Part 1

28.6K 955 17
                                    

Unicode
(Title ပြောင်းထားတယ်ရှင့်၊ Title တူတာရှိတယ်ဆိုလို့ပါရှင်)


ကားလမ်းဘေးကနေ လူကုံထံအသိုင်းအဝိုင်းတွေနေတဲ့ လမ်းမှာ ဝေလီဝေလင်း သားအဖနှစ်ယောက်က ပုံမှန်လေးပြေးနေကာ စကားပြောနေသည်။ ထည်ဝါ မနက်ပိုင်းသားနဲ့ပြေးပြီးပြန်လာချိန် ပါးပါးက မနက်စာပြင်နေ၏။ သားက ၃ နှစ်သားလောက်ထဲက သူထပြေးတိုင်း သူ့ဂုတ်ပေါ်ခွလိုက် နေကြဆိုတော့ ဒါကအကျင့်ဖြစ်သွားပြီး သူပြေးနိုင်တဲ့အချိန်ကစပြီး သူနဲ့လိုက်ပြေးသည်။ မူလတန်းအရွယ်တုန်းကဆိုရင် ထည်ဝါက သားကိုစောင့်ပြီးပြေးရတာ။ ဝတ်စုံပြည့်ကိုရောင်စုံဝမ်းဆက်တွေဝယ်ပေးထားတော့ သားကနေ့တိုင်းမထပ်အောင်ဝတ်ပြီး လိုက်ပြေးတာ။ သူနဲ့သားပြေးတိုင်း ပါးပါးလုပ်သူက ထပြီးမနက်စာပြင်ဆင်ပေးတော့သည်။ အိပ်နေဆိုလည်းမရ။ သားအတန်းတဖြည်းဖြည်းကြီးလာတာနဲ့ ပါးပါးက ပိုပင်ပန်းတော့တာဖြစ်သည်။ သားစာကြည့်ရင် ဘေးကနေသားအတူလိုက်ပြီး စာကြည့်ပေးကာ သားစာကြည့်ပြီးမှ သားနဲ့အတူအိပ်တာ။ တစ်ခါတစ်လေ သားကိုသိပ်ပြီးသူက မအိပ်သေးပဲ သားဝေယျာဝိစ္စကိုလုပ်နေသေးတာ။ ထည်ဝါ အလုပ်ကိစ္စပြီးလို့ အိပ်ရာဝင်ချိန် ၁၁ နာရီ ဆိုတာနဲ့ ပါးပါးကိုမရမက အိပ်ခိုင်းရတော့တာ။ ဒါတောင် ဟိုဟာလုပ်ဖို့ကျန်သေးတယ်၊ ဒီဟာလုပ်ဖို့ကျန်သေးတယ် ပြောချင်သေးတာဖြစ်သည်။

“ဖေဖေ ကျန်ခဲ့ပြီ”

“ဟုတ်ပါ့ကွာ၊ ဖေဖေကသားကိုတောင် မှီအောင်ပြေးမလိုက်နိုင်တော့ဘူး”

“ဟုတ်ဘူးနော်၊ ဖေဖေက သားကိုအလျော့ပေးနေတာမဟုတ်လား”

“ဘယ်လိုသိသွားတာလဲ”

“သားက ပါးပါးသားပဲ ဒီလောက်တော့သိတာပေါ့”

ထည်ဝါသားကိုကြည့်ရယ်လိုက်သည်။ တကယ်သားက သူမသိတာမရှိဘူး။ ဖေဖေနဲ့ပါးပါးအကြောင်းကို သူသာအသိဆုံး။ ပါးပါးစိတ်ကောက်ချင်ရင်လည်း အဖေထက်သူအရင်သိ။ ဖေဖေ့ကိုပါးပါးစိတ်ကောက်နေပြီ ချော့လိုက်အုန်းကတမျိုး၊ ဖေဖေတော့ သွားပြီဆိုတာက တစ်မျိုးနဲ့ မရိုးရအောင် သူ့ကိုပြောနေတာ။ ၃ နှစ်အရွယ်ကလိုက်ပြေးတဲ့သားက အခုတော့ ၁၃ နှစ်တောင်ရှိနေပြီဖြစ်ပြီး ၇ တန်းတက်နေပြီ။ အရပ်ကလဲ မိုးထိုးနေတာ။ ဒီသားတစ်ယောက်ကို သူတို့မှာဝိုင်းချစ်လိုက်ရတာ။ သူတို့မိသားစုရဲ့ အသက်လေးပင်။

“သား ဒီမှာပဲ ကျောင်းတက်ချင်လား နိုင်ငံခြားမှာ သွားတက်ချင်လား”

“သား ဖေဖေနဲ့ပါးပါးကိုမခွဲနိုင်ဘူး ဒီမှာပဲတက်မှာ”

“သား သဘော”

ဒီကိစ္စသားကို မမေးခင် သူသားပါးပါးကိုမေးပြီးသားဖြစ်သည်။ သားပါးပါးက သားကို နိုင်ငံခြားမှာ ကျောင်းထားမလားမေးထဲက မျက်ရည်လေး စမ်းစမ်း စမ်းစမ်းနဲ့ မခွဲနိုင်ဘူးအော်နေတာ။ သားကို နိုင်ငံခြားမှာမထားဘူး ရင်အုပ်မကွာထားမှာဆိုပြီး သူ့ကိုပြေနေတာ။ သားကိုပါ အကဲစမ်းပြီး မေးလိုက်တော့ သားကိုယ်တိုင်ကလည်း မတက်ချင်ဘူး မခွဲနိုင်ဘူးတော့ သားသဘောပေါ့။ သားပါးပါးပင်ပန်းအုန်းမှာ သူမြင်ယောင်နေတော့သည်။

အိမ်ပြန်ရောက်တာနဲ့ သားက သူ့ထက်အရင်အိမ်ထဲကိုပြေးဝင်သွားသည်။

“ပါးပါး Morning!”

“Morning ဗျာ၊ ပြန်လာပြီလား”

ပိုးသား နောက်ကလာဖက်တဲ့သားကိုမေးလိုက်သည်။ သားက သူ့အရပ်ကိုမှီနေပြီဖြစ်ကာ လာမယ့်နှစ်ဆိုရင် သူမော့ကြည့်ရတော့မှာ။

“ပြန်လာပြီ ပါးပါး၊ မနက်စာ ဘာလဲပါးပါး”

“ကောက်ညှင်းပေါင်းနေတာ ဖေဖေရော”

“ဖေဖေဒီမှာပါဗျာ”

ထည်ဝါ မီးဖိုချောင်ထဲဝင်လာရင်း ဖြေလိုက်သည်။ သားက သူ့ပါးပါးကိုနောက်ကဖက်ပြီး ချွဲနေတာဖြစ်၏။ 

“ပါးပါးကလည်း သားတစ်ယောက်လုံးလာတာကို ဖေဖေ့ကိုမေးသေးတယ်”

“မဟုတ်ပါဘူး၊ ဖေဖေ ကျန်ခဲ့လားလို့ပါ”

“ကျန်ခဲ့မလား သားနဲ့အတူတူပြေးတာကို”

“ဟုတ်ပါပြီ ပါးပါးမှားပါတယ် ဟုတ်ပြီလား လာပါအုန်း သားလေးကိုနမ်းအုန်းမယ်”
သားကသူ့ပါးပါးဆိုအရမ်းချစ်တာဖြစ်ပြီး ဟိုကသားလေးကိုနမ်းအုန်းမယ်ဆိုရင် ပါးကိုထိုးပေးသည်။ တခြားသူနမ်းမယ်ဆိုရင် ငယ်ငယ်တုန်းကလို ပေးမနမ်းတော့ပေ။

“ရေသွားချိုးအုန်းမယ် ပါးပါး”

“အင်း မြန်မြန်ချိုးနော် ပါးပါးမဆူချင်ဘူး”

“ဟုတ် ပါးပါး၊ ဖေဖေ ပါးပါးနားကပ်မနေနဲ့ ရေသွားချိုးတော့”

“ဟ ဖေဖေ့က ပါးပါးနားကပ်ရမှာပဲလေ”

“မရဘူးနော် မကပ်နဲ့ ပါးပါးကဖေဖေ့ကိုအကပ်မခံနဲ့နော်”

“အင်းအင်း အကပ်မခံဘူး သွားသွားရေမြန်မြန်ချိုး”

“သား အားလုံးသိတယ်နော်”

အပေါ်တက်သွားရင်း အော်သွားသေးတာဖြစ်သည်။ သူ အနားမှမရှိပေမယ့် အားလုံးသိတယ်ပေါ့။ နည်းနည်းလေးကြီးလာတာနဲ့ ထည်ဝါမှာ ပါးပါးကိုသားနဲ့ပြိုင်လုနေရတော့တာဖြစ်၏။

ရွှတ်!

“ကိုကို ရေမချိုးရသေးဘူး လိုက်မနမ်းနဲ့ သွား ရေသွားချိုး”

“မင်းသားမရှိတုန်း နမ်းရတာ”

“အပိုတွေ သားက အမြဲအနားမှာရှိတာမှမဟုတ်တာ”

“ဘာဖြစ်ဖြစ်ကွာ၊ တွေ့လား သားအကြိုက် ကောက်ညှင်းပေါင်းထဲမှာအုန်းသီးထည့်ပေးထားသေးတယ်”

“ကဲ ကိုကို၊ ကိုကိုကြိုက်တာရော မပါလို့လား”

“ပါတယ် ရွှတ်! ရေသွားချိုးတော့မယ်”

ပိုးသားမှာ သားအတန်းကြီးလာတာနဲ့ပိုဂရုစိုက်နေရသည်။ ကိုကိုကသားကို နိုင်ငံခြားမှားထားချင်သေးတာ။ သူကတော့မထားချင်ပါ။ ကလေး ငယ်ငယ်လေးကို အဝေးမှာသွားထားရမှာလေ။ ပြီးတော့ သားကိုသူနဲ့ဝေးဝေးမှာ ထားဖို့ဆိုတာမဖြစ်နိုင်ပါ။ ငယ်ငယ်လေးနဲ့သားကို အဲ့လို လက်လွတ်စပယ်တခြားနိုင်ငံကိုလွှတ်လိုက်စရာလား။

ရေချိုးခန်းထဲမှာ ရေချိုးနေတဲ့ အလယ်တန်းကျောင်းသား ဂုဏ်ရှိန်မြင့်မိုရ်ကြိုင်ကတော့ အလယ်တန်းရောက်တဲ့အချိန်မှာ ရေကန်ထဲဝင်ပြီး ရေမချိုးတော့ပေ။ ရေပန်းအောက်မှာဝင်ပြီးရေချိုးသည်။ အလယ်တန်းဆိုပေမယ့် အဖေတူတဲ့သားက အဖေ့ထက်ပိုပြီး အရပ်ရှည်မှာဆိုတာ မိသားစုတွေအားလုံးပြောနေကြတာဖြစ်သည်။ အလယ်တန်းနဲ့ကလန့်ကလားဖြစ်နေတဲ့သူက သဘောကျနေတဲ့ သူ့ထက်အတန်းကြီးတဲ့ တစ်ယောက်ရှိ၏။ ဒါပေမယ့် အတန်းငယ်တုန်းဖြစ်လို့ သူက အဲ့တစ်ယောက်ကို သဘောကျတဲ့အဆင့်မှာပဲ ထားသည်။ သဘောကျတဲ့အဆင့်မှာမထားပဲ သူသာလှုပ်ရှားကြည့် ပါးပါးနဲ့တွေ့တော့မှာ။ ၇ တန်းရောက်တဲ့သူက ဖေဖေနဲ့ပါးပါးနဲ့အတူတူမအိပ်တော့ပဲ သပ်သပ်တစ်ခန်းယူထားတာဖြစ်သည်။ ဒါပေမယ့် အိပ်တဲ့အချိန်အထိ ပါးပါးအထိအတွေ့နဲ့လွတ်သွားတဲ့ရက်မရှိသေး။ ပါးပါးအသားနဲ့ထိနေမှ အိပ်ပျော်တာဖြစ်သည်။ အဲ့ဒါကြောင့်လည်း ပါးပါးက ညတိုင်းသူစာကြည့်တဲ့ဘေးမှာ ငြိမ်ငြိမ်လေး အိမ်သားတစ်ယောက်ယောက်အတွက် အင်္ကျီ၊ သဘက် အဲ့လိုမျိုးလေးတွေကိုထိုးရင်း စောင့်ပေးသည်။ သူစာကြည့်ပြီးလို့ အိပ်မယ်ဆိုရင် ပါးပါးက အလိုက်တသိ သူ့ကိုအိပ်ရာပေါ်မှာ ဖက်ထားပြီးသူအိပ်ပျော်အောင်သိပ်သည်။ သူကလည်း အဲ့ထိအချိန်ဆို ပါးပါးရင်ခွင်ထဲ ခေါင်းတိုးဝင်ကာ ပါးပါးကျောကိုပွတ်သပ်ပေးနေတာကို ဇိမ်ခံရင်းနဲ့အိပ်ပျော်သွားတာဖြစ်သည်။

ဒေါက်ဒေါက်

“သား မြန်မြန်လုပ်လေ ပါးပါးကိုပြောသွားတော့ မြန်မြန်ချိုးမယ်ဆိုပြီးတော့နော်”

ချပ်!

“ပြီးပြီ ပါးပါး”

“ခေါင်းကလဲ နေတိုင်းပဲ လျှောက်နေတာပဲ လာဒီကို ပါးပါးသုတ်ပေးမယ်”

“သား သုတ်လိုက်မယ်ပါးပါး၊ ပါးပါးရေသွားချိုးတော့”

“ပါးပါးသားလေးတောင် ဒီအရွယ်လေးရောက်နေပြီ၊ ကလေးလေးကနေကြီးလာတာ မနေ့တနေ့ကလိုပဲ”

ဒါက ပါးပါးသူ့ကိုပြောနေကျစကားပင်။ သူကိုယ်တိုင်လည်း ကလေးဘဝကိုသဘောကျသည်။ ဖေဖေပြေးရင်း ဖေဖေ့ဂုဏ်ပေါ်ခွထိုင်ပြီး လိုက်ခဲ့တာကိုလွမ်းသည်။ သူ့ကိုဂုဏ်ပေါ်တင်ပြီးခွထားတဲ့ ခြေနှစ်ချောင်းကိုကိုင်ကာ ဖေဖေပြေးတိုင်း သူကဖေဖေ့ဆံပင်တွေကိုဆွဲထားပြီး တခစ်ခစ်နဲ့တောက်လျှောက်ရယ်လိုက်တာမလား။ ဒါတွေကိုသူတိတိကျကျမှတ်မိနေတာဖြစ်သည်။ အဲ့ပုံတွေလည်း အယ်လ်ဘမ် ထဲမှာရှိသည်။ အားလုံးက ဖေဖေ့လက်ချက်ပင်။ အယ်လ်ဘမ်တင် ဗီဒိုတစ်လုံးထားလို့ရလောက်အောင်ဖေဖေက သူငယ်ငယ်တုန်းကပုံတွေအများကြီး ရိုက်ယူပြီးထည့်ထားတာ။

ရေချိုးရေသုတ်ပြီးတာနဲ့ အိမ်နေရင်းဝတ်ဖို့ jogger pants တစ်ထည်နဲ့တီရှပ်အပွကိုယူဝတ်ကာ အောက်ဆင်းခဲ့သည်။ ဖေဖေနဲ့ပါးပါး ရောက်မလာသေးပဲ ဖွားဖွားပဲရှိသည်။

“ဖွားဖွား Morning!”

“ဟုတ်ကဲ့ပါရှင်၊ ရေချိုးပြီးပြီလား”

“ပြီးပြီဖွားဖွား”

“ဒီနေ့ ပိတ်ရက်ဆိုတော့ ဘာအစီအစဉ်ရှိတုန်း”

“ဖွားဖွားကြီးနဲ့ဖွားဖွားတို့အိမ်ဘက်ကိုသွားမယ်လေ ဖွားဖွား”

“သွားစရာမလိုဘူးရှင် ဒီဖွားဖွားကြီးကလာပြီ”

ဖွားဖွားကြီးကိုတွဲပြီး ဖွားဖွားကဝင်လာတော့သည်။ ဂုဏ်ရှိန်မြင့်မိုရ်ကြိုင်ထသွားလိုက်ပြီး တွဲလိုက်ကာ

“ဟာ ဖွားဖွားကြီးကလည်း သားက ဖွားဖွားကြီးဆီလာကြည့်မှာပေါ့ ဘာဖြစ်လို့အပင်ပန်းခံရတာလဲ”

“အမလေး ဒီအပြောလေးနဲ့ပဲလုပ်စားလာတာ ဂုဏ်ရှိန်မြင်မိုရ်ကြိုင်က ဒီအပြောလေးနဲ့လုပ်စားနေတာ”

“ဖွားဖွားကြီးကလဲ”

“မြေးလေး မြေးဖေဖေတို့ရော”

ဖွားဖွားက သူ့သားနဲ့သမက်ကိုမတွေ့တာနဲ့မေးတော့သည်။

“ရှိတယ် ဖေဖေရေချိုးဖို့တက်သွားပြီး မကြာဘူး ပါးပါးကတက်သွားတယ်၊ ခုထိနှစ်ယောက်လုံး ပြန်ဆင်းမလာသေးဘူး”

မြေးက အလိမ္မာလေးဖြစ်သည်။ ဒါကလဲ ပါးပါးလုပ်သူ မြေးလေးပိုးသားကောင်းလို့။ သူ့အဖွားနဲ့သူ့အဖေနဲ့သာထားကြည့် ဖအေထက်စောင်းနေအုန်းမှာ။ ဒီဖေဖေနဲ့ဒီပါးပါးက မွေးထားတဲ့မြေးက အချောလေးဖြစ်ပြီး အဖေလုပ်သူထက်အရပ်ကပိုရှည်နေတော့သည်။ သိပ်မကြာဘူး အပေါ်ကဆင်းလာတဲ့ ဖေဖေနဲ့ပါးပါး။

“ဖွားဖွား ရောက်နေတာလား”

“ဟုတ်ပ”

“ဖွားဖွားကနားနားနေနေ နေလေ၊ ကျွန်တော်တို့လာခဲ့မှာပေါ့”

ထည်ဝါ ဝင်ပြောလိုက်သည်။ ဖွားဖွားက အသက်ရလာပြီဖြစ်၏။ အရင်လို လက်ယားလက်ယား လုပ်လိုက်ကောင်းတာမဟုတ်တော့။ ဘယ်လိုပဲ ကားနဲ့သက်တောင့်သက်သာ လာလာ အသက်ကြီးလာတာနဲ့အမျှ နားနားနေနေ နေသင့်သည်။

“ကျမ ကျန်းမာရေးက အကောင်းကြီးပါတော်၊ ဒီအသည်းကျော်လေးကို မတွေ့ရရင်မနေနိုင်ဘူး၊ အဲ့ဒါကြောင့် ပိတ်ရက်နဲ့တိုက်လာခဲ့တာ”

“ဖွားဖွားမလားလဲ ဒီအသည်းကျော်လေးက လာခဲ့ဖို့ စဉ်းစားထားတာဗျာ”

“အမလေး အလည်လေး တကယ့်အလည်လေး”

ဖွားဖွားက သူ့မြေးကိုအသည်းယားနေတော့သည်။ သားကလည်း တကယ့်အလည်လေးပင်။ ၇ တန်းသာ ရောက်နေတာ ပတ်ပြီး ညာစားပြီး ချွဲနေတုန်း။ ဒီအရွယ်ကြီးနဲ့တစ်ခါတစ်လေ သူ့အမျိုးသား သေးသေးလေးရဲ့ ရင်ခွင်ထဲဝင်တိုးလို့တိုးနဲ့ဖြစ်သည်။ ဖွားဖွားကတော့ သူ့အမျိုးသားလေး ဘာလုပ်လုပ် သဘောကြီးပဲ။ သားကို နိုင်ငံခြားမှာ သွားထားဖို့ တိုင်ပင်တုန်းကလည်း မြေးလေးမထားချင်မထားနဲ့၊ မြေးလေးစိတ်တိုင်းကျဆိုပြီး ပြောခဲ့သေးတာ။ နှစ်ဖက်စလုံးမှာ သားပဲရှိတာဆိုတော့ ဒီသားလေးတစ်ယောက်ကိုပဲ အားလုံးက ဝိုင်းချစ်နေကြတာ။ အိမ်က ဝါဝါတို့ အန်တီတို့ဆိုရင်လည်း သားအတွက်သာ ပထမ ဦးစားပေး။ ဒါပေမယ့် ခက်တာက သားကအခုထိ သူ့ပါးပါး လက်နဲ့ထိတွေ့ပြီးမှစားတာ။ အဲ့လိုသားရွေးလေ ပါးပါးပင်ပန်းလေဖြစ်သည်။ အခုလည်း ဖွားဖွားနဲ့ထိုင်ပြီး မေမေနဲ့မာမီကို ချွဲနေတာဖြစ်သည်။ ထည်ဝါ မီးဖိုချောင်ကိုဝင်သွားလိုက်ကာ နေ့ခင်းနေ့လည် သွားရည်စာလုပ်နေသူကို နောက်ကသွားဖတ်လိုက်သည်။

“နားနားနေနေ နေပါအုန်းကွာ”

“ကိုကို မဖက်နဲ့ အပူဟပ်အုန်းမယ် သွားထိုင်နေသွား”

“ကိုကို့ကို တစ်ယောက်မှ မမြင်ကြဘူး၊ သူတို့မြေးနဲ့ပဲ ပျော်ပါးနေကြတယ်၊ ကိုကိုက အဖော်မဲ့နေတာ၊ ကိုကို့ကိုဂရုစိုက်တာဆိုလို့ ဒီက ကိုကို့ကလေးပဲရှိတယ်”

“အပိုတွေ သွား”

ပိုးသားနှာခေါင်းရှုံ့လိုက်ပြီး ကိုကို့ကိုရယ်ပြီးကြည့်လိုက်သည်။ သား စကားတတ်တာ ကိုကို့ဆီကပဲဖြစ်သည်။

“သားတောင် ကိုကို့လောက်စကားတတ်ရဲ့လား၊ ချွဲပလဲနေတာပဲ”

“ဟင် ကိုကိုက ချွဲလို့လား”

“ချွဲတာမှ သားထက်တောင် ပိုသေးတယ်”

ထည်ဝါ နောက်ကဖက်ထားတာကို လွှတ်မပေးပဲ ဘေးကိုမျက်နှာစောင်းကာစောင်းကာပြောနေသူရဲ့ ပါးကိုနမ်းလိုက်သည်။ သာကူပြင်ကို ရောင်စုံလေးတွေလုပ်နေတာဖြစ်ပြီး၊ တစ်ဖက်ကလည်း မုန့်ကြာစေ့သာကူကို ကန်စွန်းဥဝါဝါလေးတွေ ထည့်ကာ လုပ်နေသည်။ သာကူပြင်လုပ်ဖို့ လုပ်နေတဲ့ ပါးပါးကတော့ နောက်က ကိုကို့ကိုသိပ်စိတ်မရှည်တော့ပေ။ သူ့မှာအစားအသောက်ထဲထည့်တဲ့ အရောင်ဆိုးဆေးထည့်ဖို့ လုပ်နေတာကို နောက်ကနေ သူ့အရပ်ကြီးနဲ့လူကိုမှီပြီး ပုခုံးပေါ်မေးတင်နေတာ။

“ကိုကို ဖယ်အုန်း”

“မဖယ်ဘူးကွာ ဒီအတိုင်းလုပ်”

“မရဘူးလေ”

သာကူကိုနွားနို့နဲ့သကြားထည့်ကြိုထားတာက ပွက်နေပြီ။ အရောင်ဆိုးဆေးကို အရောင်စုံအောင်ခွဲထည့်ဖို့ပြီး သိပ်မကြာခင်ချရမှာကို နောက်နေ မှီနေတာဖြစ်သည်။ ပိုးသား နောက်ကိုအတင်းဆုတ်လိုက်ပြီး ရှေ့ကိုမြန်မြန်ပြန်တိုးက ရုန်းထွက်လိုက်သည်။

အင့်!

ထွက်လို့မရပဲ ကိုကို့က ထပ်ချပ်မကွာပြန်ပါလာပြန်သည်။

“ကိုကို ဖယ်တော့၊ နေ့လည်ဘက် သွားရည်စာကနေ နောက်နေ့မှစားရတော့မယ်ဖြစ်ကုန်မယ်”

“ဖေဖေ့!”

ထည်ဝါ စိတ်ထဲကနေ အင်းကနဲပြောမိသွားသည်။ သားတော်မောင်ရောက်လာပါပြီ။

“ခင်မျာ”

“ပါးပါး သားစားဖို့ လုပ်နေတာကို ဝင်မရှုပ်ပါနဲ့ ဖယ်ပေး”

တကယ်ပါပဲ ဒီသားနဲ့ဒီပါးပါးကတော့။ ထည်ဝါ ဖက်ထားတာကိုဖယ်လိုက်တာနဲ့သားက ချက်ချင်း သူ့ပါးပါးကိုပြေးဖက်သည်။

“ပါးပါး ပြီးတော့မှာလား”

“ပြီးတော့မှာ သားဖေဖေရှုပ်နေလို့ကြာနေတာ”

ဂုဏ်ရှိန်မြင့်မိုရ်ကြိုင် သူ့ဖေဖေ့ဘက်ကိုလှည့်လိုက်သည်။

“ဖေဖေ အပြင်ထွက်တော့”

“ဟာ ဖေဖေက ပါးပါးကို လာကူနေတာကို ဘယ်ကိုအပြင်ထွက်”

“ဖေဖေက ကူနေတာမဟုတ်ဘူး၊ ပါးပါးကိုလာရှုပ်နေတာ၊ သားသိတယ်နော်၊ ဖေဖေ့ကို ဖွားဖွားကြီးခေါ်နေတယ်”

“အိုကေ အိုကေ မင်းတို့သားအဖနှစ်ယောက်ပဲ ချစ်ကြည်နူးကြပါ သွားပြီနော် ပါးပါးသွားပြီနော်”

ကိုကိုထွက်သွားတော့ သားက သူနဲ့ကျန်ခဲ့သေးတာဖြစ်သည်။

“ပါးပါး သား ဘာကူလုပ်ရမလဲ”

“ထိုင်နေပါဗျာ၊ ပြီးပါပြီနော်”

“မပြီးသေးပဲနဲ့ ဒီအရောင်လေးတွေထည့်မှာမလား သားတစ်ရောင်ချင်းဆီ ထည့်ပေးထားမယ်”

သားက သူ့ဘာလုပ်နေတာလဲကို ကြည့်ကာ ချက်ချင်းသဘောပေါက်ပြီး သာကူပြင်လုံးလေးတွေ အရောင်စုံထည့်ဖို့သူ့ထက်ရှေ့ပြေးအရင် ပန်းကန်လုံးသေးလေးတွေထဲ ထည့်ပေးတော့သည်။ ပိုးသား အရောင်လေးတွေထည့်ပြီးတစ်ရောင်ပြီးတစ်ရောင် ကိုလင်ပန်းဇောက်လေးထဲ တစ်ကန့်ပြီးတစ်ကန့် ထည့်လိုက်ကာ အအေးခံဖို့ ရေခဲသေတ္တာထဲထည့်လိုက်သည်။ သားက သူလုပ်သမျှကို အသေးစိတ်လိုက်ကြည့်နေ၏။ ပြီးတာနဲ့ သားကူကြိုထားတာကိုကြည့်ရသေး၏။ သားကူကြိုတာ ရတာနဲ့မီးပိတ်လိုက်ကာ

“မုန့်ကြာစိ သာကူက စားလို့ရပြီ၊ သာကူလုံးကတော့ စောင့်ရအုန်းမယ်၊ မမ ဝါဝါကို သွားခေါ်လိုက်၊ အော်နေအုန်း ဖွးဖွားကြီးကို နှိပ်ပေးနေတာလား”

“မနှိပ်ဘူး ဝါဝါက လိုက်ယောင်နေတာ”

“ဝါဝါလို့မခေါ်ရဘူးလေ သား၊ မမထည့်ခေါ်လေ”

“ဟုတ်”

သားက စကားပြောတာ တစ်ခါတစ်လေ ကိုကို့သွေးအပြည့်။ သူ့မှာလိုက်ထောက်နေရသည်။ ကျောင်းမှာလည်းအခုထိ တိုင်ပင်ဖော်တိုင်ပင်ဘက် သူငယ်ချင်းရပြီလားမေးရင် တိုင်ပစ်စရာမလိုဘူးလေ ပါးပါး၊ ဒီအတိုင်း စကားတော့ပြောပါတယ်တဲ့လေ။ တစ်တန်းထဲ သူငယ်ချင်းအချင်းချင်းစကားပြောဖို့တောင် သူပြောထားလို့ရယ်။ မဟုတ်လို့ကတော့ သားက စကားပြောမှာမဟုတ်။ သားအပြင်ထွက်သွားပြီး ဝါဝါပါလာတော့သည်။

“အစ်ကိုလေး ခေါ်တယ်ဆိုလို့”

“အင်း သာကူ ပန်းကန်လေးတွေ ရှေ့ကိုသယ်ပေးအုန်း”

“ဟုတ် အစ်ကိုလေး၊ အစ်ကိုလေးက ဝါဝါလုပ်မယ်ဆိုတာကို ပေးမှမလုပ်ပဲ”

“ဝါဝါရယ် မင်းတူအကြောင်းမသိတာလဲမဟုတ်ပါဘူး”

“ဟုတ်ပ သားလေးကချေးများတယ်နော်၊ ပြီးတော့ အစ်ကိုလေးလက်ရာကို ဘယ်လိုမှတ်ထားနိုင်ရတာလဲမသိဘူး”

ဝါဝါက စကားကိုတီးတိုးရေရွတ်ရင်း သူထည့်ပေးထားတဲ့သာကူပန်းကန်လေးတွေကို လင်ဗန်းနဲ့အိမ်ရှေ့သယ်ထုတ်သွားသည်။ သားကတော့ သူ့ခါးကိုဖက်ကာ ချွဲပြီးလိုက်၏။

“ပါးပါး အကောင်းဆုံး”

“မင်း ငါ့ယောက်ျားကို ချွဲတာများနေပြီ ဂုဏ်ရှိန်မြင့်မိုရ်ကြိုင်”

“ဟင် ဖေဖေ့ယောက်ျားမေးကြည့်ပါအုန်း ဘယ်သူ့ကိုအချစ်ဆုံးလဲလို့”

“ကလေးပြော ဘယ်သူ့ကိုအချစ်ဆုံးလဲ”

“သားလေး ပါးပါးသားလေးကို အချစ်ဆုံး”

“တွေ့လား ကရော်ကရော်၊ သားအပြင်က မုန့်တွေစားလို့မရဘူး ပါးပါးလုပ်ပေးတဲ့ သွားရည်စာတွေကိုအကြိုက်ဆုံး၊ အပြင်မှာ တစ်ခါဝယ်စားရင် ချိုရဲနေတာနဲ့ ဘာအရသာတွေမှန်းကိုမသိဘူး ပါးပါးချစ်”

“အမလေး ဒီမြေးလေးကိုပဲ နင်တို့ဝိုင်းပြီး ဂျီကျနေကြတာ”

ဒေါ်ကြိုင်ကြိုင်မှာ ကြားထဲက မနေနိုင်လို့ ဝင်ပြောရတော့သည်။ သားရော ဖအေရော ဒီတစ်ယောက်ကိုပဲ ဝိုင်းပြီးဂျီကျနေတာ။ ဟိုက သားနဲ့ယောက်ျားအလုပ်ကလွဲပြီး ဘာမှမလုပ်နိုင်တော့ဘူး။ တစ်နေ့တစ်နေ့ သူတို့ဝေယျာဝိစ္စတွေကိုပဲ လုပ်ပေးနေရတာ။

ပိုးသားကတော့ မိသားစုဆိုတဲ့ စည်းလုံးတဲ့အသိုင်းအဝိုင်းကိုကြည့်ရင်း ပြုံးနေတော့သည်။ သားကတော့ သူ့လက်ရာ မုန့်ကြာစေ့သာကူကို တစ်ပန်းကန်ပြီးတစ်ပန်းကန် စားနေတော့တာ။ ပါးပါးလက်ရာ ဘာနဲ့မှမလဲနိုင်ဘူးပြောတိုင်း ဒီပါးပါးက အရည်ပျော်ကြနေတာ။ မလုပ်ပါနဲ့တားရင်တောင် မရတော့ပဲ လုပ်ကျွေးချင်နေတော့တာ။ ထည်ဝါကတော့ ပါးပါးကိုကြည့်ရင်း ပျော်နေရသည်။ သိုက်သိုက်ဝန်းဝန်းနဲ ဒီမိသားစုက လည်ပတ်နေ၏။


The Time Of Flower Is Blooming Because Of Maung [Complete]Where stories live. Discover now