Part 22

10.1K 608 33
                                    

Unicode

"ဗိုက်ဗိုက် ဘာစားချင်လဲ"

ဂုဏ်ရှိန် ဗိုက်ဗိုက်ကို ရုံးကိုခေါ်လာခဲ့တာ။ အိမ်မှာ ပျင်းနေမှာဆိုးတာတစ်ကြောင်း၊ သူမျက်လုံးရှေ့မှာ ဗိုက်ဗိုက်ကို မြင်နေချင်တာတစ်ကြောင်း အဲ့ဒါကြောင့်ခေါ်ခဲ့တာဖြစ်သည်။ ပူပြဲလန်နေတဲ့ ဗိုက်ဗိုက်က သိပ်မကြာခင် ယောက်ျားလေးလား မိန်းကလေးလား သိဖို့ ultrasound ရိုက်ကြည့်ရတော့မှာ။ ၄ လဝန်းကျင်ပဲရှိတဲ့ ဗိုက်က ပူပြဲလန်နေတာဖြစ်ပြီး လူက ပုလုံးလုံးလေးဖြစ်နေတော့၏။ အခုလည်း လက်ထဲမှာ ပါးပါးထည့်ပေးတဲ့အသီးဗူးကိုပိုက်ပြီး တစ်ခုခြင်းဆီစားနေတာ။ သူမေးလိုက်တော့ စားနေရင်းနဲ့ကို စဉ်းစားနေသေးတာဖြစ်သည်။

"ကန်စွန်းဥဖုတ်"

"ဟင်"

"ဟိုမှာမောင် ဟိုမှာ"

သူလှမ်းကြည့်လိုက်တော့ လူသွားပလက်ဖောင်းဘေးမှာ မီးသွေးမီးဖိုနဲ့ ဖုတ်ရောင်းနေတဲ့ ကန်စွန်းဥနဲ့ ပြောင်းဖူးဖုတ်တွေဖြစ်သည်။

"ညွှန်း"

"မောင် စားချင်လို့"

ညွှန်းကို သေချာလားလို့ပြန်မေးမလို့ကို မျက်နှာငယ်လေးနဲ့လုပ်ပြနေ၏။

"အဟား ပြွတ်! ဝယ်ပေးမှာပေါ့ကွာ၊ လုပ်နေတဲ့ပုံစံလေးကို ကြည့်ပါအုန်း"

အသီးတွေတစ်ခုပြီးတစ်ခုစားနေတဲ့ ညွှန်းကိုနမ်းလိုက်တာနဲ့သူ့ပါးစပ်ထဲ အသီးအရာသာတွေ ဝင်လာတော့သည်။

"ညွှန်း ကျန်ခဲ့လေ မောင်ဝယ်ခဲ့မယ်"

ခါးပတ်ဖြုတ်ပြီး သူ့နောက်လိုက်ဖို့လုပ်နေတဲ့ညွှန်းကို တားရသည်။ ပူပြဲလန်နေတဲ့ ဗိုက်နဲ့ဘယ်ကိုလိုက်ချင်နေလဲမသိ။

"မောင် မြန်မြန်ဝယ်ခဲ့နော်"

"အမြန်ဆုံးရစေရမယ်ဗျာ"

ဂုဏ်ရှိန် မြန်မြန်သွားလိုက်ကာ ကန်စွန်းဥဖုတ်ကို အိပြီးစားလို့ကောင်းမယ်အရာကိုရွေးပေးဖို့ အကူအညီတောင်းရသည်။ ကန်စွန်းဥဖုတ်ရောင်းတဲ့ အန်တီကြီးက ဂုဏ်ရှိန့်ကိုတွေ့ကာ ငေးရင်း စေတနာတွေပိုကာ အကောင်းဆုံးကိုရွေးထည့်ပေးလိုက်၏။

The Time Of Flower Is Blooming Because Of Maung [Complete]Where stories live. Discover now