Part 28

7.9K 515 5
                                    

Unicode

သားနှစ်ယောက်ကို အိမ်မှာ ပါးပါးနဲ့ညွှန်းက ထိန်းပြီးမောင်က အလုပ်ပြန်တက်နေပြီဖြစ်သည်။ သားနှစ်ယောက်အတွက်ကို အိမ်အောက်ထပ်ရဲ့ အခန်းတစ်ခန်းကိုသုံးပြီး အထဲမှာလိုတာတွေ မောင်ကဝယ်ဖြည့်ပေးထား၏။ အခန်းကကျယ်ပြီးသားတို့အတွက် ကစားကွင်းလေး လုပ်ပေးထားသည်။ ဒီနေ့တော့ သားတို့ကိုဖြည့်စွက်စာ စကျွေးမယ့်နေဖြစ်ကာ ညွှန်း သားတို့အတွက် ဖြည့်စွက်စာက ဘယ်လိုမျိုးလုပ်ရလဲ ဘာကိုအသုံးပြုရလည်း လေ့လာထားရသည်။ ကုန်တိုက်မှာ သဘာဝဆန်ပေါ်ဆန်းကိုဝယ်ပြီး ကျန်တဲ့လိုအပ်တဲ့ ပစ္စည်းတွေကိုပါ တစ်ခါထဲ ဝယ်ခဲ့လိုက်၏။ တီဝါဝါက လူကြီးတွေအားလုံးအတွက်ချက်ပြုတ်နေရပြီး သူက သားနှစ်ယောက်အတွက် စီစဉ်နေရသည်။

"ညွှန်းလေး တီလေး ဘာလုပ်ပေးရအုန်းမလဲ"

"ရတယ် တီဝါ၊ နေ့ခင်းမောင့်ကိုထမင်းချိုင့်သွားပို့မလားလို့၊ ဟိုဟာလေ ငါးရန့်နဲ့ဒန့်သလွန်သီး ချဉ်ရည်ဟင်းလေးချက်ပေးပါလား၊ မောင်က စားချင်တယ်ဆိုလို့၊ ညွှန်း လုပ်ဖို့မအားလို့"

"ရတယ် တီလေးချက်ပေးမယ်၊ မင်းပါးပါးက တီလေးဈေးသွားတုန်းက မှာလိုက်သေးတယ်"

"ဟုတ် ပါးပါးလည်း အားလုံးလိုက်လုပ်ပေးနေရာတာ ပင်ပန်းနေပြီ"

"အမလေး အစ်ကိုလေးလား ပင်ပန်းမယ်ထင်မှာ၊ သူ့မြေးတွေကို လက်ကကိုချချင်တာမဟုတ်ဘူး"

တီဝါပြောတာလည်းမမှားပေ။ ပါးပါးမှာ တစ်ရက်တစ်ရက် သူ့မြေးနှစ်ယောက်နဲ့ လုံးလည်လိုက်နေတာဖြစ်ပြီး ပင်ပန်းမှားစိုးလို့ နားနားနေနေ နေဖို့ပြောတော့လည်း မရပေ။ ညွှန်းသားတို့အတွက် ဆန်ကိုသီးသန့်ပေါင်းအိုးအသေးလေးနဲ့ ရေနည်းနည်းများထည့်ကာ ပေါင်းလိုက်သည်။ ဒီနေ့တော့ စကျွေးမှာဆိုတော့ ထမင်းပဲ ကျွေးဖို့စဉ်းစားထား၏။ နောက်မှတဖြည်းဖြည်း အသီးအနှံတွေဖြည့်စွက်ဖို့ လုပ်ထားသည်။ သားနှစ်ယောက်နဲ့ပါးပါးကိုသွားကြည့်တော့ သားနှစ်ယောက်က ခပ်စောင်းစောင်းဆိုဖာလေးမှာ ပက်လက်မကျ ထိုင်နေတာမကျ ထိုင်နေပြီး ပါးပါးကနှစ်ယောက်ကို ရင်ဘတ်လေးတွေလက်နဲ့တို့ကာ မြှူနေတာဖြစ်ပြီး သားငယ်က အူတက်အောင်ရယ်နေပေမယ့် သားကြီးက အသံမထွက်ပဲ ခန္ဓာကိုယ်လေးကိုယိမ်းပြီး ရယ်နေ၏။

The Time Of Flower Is Blooming Because Of Maung [Complete]Where stories live. Discover now