Part 10

12.5K 760 20
                                    

Unicode
[ယူတို့ ဆု အသားတွေကြိမ်းပြီး ကိုယ်ပူလည်ချောင်းနာပြီး ဖျားပြီရှင်။ ဒီနေ့တော့ ဒီတစ်ပုဒ်ပါပဲ။ ရေးဇိန်ကိုရေးတာ မပြီးလိုက်ဘူး။ ဆက်မရေးနိုင်‌တော့အောင် ဂိနေတော့ အခုအိပ်တော့မှာရှင် ဘိုင့်ရီး]

မင်္ဂလာဆွမ်းကျွေးအတွက် အားလုံးအဆင်သင့်ဖြစ်နေပြီး သူတို့အိမ်မှာနှစ်ဖက်မိဘတွေပြည့်နေသည်။ ပြောင်းလာတဲ့အိမ်က သူတို့မိသားစု ၃ ယောက်အတွက် နည်းနည်းကျယ်တယ်ထင်ရပေမယ့် ဘုန်းကြီး ၅ ပါးနဲ့ ဂုဏ်ရှိန်တို့အိမ်က မိသားစုတွေရောက်လာတော့ အိမ်လေးက လူတွေနဲ့ပြည့်နက်သွားတော့သည်။ ဆွမ်းကျွေးအတွက်ကို မေမေ့ကိုကူညီဖို့ဆိုပြီး ဝါဝါက ညထဲက လာအိပ်တာဖြစ်ပြီး သူတို့လာတော့လည်း ဟင်းပွဲတချို့ပါလာသေးတာဖြစ်သည်။ ဘုန်းကြီးဆွမ်းကပ်တာ ဟင်းပွဲနဲ့အချိုပွဲတွေက အပြည့်ဖြစ်သည်။ အချိုပွဲတွေကလည်း အရမ်းမချိုပဲ စားလို့အဆင်ပြေသည်။ သူတို့အားလုံး အဖြူတွေဆိုပေမယ့် ခဲဘက်သွားတဲ့ အရောင်ကိုသုံးထား၏။ သူနဲ့ဂုဏ်ရှန်က ပုဆိုးဒီဇိုင်းဆင်တူဖြစ်ပြီး ဖေဖေတို့နဲ့ မေမေတို့၊ ဂုဏ်ရှိန့်ဖွားဖွားတို့၊ ဖွားဖွားကြီးတို့ကလည်း ချိတ်ဒီဇိုင်း ဆင်တူတွေဖြစ်သည်။

အပြင်လူမပါပဲ နှစ်ဖက်မိဘတွေပဲ ပါတယ်ပွဲလေးက အေးချမ်းစွာနဲ့ပြီးဆုံးသွားသည်။ ဒီလောက်ချမ်းသာနေတဲ့ ဂုဏ်ရှိန်က သူတို့သစ်အိမ်လေးပေါ်မှာ အငြီးမငြူ၊ မနေတတ်တာတွေမရှိပဲ လိုက်လျောညီထွေစွာ နေနိုင်ခဲ့သည်။

"အိမ်ဘက်မှာ ဖေဖေက ညစာစားပွဲလေးတော့ လုပ်ချင်တယ်ပြောတယ်၊ စီးပွားရေးအရ ပတ်သက်တဲ့ လူကြီးတွေလောက်ပါပဲ၊ ညွှန်း အဆင်ပြေလား၊ မပြေရင် ကျွန်တော်.."

"ပြေပါတယ် မပြေစရာမှမရှိပဲ"

သူ့သဘောထားအတိုင်း အားလုံးလုပ်ပေးနေတာကို အဆင်မပြေဘူး သွာပြောလို့မဖြစ်။ ကိုယ့်သဘောအတိုင်း ကိုယ့်ဘက်မှာပဲ နှစ်ဖက်မိဘပဲပါတယ် ဆွမ်းကျွေးပွဲကို တိတ်တဆိတ် အေးအေးချမ်းချမ်း လုပ်ပေးသွားတာက စိတ်ချမ်းသာဖို့ကောင်းသည်။ သူတို့ဘက်ကိုပြန်ကြည့်တော့လဲ ဒီသားတစ်ယောက်ထဲပဲရှိတာဖြစ်ပြီး စီးပွားရေးနယ်ပယ်ထဲဝင်မှာကြောင့် ညစာစားပွဲကလုပ်သင့်သည်။ သူ လက်မခံနိုင်စရာမရှိ။

The Time Of Flower Is Blooming Because Of Maung [Complete]Donde viven las historias. Descúbrelo ahora