part28 zawgi

144 12 1
                                    

ကျွန်တော် နာကျင်ရတာ
မထူးဆန်းပေမယ့်လို့
ထိုလူသားလေးကိုတော့
မနာကျင်စေချင်။

ပြီးတော့လေ ထိုလူသား၏အရှေ့မှာ
ကျွန်တော်၏ပျော့ညံ့နေသည့်ပုံစံကို
မြင်တွေ့သွားမှာ မလိုလား။

ထိုလူသားအတွက်
သန်မာနေတဲ့လူမဟုတ်ခဲ့ရင်တောင်
ပျော့ညံ့တဲ့လူမဖြစ်ချင် ဒါပေမဲ့
ကျွန်တော့်ဆန္ဒတွေ မပြည့်ဝခဲ့ပါဘူး။

-

-

ကျွန်တော်တို့နှစ်ဉီးနေရာအနှံ့
လျှောက်လည်ကြသည်။
ပျော်စရာကြီးပေါ့။ အကိုဟာ
သိပ်ချစ်ဖို့ကောင်းသည်။

ကျွန်တော့်အတွက် အကိုက
လက်ဆောင်ဆိုပြီ
cameraတစ်လုံးဝယ်ပေးခဲ့သည်။

သေချာတာပေါ့ အကိုဝယ်ပေးတဲ့
ဒီcameraကို အကို့ပုံတွေရိုက်ရင်းနဲ့သာ
အကျိုးရှိရှိအသုံးချသွားမည်။

Jin"ဘယ်လိုလဲ
cameraကိုသဘောကျလား"

Jk"အင်း သဘောကျပါတယ်
ဒါပေမဲ့ အကို့ထက်တော့မပိုဘူး"

အစကတော့ ပြောသည့် အဓိပ္ပာယ်ကို
နားမလည်သည့်အတွက် မျက်မှောင်းကျုတ်ကာ တွေးဝေသွားခဲ့သည်။

နောက်တော့မှ ဆိုလိုရင်းကို
သိရှိသွားခဲ့ပြီး
သူ့အပေါ်သက်ရောက်နေသည့်
ကျွန်တော့်အကြည့်တို့အား
ဖယ်ခွာလိုက်ပြီ
ဆိုင်အပြင်ထွက်ဖို့ကိုသာ
ဉီးတည်လိုက်သည်။

တစ်ဆက်ထဲမှာပဲ ထိုကောင်လေး
ဘာမှမစားရသေးတာကို
သိထားတာကြောင့် စားသောက်ဆိုင် တစ်ဆိုင်ဆိုင်မှာ တစ်ခုခုဝင်စားဖို့ ရွေးချယ်လိုက်သည်။

ဆိုင်အတွင်းရောက်တော့ ပြတင်းပေါက်နှင့်ကပ်လျက်
စားပွဲဝိုင်းမှာ
သူတို့နှစ်ဉီးထိုင်မိကြသည်။

နေ့လည်နေ့ခင်းဖြစ်သည့်အလျောက်
ဆိုင်အတွင်း
လူအတော်အတန်များသည်။

သူကပြတင်းနှင့်နီးတော့
နေရောင်ခြည်နှင့်လေနုအေးတို့က
ရိုက်ခတ်ကျီးစားသည်။

ထိုစဉ် ဖြစ်စဉ်တစ်ခုကိုအကျိုးရှိရှိအသုံးချလေ့ရှိသူက
cameraဖြင့်ခိုးရိုက်နေသည့်
ကောင်လေးကို သူသတိမထားမိ။
သတိမထားမိပေမဲ့ ပုံရိပ်ကတော့
cameraထဲမှာရောက်ရှိသွားခဲ့၏။

My Cute Bodyguard(ကြယ်တာရာ၏လမင်းသခင်)(ကြယ်တာရာ၏လမင်းသခင်)Tempat cerita menjadi hidup. Temukan sekarang