Finale

16K 584 20
                                    

Unicode

"သားတို့ပါးပါး လာဒါဝတ်ထား"

"မအေးပါဘူးကိုကိုရဲ့"

"အပြင်သွားမှာလေ၊ ညဘက်ရောက်လေ အေးလေဖြစ်လာမှာ"

ပိုးသား ကိုကိုပေးလာတဲ့ စွယ်တာကိုဝတ်လိုက်၏။ ကိုကိုကတော့ သူထိုးပေးထားတဲ့ ဝတ်စကုတ်ကိုရှပ်အင်္ကျီပေါ်မှာ ထပ်ဝတ်ထား၏။ သူတို့တွေ ခရီးထွက်လာတာဖြစ်ကာ ပြင်ဦးလွက်ဘက်ကိုရောက်နေတာဖြစ်သည်။ မေမေတို့ကတော့ ခေါ်မရပဲအိမ်မှာကျန်ခဲ့၏။ ဝါဝါတော့သူတို့နဲ့ပါလာသည်။

"သာ‌လေးတို့ သွားခေါ်လိုက်ရမလား ဖေဖေ"

"လာမှပေါ့ကွ"

"ကလေးတွေဗိုက်ဆာနေမှာဆိုးလို့"

"ကလေအဖေနှစ်ယောက်လုံးရှိတယ် မင်းစိတ်မပူနဲ့၊ ဒီဖေဖေ ဗိုက်ဆာလားတော့ စိတ်မပူဘူး"

"ကိုကိုကမဆာသေးဘူးလေ၊ မသိပဲနေမလား"

"လာပါအုန်း"

လာပါအုန်းဆိုတော့ သူလုပ်နေကျက သူ့ရင်ခွင်ထဲဝင်လာပြီး သူ့ခါးကိုဖက်တာဖြစ်သည်။

"ဘယ်သွားချင်လည်း စာရင်းလုပ်ထားလား၊ လာလည်တုန်း လျှောက်လည်ရအောင်၊ အခုမှပဲအားတော့တယ်"

"ကိုကိုသွားရာနောက်ကိုလိုက်မှာပေါ့"

"အဟား"

ထည်ဝါ ပါးစပ်စေ့အောင်ရယ်မရတော့ပေ။ သူတို့နှစ်ယောက်ချစ်ကြည်နူးနေတုန်းမှာပဲ ဟိုဘက်အခန်းထဲမှာတော့ ဗြောင်းဆန်နေသည်။

"မောင် သားတို့ကိုခေါ်ခဲ့တော့လို့"

"လာပြီ လာပြီ"

အပူရှောင်ချင်တာရယ်၊ သားတို့ငယ်တုန်းခရီးထွက်လာတာဖြစ်ကာ သူတို့တွေပြင်ဦးလွင်ရောက်နေတာဖြစ်သည်။ ရောက်နေတာ တစ်ပတ်လောက်ရှိပြီး ဘယ်မှသွားမလည်ဖြစ်သေးပဲ ဖေဖေနဲ့မောင်က ဒီဘက်မှာနွေရာသီဘက်လာနေလို့ရအောင် ခြံလျှောက်ကြည့်နေတာဖြစ်ကာ အရောင်းအဝယ်လုပ်နေတာဖြစ်၏။ ခြံက‌ ပေ ၈၀ ပတ်လည်ရှိတဲ့ခြံကိုဝယ်ပြီးပြီဖြစ်ကာ မောင်ကကုမ္ပဏီက တာဝန်ရှိသူတွေကို ဆွဲထားပြီးသားဒီဇိုင်းပို့ကာ တာဝန်ယူဆောင်ရွက်ဖို့ညွှန်ကြားနေတာဖြစ်သည်။ အလုပ်ကိစ္စပြီးတဲ့အချိန်က ညနေ ၄ နာရီလောက်ဖြစ်တာကြောင့် အပြင်ညဘက်နည်းနည်းလျှောက်လည်မလို့ဖြစ်ကာ သားနှစ်ယောက်နဲ့ရေချိုးခန်းဝင်သွားပြီး ညွှန်းမှာ သူတို့သားအဖ အပြင်ကနေအေယ်ခေါ်နေရ၏။

The Time Of Flower Is Blooming Because Of Maung [Complete]Where stories live. Discover now