part25 zawgi

95 12 0
                                    

jinအသက်22ခန့်က
ထိုလူနဲ့စတင်တွေ့ရှိခဲ့သည့်အချိန်
အချစ်ဆိုတာဘာမှန်းမသိတက်ခဲ့တဲ့
သူ့ကိုမှလေညှင်းလေးတွေနဲ့
စတင်တိုက်ခိုက်ကာ
ချဉ်းကပ်လာခဲ့သည့်လူ။

နောက်ဆုံးထွက်သွားတော့မဆိုတော့လဲ
သူ့ဘဝကိုမုန်တိုင်းတစ်ခုလို
မွှေနှောက်ပြီတော့မှ
ထွက်ခွာသွားသည့်လူ။

သူ့ကိုချစ်တယ်ဆိုတာ
ပုံပြင်တစ်ပုဒ်လိုပြောကာ
ထားသွားခဲ့သည်။

လေညှင်းလေးတွေနဲ့
စတင်တိုက်ခိုက်ချိန်လေး~

jinတစ်ယောက် ရိုက်ကွင်းမပြီသေးခင်ကျောပိုးအိတ်တစ်လုံးနဲ့
ရိုက်ကွင်းထဲကခိုးထွက်လာခဲ့မိသည်
စတိုးဆိုင် တစ်ဆိုင်ရှေ့အရောက်

ထိုဆိုင်ရဲ့မှန်ဗီရို
showcaseတွေ၌ထားရှိသည့်
ဖန်လုံးများထဲမှာ
ရွှေအိုရောင်လခြမ်းလေးဘေးမှာ
တွဲလွဲခိုနေသည့်
ငွေရောင်ကြယ်လေးများ

သိုးကောင်လေးတွေကလဲတစ်ကောင်စနှစ်ကောင်စပါနေသေးသည် 
လုံးဝန်းသည့် မှန်ဖန်လုံးထဲမှာ
အရည်ကြည်တွေအပြည့်

သူ ထိုဖန်လုံးကို သဘောတကျနဲ့
ကြည့်နေခဲ့သည်။
သူ့မှာငယ်ငယ်လေးကတည်းက
လမင်းတို့ ကြယ်လေးတို့ဆိုရင်အရမ်း
သဘောကျကြိုက်နှစ်သက်ခဲ့သည်။

ဒါကြောင့်အန်တီ
bonganလုပ်ပေးထားတဲ့လခြမ်းပုံဆွဲကြိုးလေးတောင်
ထပ်ပျောက်သွားမှာဆိုးလို့ပင်
ထုတ်မဆွဲဖြစ်ခဲ့။

သူဆိုင်ထဲဝင်ကာ ထိုဖန်လုံးကို
ဆိုင်ကဝန်ထမ်းမလေးကို
ထုတ်ခိုင်းလိုက်တော့
showcaseမှန်ပေါ်တင်ပြလာသည့်
ဖန်လုံးလေးကိုတစ်ချက်ကြည့်ပြီ

Jin-"ဘယ်လောက်လဲ”

"ဝမ်တစ်သောင်းပါရှင့်”

Jin"ဟုတ် ဒါယူမယ်နော်”

အဲ့ဒီအချိန် အသံတွေကို
ကြားလိုက်ရသည်။

"kim seokjinပျောက်နေတယ် ရိုက်ကွင်းကနေခိုးထွက်သွားတာ
တွေ့အောင်သာ မြန်မြန်ရှာကြ!”

ဉီးထုပ်ကို ပိုပြီငိုက်ချလိုက်ပြီ
jinမှန်ပေါ်တင်ထားတဲ့
ဖန်လုံးကို ငွေချေဖို့မေ့ကာ
ယူပြီ ထွက်ပြေးလိုက်မိသည်။

My Cute Bodyguard(ကြယ်တာရာ၏လမင်းသခင်)(ကြယ်တာရာ၏လမင်းသခင်)Donde viven las historias. Descúbrelo ahora