Part 26

8.6K 542 9
                                    

Unicode

"ပါးပါး ကလေးလေးတွေ ဒီနေ့ ကာကွယ်ဆေးသွားထိုးမယ်"

ပိုးသားမှာ သားညွှန်းနဲ့ကူပြီး မြေးလေးတွေကို အင်္ကျီဘောင်းဘီ ဝတ်ပေးလိုက်ကာ စကားပြောလိုက်သည်။ ဒီနေ့ ကလေးတွေ ကာကွယ်ဆေးထိုးရမှာဖြစ်ကာ သူတို့ဆေးရုံကိုသွားဖို့လိုသည်။ ကိုကိုက ကျန်ခဲ့မှာဖြစ်ပြီး ဆေးရုံကို ပိုးသားပဲ သားတို့နဲ့အတူ လိုက်သွားမှာဖြစ်သည်။ သားက ကားမောင်းပေးပြီး သူက နောက်မှာတစ်ယောက်ချီကာ သားညွှန်းက ရှေ့မှာ တစ်ယောက်ချီထားသည်။ ဆေးရုံဆေးခန်းသွားရမှာဆိုတော့ မြေးလေးတွေအန္တရာယ်ကင်းအောင် သားညွှန်းက သေချာပြင်ဆင်ပေးထားသည်။

"ကဲ ရောက်ပါပြီ ဆေးထိုးရင် အာပြဲနဲ့အော်မငိုဖို့ပဲ ဆုတောင်းရမယ်"

"ပါးပါး ကျွန်တော့်ကိုပေးမလား"

"အင်း သားချီလိုက်"

ပိုးသား သူ့လက်ထဲက မြေးငယ်ကိုသားကိုပေးလိုက်သည်။ သားညွှန်းလက်ထဲမှာ မြေးကြီးကရှိပြီး ပိုးသား နောက်ကလိုက်သွားလိုက်သည်။ သူတို့လာတဲ့အချိန်က နောက်ကျနေတာပဲလား အထဲမှာ ကာကွယ်ဆေးထိုးဖို့လာတဲ့ ကလေးတွေအများကြီးမရှိပေ။

"ဒေါက်တာ့သားလေးတွေက ထွားလိုက်တာ"

အထဲက အသိသူနာပြုတစ်ယောက်က သားတို့ကိုကြည့်ပြီးပြောသည်။

"ဟုတ်တယ် ဆရာမရေ၊ နို့လည်းအရမ်းသောက်တာ"

"ချစ်စရာကြီးတွေ ပါးကြီးတွေကလည်း ဖောင်းကားနေတာပဲ၊ ကဲ သားသား ဆေးထိုးတော့မယ်နော်"

ညွှန်း သားကြီးလက်မောင်းကို သေချာကိုင်ပေးထားရသည်။ ဆေးထိုးအပ်က သားလက်မောင်းထဲကို ဝင်သွားတာနဲ့ သားကြီးက ဆက်ကနဲဖြစ်သွားကာ ခေါင်းလေးက ချာချာလည်အောင် လှည့်ကြည့်သည်။ ဆေးလည်းသွင်းလည်းသွင်းရော သားကြီးရဲ့မျက်နှာက တဖြည်းဖြည်းနဲ့မဲ့လာတော့သည်။

"သားက သတ္တိရှိလိုက်တာကွာ"

ဆရာမက အပ်ဆွဲနှုတ်ကာ ဆေးချေပေးသည်။

"အူ...ဝဲ....ဝါး...."

သားကြီးက ဆေးထိုးအပ်နှုတ်ပြီး ဆေးချေပြီးမှ မဲ့ကာငိုသံထွက်လာတော့သည်။ ငိုသံက တစ်ချက်ချက်ပျောက်သွား၏။

The Time Of Flower Is Blooming Because Of Maung [Complete]Where stories live. Discover now