရတာ ဒါကြောင့်မင်းကိုကျေးဇူးတင်တယ် Kim Seok jin အကိုကျွန်တော်ကိုကျေးဇူးတင်စရာမလိုပါဘူး အကိုသာကျွန်တော့်ကိုချစ်နေရင်ရပြီ ကျန်တာဘာမှမလိုဘူး Jeon Jungkook ဘဝကနာကျည်းချက်တွေဟာမင်းနဲ့တွေ့မှပြေပျောက်ခဲ့ရတာ ဒါကြော...