part 11 Unicode

278 36 1
                                    

taeyungက သူပြောသလိုဘဲ
မလာတော့ဘူး ဒီနေ့နဲ့ဆို မလာတာ
ငါးရက်ရှိသွားပြီ jinကတော့
အမြဲမျှော်နေတာ taeyungမလာတဲ့
နေ့တွေကို မမေ့အောင် ရက်ဆွဲတွေနဲ့
သေချာမှတ်ထားခဲ့သည်။

taeyungပြောခဲ့တာတွေကိုတော့
jinတစ်ယောက် မမှတ်မိတော့
မမှတ်မိတာမဟုတ်ဘဲ
တမင်မေ့ထားတာပါ
မေ့ထားပါများတော့
မမှတ်မိတော့တာလေ

taeyungနဲ့လက်ထပ်ရတော့မယ်ဆိုတဲ့
အတွေးကိုဖျောက်ပျက်ထားတာပါ
ဒါပေမယ့်taeyungအတွက်တော့
jinအိမ်က
အမြဲတံခါးဖွင့်ထားခဲ့ပါသည်။

ကျွန်တော် vooကို လက်ထပ်ရမှာ
ကြောက်လို့တော့မဟုတ်ပါဘူးvooကို
လက်ထပ်လိုက်ရင်
ကျွန်တော့်အတွက်
ပိုပြီတော့အဆင်ပြေပါသည်။

ကျွန်တော်
တစ်ကိုယ်ကောင်းမဆန်ချင်ပါဘူး
ကျွန်တော့်အခြေအနေ
ကျွန်တော်ဘဲသိတာမို့
vooကမသိဘူးလားဆိုတော့ မဟုတ်
သူကပိုသိပါသည်။

ကျွန်တော့်အကြောင်းကို
ကျွန်တော့် ထက်ပိုသိတဲ့လူပါ
vooသာကျွန်တော့်ကို
လက်ထပ်လိုက်ရင်
သူအလုပ်ပိုရှုပ် သွားလိမ့်မယ်

ကျွန်တော်မှတ်ဉာဏ်
ပြန်ဖော်ပေးရတာနဲ့ ပြီးတော့
တခြားကိစ္စအကြီးကြီးလည်း
ရှိသေးတော့
တစ်ခြားလူတွေထက်ပိုပြီ
အလုပ်ရှုပ်မှာသေချာသည်။

jinတစ်ယောက်သူ့အခန်းမှာ
ပြတင်းပေါက်ကို ကြည့်ပြီ
အတွေးများနေစဉ်

ဒေါက် ဒေါက် ဒေါက်

တံခါးခေါက်သံကြောင့်
အထဲကနေဘဲ အသံပေးလိုက်တော့
jungkookတစ်ယောက်
အထဲဝင်လာခဲ့သည်။

ကျောပြင်ကျယ်ကြီးကိုဘဲ မြင်နေရပြီ
မျက်နှာကပြတင်းပေါက်ကို
လှည့်ထားတာကြောင့်မမြင်ရ
jinအနားကို သွားလိုက်တော့
မျက်နှာကို
သေချာမြင်ရပေမဲ့ ကြားလိုက်ရတဲ့
သက်ပြင်းချသံကြောင့်

jinစိတ်ညစ်နေမှန်း သိလိုက်ပါပြီ
အကိုက အခုရက်ပိုင်း
မျက်နှာကသိပ်မလန်း အကိုtaeyung
ရောက်မလာတော့ကတည်းက
မျက်နှာကညိုးကျနေခဲ့သည်။

ဒါမှမဟုတ် ဟိုတစ်နေ့က
အကိုtaeyungပြောလိုက်တဲ့
စကားကြောင့်မို့လို့လားတော့မသိ

My Cute Bodyguard(ကြယ်တာရာ၏လမင်းသခင်)(ကြယ်တာရာ၏လမင်းသခင်)Tempat cerita menjadi hidup. Temukan sekarang