part27 unicode

305 40 3
                                    

ဘဝရဲ့ရောင်ခြည်နွေးလေးဟာ
အကိုနဲ့မှ ဖြစ်ပေါ်လာတာပါ
ကျွန်တော်ဟာလေ အကို့အနားမှာ
မနေရရင် မဖြစ်တဲ့
အခြေအနေတစ်ရပ် ဖြစ်ခဲ့သည်မို့
အကို့ဘက်ကနေ ကျွန်တော့်ကို
မီးနီးများ မပြလိုက်ပါနဲ့

အကို့ကို သိပ်ချစ်သည့်

jeon jungkook

☘☘☘☘☘☘☘☘☘☘☘

မှတ်စုရေးပြီး စာအုပ်ကို
ဗီရိုထဲထည့်သိမ်းထားလိုက်သည်။
ညကကျွန်တော် အိပ်လို့မပျော်ခဲ့ဘူးဗျာ
အကိုနဲ့ဝေးရမှာကြောက်ပြီ
အိပ်လို့မရခဲ့ခြင်း။

စိတ်ဖိစီးမှုဒဏ်ကြောင့် လူက
ညင်းစေးစေး ဖြစ်နေခဲ့သည်။

ကျွန်တော် ဖျားနေပြီ ထင်သည်။
ညက စိတ်ညစ်နေတာရော
ရေကိုအကြာကြီးချိုးလိုက်ရတော့ ခေါင်းက ခဲဆွဲထားသလို လေးလံကာ
ထိုင်းမှိုင်းနေသည်။

Jin"ကျွန်တော်
မန်နေဂျာအသစ်ပြောင်းချင်တယ်"

ceo"ဘာ! ဘာကိုအသစ်ပြောင်းမှာလဲ
jungkookနဲ့က ဘာဖြစ်လို့လဲ"

Jin"jungkookနဲ့ကအဆင်မပြေလို့
အဲဒါကြောင့်
မန်နေဂျာပြောင်းချင်တယ်"

အကိုသူ့ကိုအလုပ်ထုတ်ဖို့အတွက်နဲ့
အကိုကုမ္ပဏီကceoနဲ့
အငြင်းအခုန်လုပ်နေသည်။

အငြင်းအခုန်လုပ်တာထက်
အကိုကကျွန်တော့်ကိုသူ့အနားကနေ မရမကမောင်းထုတ်နေသလို။

အကိုကသာ အဆင်မပြေတာပါ
ကျွန်တော်ကတော့ အကို့နားမှာတောက်တက်လိုကပ်နေရလဲ အဆင်ပြေတယ်။
အကို့အနားမှာ ကျွန်တစ်ယောက်လို
နေရလဲကိစ္စမရှိဘူး အကို...

ceo"ပြောချင်တာက ငါကသူ့ကိုအလုပ်ထုတ်ရမယ်ပေါ့"

ဟုတ်တယ်ဆိုသည့်အနေဖြင့်
ခေါင်းငြိမ့်ပြကာအဖြေပေးမိတော့
ceoကခေါင်းခါလာသည်။

ceo"အကြောင်းပြချက်က ဒါလား?
အဆင်မပြေလို့ဆိုတဲ့
အကြောင်းပြချက်တစ်ခုထဲနဲ့
ပြစ်ချက်တစ်ခုတစ်လေမှ မရှိတဲ့သူကို မင်းပြောသလို
ငါကအလုပ်ထုတ်ပေးရမယ်ပေါ့"

My Cute Bodyguard(ကြယ်တာရာ၏လမင်းသခင်)(ကြယ်တာရာ၏လမင်းသခင်)Onde histórias criam vida. Descubra agora