part 31 unicode

179 21 1
                                    

🚑…🚑…🚑…🚑…🚑…🚑…🚑…

ပျောက်သွားသည့်jinကိုရှာနေသည့်
jungkookတစ်ယောက်
လမ်းပျောက်နေခဲ့သည်။

ထိုစဉ် လူနာတင်ကားသံကို
ကြားရလေသည်။

စိတ်အစဉ်က ထိုအသံစီကိုသာ
ရောက်သွားခဲ့ပြီ။

အသံလာရာ အရပ်စီကိုလည်း
သွားချင်နေခဲ့သည်။

jungkookထိုအသံနောက်ကို
ယောင်လည်လည်သာ
လိုက်ပါသွားခဲ့သည်။

သို့သော် မီးခိုးတလူလူနဲ့
ကားယာဉ်တိုက်မှု
ဖြစ်ပွားရာကိုသာ တွေ့ရသည်။

လာခဲ့တာမှားပြီလို့ အတွေးတွေနဲ့
ထိုနေရာက ထွက်ခွါဖို့
ခြေလှမ်းပြင်လိုက်ချိန်မှာတော့

"ဒီမှာ ခဏဖယ်ပါအုန်းဗျာ့
လမ်းကိုပိတ်မထားပါနဲ့
ဒီလူရူးနေတာလား”

ဒီတစ်ခါစောနက
အမျိုးသမီးမဟုတ်တော့ဘဲ
နောက်ထပ်အမျိုးသားတစ်ဉီးကပါ
jinကိုဖယ်ခိုင်းဖို့ပြောနေသည်။

Jin"အဟင့်…အဖေ…အဟင့်…”

jinကတော့ 'အဖေ'ဟူသည့်
နာမကိုသာရေရွတ်တမ်းတနေစဲ။

"အဖေ? ဒီထဲမှာ
ခင်ဗျားအဖေရှိနေတာလား”

မေးတာလဲ မဖြေ ရှိုက်ပြီးတော့ပဲ
ငိုနေသည့်jinကို ထိုလူသည်လည်းလဲ
အရှုံးပေးသွားခဲ့လေသည်။

jungkookတစ်ယောက်
အမှုဖြစ်ပွားရာ နေရာကို
တရွေ့ရွေ့ချဉ်းကပ်သွားခဲ့ပြီ။

ထိုအထဲ၌ တစ်ယောက်ထဲ
ခန္ဓာကိုယ်လေး တုန်ရင်စွာ
ငိုကြွေးနေသည့် jinကိုတွေ့လိုက်ရတော့ သူ့ရင်ထဲမိုးချိုးပစ်လိုက်သလို
ထိတ်ခနဲ ဖြစ်သွားခဲ့သည်။

'အကိုက သွေးကြောက်…အား!!”

သွေးထွက်လွန်နေသည့်
လူတွေကိုကြည့်ပြီ
jinသွေးကြောက်တက်တာကို
သတိရသွားသည့် jungkookက
jinစီအပြေးအလွှာသွားကာ
ခန္ဓာကိုယ်တစ်ခုလုံးကို
ပြေးပွေ့ထားလိုက်သည်။

နဖူးနဲ့မျက်နှာတစ်ဝိုက်မှာလဲ
ချွေးစေးတွေပြန်နေခဲ့သည်။

Jk"အကို သတိထားပါဉီး!!
ကျွန်တော်ပြောတာကြားလား!”

မျက်နှာကိုပုတ်ကာ အသိကပ်စေခဲ့ပေမဲ့

My Cute Bodyguard(ကြယ်တာရာ၏လမင်းသခင်)(ကြယ်တာရာ၏လမင်းသခင်)Where stories live. Discover now