Part 7

11K 672 7
                                    

Unicode

သားပြန်လာတာကိုအနားကမခွာပဲ တစိမ့်စိမ့်ကြည့်နေတဲ့ ချာတိတ်။ သားက သူဘွဲယူထားတဲ့ပုံတွေကို ပြနေတာ။ သားထိုင်နေတဲ့ဘေးဆိုဖာ လက်တန်းမှာထိုင်နေကာ သားပုခုံးကိုဖက်ပြီး သားပြတဲ့ပုံတွေကိုကြည့်ပြီး ပြုံးနေတာ။ သားက သူ့ပါးပါးထိုးပေးထားတဲ့ ဆွယ်တာကိုဝတ်ပြီး ဘွဲ့ယူထားတာဖြစ်သည်။ တခြားသူငယ်ချင်းအပေါင်းအသင်းတွေနဲ့လည်း အတူတွဲရိုက်ထားသည်။ သားပုခုံးကိုဖက်ထားပြီး အနားကမခွာတော့။ ပုခုံးဖက်ထားရင်း ဆံပင်သပ်ပေးလိုက် နဖူးလေးကိုလက်နဲ့ပွတ်လိုက်။ သူ့သားကိုများ ကလေးပေါက်စထင်နေလားမသိ။ သူ့သားက သူ့နှစ်ကိုယ်စာလောက်ရှိတာကို။ သူ့သားကို တစ်နှစ်သားနှစ်နှစ်သားလေးလို့ထင်ပြီး ယုယနေတာ။

“ကျွန်တော်က ပါးပါးကိုလွမ်းနေတာ”

“ပါးပါးကလည်း လွမ်းနေတာ”

“ပါးပါး လက်ရာတွေကို လွမ်းနေတာ၊ ဟိုမှာ ပါးပါးလုပ်ပေးလိုက်တဲ့ဟင်းတွေက အကောင်းဆုံးပဲ”

“အဟင်း”

သူ့သားကိုကြည့်ပြီး ပြုံးနေတာမရပ်။ သူတို့ကိုရှိတယ်လို့တောင် ထင်ရဲ့လားမသိပေ။ ရှေ့မှာ သူရော မာမီရော၊ ဖွားဖွားရော၊ ယောက္ခကြီးရော ထိုင်နေတာ။ သူတို့ထိုင်ပြီးကြည့်နေပေမယ့် သားနဲ့ပါးပါးကြားတိုးမဝင်ပေ။

“ကဲ ရှေ့မှာ စကားပြောချင်လို့ တန်းစီနေတဲ့သူတွေရှိပါတယ်”

အဲ့တော့မှသူ့ကိုဘက်ကိုကြည့်လာတော့သည်။

“ဒီဖွားဖွားကြီးကလဲ ဂုဏ်ပြုချင်လို့စောင့်နေတာ”

“ဖွားဖွားတို့ရောပဲရှင်”

သားအတွက်ဆိုပြီး ဖွားဖွားက သားကိုချန်ထားတဲ့လုပ်ငန်းစုက ရှယ်ယာကိုလွှဲပေးတာဖြစ်သည်။ ဒါကိုရှေ့နေနဲ့ ရေးထားပြီးသားဖြစ်ပြီး ဘယ်တုန်းက လုပ်လိုက်လဲ ပိုးသား မသိလိုက်။ ကိုကို့ကိုကြည့်တော့လည်း ကိုကိုကသူလည်းမသိဘူးဆိုတဲ့ပုံစံလုပ်ပြသည်။ ဖွားဖွားကလည်း သားကို အဲ့လောက်ကြီးပေးစရာလား။

“ကဲမြေးရယ် မင်းယောက်ျား ဒီအဖွားကိုဆူတော့မယ်ထင်တယ်”

“ဟားဟား”

The Time Of Flower Is Blooming Because Of Maung [Complete]Where stories live. Discover now