Part 13

14.4K 809 25
                                    

Unicode

မနက်အိပ်ရာနိုးချိန်အထိ ရင်ခွင်ထဲမှာငြိမ်ငြိမ်သက်သက်ရှိသူကြောင့် ဂုဏ်ရှိန် ရင်ခွင်ထဲရောက်နေသူကို ကြည့်လိုက်သည်။ ငိုထားတဲ့အရှိန်နဲ့မျက်လုံးက ဖောင်းအစ်နေ၏။ သူ့ရင်ခွင်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေတာ။ သူ့လက်မောင်းကိုခေါင်းအုန်းပြီး အိပ်ပျော်နေသူရဲ့ မျက်လုံးအစ်အစ်ကိုနမ်းမိတော့ လူးလှိမ့်လှုပ်ရှားလာတော့သည်။ ညက သူနမ်းလိုက်တာနဲ့ငြိမ်ကြသွားပြီး မျက်နှာကိုဖွက်ကာ အိပ်မပျော်တဲ့အထိကို ဒီမျက်နှာလေးကို ထုတ်မပြ။

ဟင်း...

အိပ်နေသူဆီက အသံထွက်လူးလှိမ့်လာတာကြောင့် ဂုဏ်ရှိန်အိပ်ချင်ယောင်ပြန်ဆောင်နေလိုက်သည်။ တော်ကြာသူ့ကိုကြည့်နေတာသိရက် ရှက်သွားအုန်းမှာ။

ညွှန်းနိုးလာလို့မျက်လုံးတွေဖွင့်ကြည့်တော့ သူ့မျက်နှာက ဂုဏ်ရှိန့်ရင်ဘတ်ကိုအပ်လျှက်ရှိနေသည်။ အမြင်အာရုံက ကျယ်ကျယ်ဝန်းဝန်းမရှိပေ။ ညကငိုထားလို့ ဖောင်းအစ်ပြီးပိတ်နေတာနေမှာပေါ့။ အဲ့တော့မှ ဂုဏ်ရှိန်သူ့ကိုနမ်းတာကို ပြန်သတိရသွားတော့သည်။ ပူထူသွားကာမော့ကြည့်မိတော့ ဂုဏ်ရှိန်ကအိပ်နေတုန်း။ သူဖြည်းဖြည်းထထွက်လိုက်ပြီး ရေချိုးခန်းထဲဝင်ပြေးလိုက်၏။ ဂုဏ်ရှိန်နိုးလာပြီးသူ့ကိုကြည့်မှာ ရင်မဆိုင်ရဲဘူး။ အရင်ဆုံး သူ့မျက်လုံးယောင်တာသက်သာအောင် အရင်လုပ်ရသည်။ မှန်ထဲမှာကြည့်တော့ မျက်လုံးက ရုပ်ဆိုးနေတော့တာ။

"တော်ပြီ မတန်ဘူး ထပ်ငိုဖို့မစဉ်းစားနဲ့"

ရာဇာမြင့်မြတ်အကြောင်းကိုသတိရသွားတာနဲ့ ဒေါသနဲ့အတူပြန်ကျလာချင်တဲ့မျက်ရည်ကြောင့် ကိုယ့်ကိုကိုယ်ပြောလိုက်၏။ သူကတာ့ အစစ်အမှန်တွေပေးလိုက်ရတာ။ မျက်နှာကိုရေအေးအေးနဲ့ ခဏခဏသစ်ပေးတော့ မျက်လုံးအယောင်က တဖြည်းဖြည်းကျလာသည်။ အရှင်းမပျောက်ပေမယ့် တော်တော်ကြည့်ကောင်းတာကြောင့် မျက်နှာသစ်ကာသန့်စင်လိုက်ပြီး အပြင်ထွက်ခဲ့လိုက်သည်။

"ရေချိုးခန်းပွင့်ဖို့ကို မောင်အကြာကြီး စောင့်လိုက်ရတယ် လော့ချထားလို့ ဝင်လာလို့လဲ မရဘူး"

The Time Of Flower Is Blooming Because Of Maung [Complete]Where stories live. Discover now