Part 12

14.5K 815 37
                                    

Unicode

House ဆင်းရတဲ့အချိန်က သူ့အတွက်ပျော်လည်းပျော်သလို ပင်လည်းပင်ပန်းရသည်။ ကိုယ့်အတတ်ပညာကို သေချာအသုံးချပြီး လူနာတွေကို ဂရုတစိုက်ကုပေးရပြီဖြစ်ပြီး အရေးပေါ် အခြေအနေနဲ့ကြုံတဲ့အခါမျိုးမှာ ပြေးလွှားရတာ ပင်ပန်း၏။ တစ်ခါတစ်လေ ညဂျူတီကျတဲ့အချိန်မျိုးဆို တစ်ညလုံးမအိပ်ရတဲ့အချိန်တွေရှိလာ၏။ မိသားစုက သူ့ကိုကောင်းကောင်းပံ့ပိုးနေတာကြောင့် ပင်ပန်းပေမယ့် အပြည့်အဝ အနားရစေသည်။ တီဝါဝါဆို သူဆေးရုံမှာ လုပ်နေရတာပင်ပန်းလို့ဆိုပြီး အားရှိစာတွေပဲ ချက်ကျွေးနေလို့ သူနည်းနည်းတောင် ပြည့်လာတယ်လို့ ခံစားနေရ၏။ ဒါတွေကလည်း ပါးပါးလက်ချက်ပဲဖြစ်သည်။ သားညွှန်းက လူနာတွေနဲ့ထိတွေ့နေတာ အဖျားရောဂါဝင်မှာဆိုးလို့ ကိုယ်ခံအား ကောင်းမှဖြစ်မှာဆိုပြီး တီဝါဝါကို မှာထားတာ။ ဒါကိုလည်း တီဝါဝါက တစ်သွေမတိမ်း နားထောင်၏။ ညဂျူတီလွှတ်ပြီး မနက်စောစောအိမ်ကိုပြန်ဖို့ ညွှန်းထွက်ခဲ့လိုက်၏။ ဂုဏ်ရှိန်က သူ့အတွက် ကားတစ်စီးစီစဉ်ပေးထားတာဖြစ်ပြီး သူ့ကားကို အိမ်မှာထားစေခဲ့သည်။ သူ့ကိုယ်ပေါ်မှာဆင်ယဉ်ထားတဲ့ အဝတ်အစား၊ သူနဲ့ပတ်သက်တဲ့အသုံးအဆောင် အားလုံးက ဂုဏ်ရည်စီစဉ်ပေးထားတာတွေပဲဖြစ်သည်။ သူ့အတွက် သူဝတ်နေကျ တီရှပ်လေးတွေရယ်၊ style pants တွေရယ်က အခန်းထဲက အဝတ်အစားဗီဒိုထဲမှာ အပြည့်။ ကားကလည်း မော်ဒယ်မြင့်ကားဖြစ်သည်။ သူ့စီးဖို့ ဖိနပ်မှအစ အားလုံး အသေးအမွှားလေးမှအစ ဂုဏ်ရှိန် စီစဉ်ပေးထားတာ။ ဂျူတီကုတ်ကို လက်ပေါ်တင်ရင်း ညွှန်းအမြဲဆောင်နေကျ အရေးပေါ်ဆေးကုပစ္စည်းတွေပါတဲ့ လေးထောင့်အိတ်လေးကို ပုခုံးတစ်ဖက်မှာလွယ်ပြီး ကားဆီကိုထွက်ခဲ့လိုက်သည်။

"ညွှန်းစာဆို"

ဒါကိုကို့အသံမဟုတ်ဘူးလား။ သူလှည့်ကြည့်မိတော့ တကယ်ပဲ ကိုကိုဖြစ်နေသည်။ ဘယ်တွေသွားပြီး ဘာတွေများလုပ်နေလို့ သူတစ်ယောက်လုံး လက်ထက်ပြီး House ဆင်းနေချိန်မှ ထွက်ပေါ်လာရသလဲ။

"မင်း ငါ့ကိုဘာမှပြောစရာမရှိဘူးလား ညွှန်းစာဆို"

သူကပဲ တစ်ပြန်ကြီးပြောရတယ်ရှိသေး။ ညွှန်းကို ဂုဏ်ရှိန်တောင်းယူချင်တယ်ဆိုတာသိထဲက သူ ဆက်သွယ်နေတာပဲ။ အဆက်အသွယ်မရပဲ ပျောက်ဆုံးနေတဲ့လူက အခုမှ သူ့ရှေ့ကိုပေါ်လာတာလေ။ ဒါကို လူကိုပြန်မဲနေသည်။

The Time Of Flower Is Blooming Because Of Maung [Complete]Where stories live. Discover now