Part 31

7.7K 490 9
                                    

Unicode

မောင်နဲ့သူ ကားမတော်တဆဖြစ်တဲ့နေရာရောက်တာနဲ့ Tracy ဆိုတဲ့နိုင်ငံခြားသူက မောင့်ကိုပြေးဖက်သည်။ ညွှန်း ဘာမှမပြောပဲ ကြည့်နေလိုက်၏။ သူပါလာတာကိုမမြင်တာလား။ ဒါမှမဟုတ် မောင့်မှာသူရှိတယ် ဆိုတာကိုပြောမပြတာလား။ နိုင်ငံခြားယဉ်ကျေးမှုနဲ့ အချင်းချင်းနှုတ်ဆက်ရင် ပွေ့ဖက်နှုတ်ဆက်တာကိုတော့ သူလက်ခံသည်။ အခုက ပွေ့ဖက်နှုတ်ဆက်ရမယ့် အခြေအနေမဟုတ်။ ကားမတော်တဆဖြစ်တာလည်း အကြီးကြီးတော့မဟုတ်ပေမယ့် နိုင်ငံခြားသားနဲ့ဖြစ်တာဆိုတော့ နည်းနည်းရှုပ်သွားပုံရသည်။ ညွှန်း ဒီအတိုင်းရပ်ကြည့်နေလိုက်၏။ Tracy ကမောင့်လက်မောင်းကိုဖက်ကာ ရဲတွေ၊ ယာဉ်ထိန်းရဲတွေနဲ့စကားပြောတဲ့နောက် တစ်ကောက်ကောက်လိုက်နေသည်။ မသိရင် မောင်နဲ့သူက ဘာလိုလို။

"ညွှန်း"

ဂုဏ်ရှိန် လက်ကိုချိတ်ထားတဲ့ Tracy ကိုဖယ်ရသည်။ သူ ပြဿနာလိုက်ရှင်းနေရတာနဲ့ Tracy သူ့လက်မောင်းကို ဖက်ထားမှန်းတောင်မသိ။ တစ်ဖက်က ကားပိုင်ရှင်နဲ့ရော ယာဉ်ထိန်းရဲတွေနဲ့ပါ ရုံးမရောက်အောင် တစ်ခါထဲရှင်းနေရတာဖြစ်ပြီး အားလုံးပြီးသွားလို့ သူကြည့်လိုက်တော့ ညွှန်းက အိမ်က ကားနားမှာ သူ့တို့ကိုရပ်ကြည့်နေသည်။ ဂုဏ်ရှိန် ညွှန်းဆီသွားလိုက်၏။ နောက်က Tracy ကပါလာသည်။ အရင်ဆုံး တိုက်မိသွားတဲ့ ကားကိုဘေးချရပ်ရသည်။

"Tracy ဒါက ညွှန်း ငါ့အမျိုးသား"

ဂုဏ်ရှိန် ညွှန်းပုခုံးကိုဖက်ကာ မိတ်ဆက်ပေးလိုက်သည်။

"အော် မြန်မာမှာ ချစ်ရမယ့်သူရှိတယ်ဆိုတာလား၊ ကိစ္စမရှိပါဘူး ငါလက်ခံနိုင်ပါတယ်"

"Tracy!"

ဂုဏ်ရှိန် အသံနည်းနည်းကျယ်သွားသည်။ Tracy တမင်တကာကို လိုက်ပြောနေတာ ဂုဏ်ရှိန်သိသည်။ ဒါပေမယ့် သူ့ရုပ်က တမင်သပ်သပ်ပြောနေတဲ့ပုံမပေါက်ပဲ တကယ်ပြောနေတဲ့ပုံဖြစ်နေတာ။ မြန်မာနိုင်ငံကို အလည်လာမယ်ပြောခဲ့တာကြာပြီဖြစ်ပြီး သူ့ကောင်လေးနဲ့စိတ်ဆိုးနေတဲ့အချိန် ရောက်လာတာဖြစ်သည်။

"ညွှန်း မဟုတ်ဘူးနော် Tracy ကနောက်နေတာ"

"သူ့ပုံကနောက်နေတဲ့ပုံမပေါက်ဘူး"

The Time Of Flower Is Blooming Because Of Maung [Complete]Where stories live. Discover now