Part 37

8.4K 464 5
                                    

Unicode

"သားငယ် ငြိမ်ငြိမ်နေ‌"

"ဒယ်ဒီ့ချီ ရောက်တေးဝူးရား"

"ရောက်တော့မှာ သားငယ်က ကိုကိုနဲ့အတူတူ ငြိမ်ငြိမ်လေးထိုင်နေရင် မြန်မြန်ရောက်မှာ ဟုတ်ပြီလား"

"ဟုတ်ရို့ရား"

"ဟုတ်တာပေါ့ သားငယ်လေးက ကိုကိုနဲ့ငြိမ်ငြိမ်လေးထိုင်နေတော့ ဖေဖေက ကားကိုသေသေချာချာမောင်းလို့ရတယ်လေ၊ အဲ့တော့ မြန်မြန်ရောက်တာပေါ့"

"တိုတိုနဲ့ထိုင်မယ်"

သူရှင်းပြမှ သူ့ကိုကိုဘေးကိုကပ်ထိုင်ကာ သူ့ကိုကိုလက်ထဲက ခွာပြီးသား လိမ္မော်သီးကိုယူစားသည်။ ညွှန်း အိမ်ကထွက်လာထဲက သားနှစ်ယောက်အတွက် ရိက္ခာအပြည့်အစုံကို ခြင်းလေးနဲ့ထည့်သယ်ရသည်။ အသီးမှအစ နေ့လည်စာ သောက်ဖို့ smoothie မှအစဖျော်ပြီးယူရသည်။ ပျားလိမ္မော်လေးတွေဆို သူ့မှာအခွံခွာပြီး ဗူးလေးထဲ သေချာထည့်ပေးရသည်။ ဒါကိုလက်လေးထဲ ဆန့်သလောက်ဆုပ်ကာ သူတို့ကအမွှာလိုက်လေးတွေ စားတာဖြစ်ကာ သားငယ်က သူ့ကိုကိုလက်ထဲက တဆင့်ယူစားသည်။ သားငယ်လေးက သူ့ကိုကို ကိုဒီလိုပဲအားကိုတတ်သည်။ သူ့ကိုကို ဆီကတဆင့် အဲ့လိုပဲ ယူစားနေကြဖြစ်သည်။

"တိုးတိုး ချားချား"

ကိုကို့လက်ထဲက ယူသေးတယ် သူကပြန်ခွံ့ကျွေးသေးတာဖြစ်သည်။ ကိုကိုလုပ်သူကတော့ အနေအေးသလားမမေးနဲ့ သူ့ညီညီခွံ့ကျွေးတာကိုစားကာ ဘာမှမပြောပေ။

"ကဲ ဒယ်ဒီ့ဆီသွားရအောင် ရောက်ပြီနော်"

"ရောက်ပီ"

သားငယ်လေးက ခေါင်းကိုချာကနဲလှည့်ကာ ကားတံခါးကိုခိုပြီး ကူရှင်ပေါ်ဒူးထောက်တက်ပြီး အပြင်ကိုကြည့်သည်။ သားကြီးကတော့ လက်လေးထဲကျန်တဲ့ လိမ္မော်သီးကိုဆုပ်ထားပြီး အပြင်ကိုငေးကြည့်နေသည်။ ညွှန်းဆင်းသွားပြီး တံခါးဖွင့်တော့ သားငယ်လေးက အောက်ကိုလျောချပြီး ဆင်းဖို့လုပ်သည်။

"သားငယ်လေး ကိုကို့ကိုစောင့်အုန်းလေ၊ ဖေဖေနဲ့အတူတူဝင်ရမယ် လျှောက်မသွားရဘူး ရပ်နေအုန်း"

The Time Of Flower Is Blooming Because Of Maung [Complete]Where stories live. Discover now