Part 20

15.1K 700 28
                                    

Unicode

အခန်းထဲမှာ အားလုံးက ငြိမ်သက်နေသည်။ ဖွားဖွားနဲ့မေမေတို့က သားအလုပ်စားပွဲမှာပဲ ထိုင်နေကြပြီး ကိုကိုကလည်း မတ်တပ်နဲ့ခပ်လှမ်းလှမ်းမှာ ရပ်နေ၏။ သားနဲ့သူက သားညွှန်းလေးဘေးမှာ ထိုင်နေတာဖြစ်ပြီး ဆရာကြီးက သားညွှန်းလေးကို စမ်းသပ်နေတာဖြစ်သည်။

"ဒီအတိုင်းက မှားနိုင်တာမို့လို့ ဆရာကြီး သူနာပြုတစ်ယောက်ကို လိုအပ်တာတွေမှာပြီးလိုက်လာခိုင်းတယ် ခဏစောင့်ကြမယ် သက်တောင့်သက်သာနေကြပါ၊ အားလုံးကိုကြည့်ရတာ တောင့်တောင့်ကြီးတွေ ဖြစ်နေသလားလို့"

"ညွှန်း ဘာဖြစ်တာလဲ ဆရာကြီး"

"အဖြေ သိရပေမယ့် ခဏလေး သားကစိတ်ရှည်ပြီး စောင့်ပေးမယ်မလား"

"ဟုတ်ကဲ့"

ညွှန်းကလည်း ငြိမ်နေသည်။ ဂုဏ်ရှိန် ညွှန်းလက်ကိုကိုင်ထားတာမလွှတ်ပေ။ ရုတ်တရက်ကြီး ဖွားဖွားကြီးနဲ့ ဖွားဖွားတို့က ရောက်ချလာပြီး ဆရာဝန်သမားတော်တစ်ယောက်ပါ ပါလာတာကြောင့် ဂုဏ်ရှိန် ရင်ပူနေရသည်။ ဘာဖြစ်လို့ ဒီလိုသမားတော်တစ်ယောက်ကိုပါ ခေါ်လာရတာလဲ။

"ညွှန်း"

"အင်း မစိုးရိမ်နဲ့ ဘာမှမဖြစ်ဘူးနော်"

ညွှန်းမှာ မောင့်ကိုပြန်ပြီး အားပေးနေရသည်။ သူဘာမှမဖြစ်တာကိုတော့ သူသိပါတယ်။ ရင်ထဲနေလို့မကောင်းတာ ဘာညာလောက်ပါပဲ။ ဖွားဖွားကြီးတို့နဲ့ ဖွားဖွားတို့က သမားတော်ဆရာကြီးကို ခေါ်လာတာကြောင့် မောင်ကစိုးရိမ်နေတာဖြစ်သည်။ နောက်ထပ် သူနာပြုဝင်လာပြီး ဆရာကြီးက လိုတာတွေထပ်စစ်ပေးတော့၏။

"ကဲ အဖြေ အတိအကျ ထွက်လာပါပြီ"

ညွှန်းလက်ကို ကိုင်ထားတဲ့ ဂုဏ်ရှိန့်လက်က တင်းကြပ်သွားတော့သည်။

"မကြိုင်ကြိုင်တော့ မြေးတွေမြစ်တွေကနေ တီတွတ်တွေရပြီး ပျော်ရတော့မယ်ထင်တယ်"

ဆရာ့စကားကြားလိုက်ရတာနဲ့ လူကြီးတွေအားလုံးနဲ့ ထည်ဝါနဲ့အတူ ပိုးသား နားလည်လိုက်သည်။ ဒါဆို သူတို့ထင်တာ တစ်ကယ်ဖြစ်လာတာပေါ့။ တကယ်ကြီး ဒီလိုဖြစ်လာမယ်လို့ ဘယ်သူကထင်မှာလဲ။ ညွှန်း လေးကဒီလို ကိုယ်ဝန်ဆောင်နိုင်တာကို သူ့မေမေကရော မွေးကထဲက မေမေ့လိုသိနေတာလား။ ဂုဏ်ရှိန်ကတော့ ဘာမှနားမလည်သလို လူကြီးတွေကိုလိုက်ကြည့်နေသည်။

The Time Of Flower Is Blooming Because Of Maung [Complete]Where stories live. Discover now