Part 16

12.3K 640 28
                                    

Unicode

ညွှန်း အနီးစပ်ဆုံးဆေးရုံမှာကျအောင် မောင်လုပ်ပေးလိုက်တာဖြစ်ပြီး အိမ်ကနေပဲ ဆေးရုံကိုမနက်သွားညပြန် ကိုယ်တိုင်ကားမောင်းပြီးသွားဖြစ်နေသည်။ ဆေးရုံကပြန်လာရင် ညွှန်းမှာ အရင်ဆုံး ခြေလက်သန့်စင် ရေချိုးတာကိုလုပ်ရ၏။ အဲ့ဒါပြီးမှ အိမ်ကလူတွေအားလုံးနဲ့ ထိတွေ့တာဖြစ်၏။ လူနာပေါင်းစုံနဲ့ထိတွေ့နေတဲ့သူက သတိနဲ့နေမှဖြစ်မည်။

"ညွှန်း ရေချိုးပြီးပြီ"

"အင်း ရောက်တာနဲ့ ချိုးလိုက်တာ၊ မောင်ရော ရေချိုးပြီးလား မှန်း...မောင့်"

ညွှန်း သူ့ကိုချီမြှောက်လိုက်တဲ့မောင်ကြောင့် လန့်သွားတာ။

"မောင့်ကိုအပစ်မတင်နဲ့လေ၊ ရေချိုးပြီးလား စစ်ရတာကို ဒီလိုစစ်ရတယ်လို့ ညွှန်းကို ဘယ်သူပြောလဲ"

ဟုတ်တယ် ရေချိုးပြီးပြီလားဆိုပြီး သူ့ရင်ဘတ်ကိုအုပ်ပြီးပွတ်သတ်ပြီး နမ်းလိုက်တာလေ။ ဒါကို ဒီအတိုင်း ဘယ်သူက ထားနိုင်မှာလဲ။

"ဟွန်း ကိုယ့်ယောက်ျားကိုဘယ်လိုစစ်စစ်ပေါ့"

"ညွှန်း မင်းအတင့်ရဲနေတယ်လို့ မထင်ဘူးလား"

အင့်!

ဝုန်း!

မောင်က သူ့ကိုပွေ့ချီထားပြီး မွေ့ယာပေါ်ကိုချီရက်နဲ့နှစ်ယောက်သား ဝုန်းကနဲပစ်လှဲလိုက်တာဖြစ်သည်။ မောင့်ရင်ဘတ်မာမာပေါ်မှာ သူကပါးအပ်ပြီးသားပင်။

"မောင့်ကိုအတင့်ရဲတာ ဘာဖြစ်နိုင်လဲ"

"ဘာဖြစ်နိုင်လဲဆိုတော့.."

ဂုဏ်ရှိန် သူ့အပေါ်ကညွှန်းကိုပွေ့ရက်နဲ့အိပ်ရာပေါ်ချကာ အုပ်မိုးလိုက်၏။

"အင့်! မောင်"

"မင်း ညစာ လွတ်သွားနိုင်တယ်နော်"

"မောင် ဖေဖေနဲ့ပါးပါးကို မျက်နှာပြရဲလို့လား၊ ဖေဖေနဲ့ပါးပါးရှေ့မှာ ဒီလိုမျိုးတွေဖြစ်နေတာ ဘယ်နှခါဖြစ်နေပြီလဲ"

"ညွှန်းနော် မောင့်ကိုလာလာမဆွနဲ့၊ မောင်က မင်းအလုပ်မသွားနိုင်လည်း ကိစ္စမရှိဘူးနော်"

The Time Of Flower Is Blooming Because Of Maung [Complete]Where stories live. Discover now