Part 14

13K 698 14
                                    

Unicode
(Warning !)


ညွှန်း ဘွဲ့ယူတဲ့နေ့မှာ ညွှန်းနဲ့အတူ ခန်းမထဲလိုက်တာက ဂုဏ်ရှိန်တစ်ယောက်ပဲဖြစ်သည်။ နှစ်ဖက်မိဘတွေက ပွဲမစခင်ထဲ ဓါတ်ပုံအတူတူရိုက်ပြီး ပြန်ကုန်ကြပြီဖြစ်၏။ ညွှန်း သူငယ်ချင်းတွေနဲ့ အုပ်စုလိုက်ဓါတ်ပုံရိုက်တာကိုလည်း ဂုဏ်ရှိန်မှာ စောင့်ပေးရသည်။ သူငယ်ချင်းတွေနဲ့လည်း ညွှန်းက သူ့ကိုမိတ်ဆက်ပေးသေးတာဖြစ်သည်။

ဂုဏ်ရှိန် stage ပေါ်တက်ကာ ဘွဲ့လက်ခံယူနေတဲ့ ညွှန်းကိုကြည့်ပြီး ပြုံးနေတဲ့ပါးစပ်ကစေ့မရတော့ချေ။

"ဂုဏ်ရှိန် မျက်စိရှုပ်နေပြီလားဟင်၊ သူတို့ဓါတ်ပုံ နည်းနည်းရိုက်အုန်းမယ်ဆိုလို့"

"မရှုပ်ပါဘူး၊ ဒီနေ့တစ်နေ့လုံး မောင်ကညွှန်းအတွက်ပဲ"

"အဟီး"

ညွှန်းက တကယ့်ကလေးလိုပင်။ သူ့ကိုသွားစေ့ကာ ရယ်ပြသေးတာဖြစ်သည်။

"ညွှန်း လူကြီးလေးဖြစ်သွားပြီ"

"ညွှန်းက အစထဲက လူကြီးပါနော်"

"ညွှန်းစာဆို လာလာ ဓါတ်ပုံရိုက်ရအောင်"

အခန်းအနားပြီးတာတောင် ညွှန်းတို့မှာ ဓါတ်ပုံရိုက်လို့မပြီးသေးပေ။ တီချယ်တွေနဲ့ရိုက်လိုက်၊ စီနီယာတွေနဲ့ရိုက်လိုက်နဲ့ ရှုပ်နေတော့သည်။

"ဟို မောင်လေးဂုဏ်ရှိန်မြင့်မိုရ်ကြိုင်၊ ညွှန်းနဲ့နှစ်ယောက်ထဲ အစ်မတို့ဓါတ်ပုံရိုက်ပေးမယ်လေ"

ဂုဏ်ရှိန် ဘေးကညွှန်းကိုငဲ့ကြည့်လိုက်၏။ ဓါတ်ပုံရိုက်ဖို့သဘောတူလိုက်တဲ့ ဂုဏ်ရှိန်ကြောင့် ပွဲပြီးမှ ညွှန်းတို့အတူတူထပ်ရိုက်ဖို့ဖြစ်လာ၏။ ရုတ်တရက် လေပေါ်မြောက်တက်သွားတဲ့ သူ့ခန္ဓာကိုယ်ကြောင့် ညွှန်း မမှီမကမ်းနဲ့ ဂုဏ်ရှိန့်ပုခုံးကိုဆုပ်ကိုင်ထားလိုက်ရသည်။ ဂုဏ်ရှိန့်အရပ်နဲ့သူ့ကိုမချီလိုက်ပြီးမြောက်တက်သွားတာကြောင့် မြေကြီးနဲ့တော်တော်ဝေးဝေးမြောက်တက်သွားတာဖြစ်၏။

"ဂုဏ်ရှိန်"

"အဟွန်း!"

ဂုဏ်ရှိန်က သူ့ကိုမချီလိုက်တာ။ ညွှန်း ဂုဏ်ရှိန်ပုခုံးကိုကိုင်ကာ ငုံ့ကြည့်မိတော့ ဂုဏ်ရှိန်က သူ့ကိုချီထားရင်း မော့ကြည့်ပြီးရယ်သည်။ သူငယ်ချင်းတွေသူတို့ကို ဓါတ်ပုံရိုက်ပေးပြီးတာတောင် ဂုဏ်ရှိန်ကသူ့ကိုအောက်ပြန်မချပေးသေးချေ။ သူတို့ကိုတခြားသူတွေလည်း ဝိုင်းကြည့်နေပြီမဟုတ်လား။

The Time Of Flower Is Blooming Because Of Maung [Complete]Where stories live. Discover now