Part 19

11.4K 664 37
                                    

Unicode

"မောင် ပါးပါးကိုလည်းမတွေ့ဘူးနော်၊ ပါးပါး ထမင်းဘယ်အချိန်စားလဲ မသိဘူး"

ညွှန်းပြောတာမှန်သည်။ မနက်ဆိုလည်း ပါးပါးကိုမတွေ့၊ ညနေ သူပြန်လာရင်လည်း ပါးပါးကိုမတွေ့။ ဖေဖေ့ မေးကြည့်တော့လဲ အခန်းထဲမှာရှိတယ်‌ပဲပြောပြီး ပါးပါးကိုလုံးဝမမြင်ရ။

ဂုဏ်ရှိန် အပြင်ထွက်ကာ ပါးပါးကိုလိုက်ရှာလိုက်သည်။ အလုပ်ရှုပ်နေတာနဲ့ ပါးပါးကိုမတွေ့မိတာ သတိမထားမိ။ မတွေရင်တော့ မေးမိပေမယ့် အလုပ်ရှုပ်နေတော့ သတိမထားမိပဲဖြစ်နေတာ။

"ကိုကို"

"ဟင်"

"သားတို့ အခန်းထဲဝင်တာ သေချာလို့လား"

"သေချာတယ် လာ၊ အောက်ကိုဆင်းထိုင်မယ်"

တိုးတိုး တိုးတိုးနဲ့ ဖေဖေနဲ့ပါးပါး လှေကားကနေ ဆင်းသွားတာ ဂုဏ်ရှိန် ကြားဖြစ်အောင်ကြားသလို မြင်ဖြစ်အောင်လဲမြင်လိုက်၏။

"သူတို့ကိုရှောင်နေရတာနဲ့ အလုပ်ရှုပ်လိုက်တာ"

"ပါးပါးကို မရှောင်နဲ့ပြောသားပဲ၊ ဖေဖေဆို အေးဆေးပဲလေ"

"တူမလား ကိုကိုကအရှက်မှမရှိတာ"

ဂုဏ်ရှိန်အခုမှနားလည်သွားတော့သည်။ ပါးပါးက နေမကောင်းဖြစ်တဲ့ကိစ္စ ဘာကြောင့်ဖြစ်တာလဲ သူတို့သိသွားတာကို သိနေလို့ သူနဲ့ညွှန်းကို ရှောင်နေတာ။ ဂုဏ်ရှိန် ဖေဖေနဲ့ပါးပါးနောက်ကို ဆက်မလိုက်ပဲ အခန်းထဲပြန်ဝင်ခဲ့သည်။ ပါးပါးကို သူတို့မသိချင်ယောင်ဆောင်မှဖြစ်တော့မှာ။ ပါးပါးရှက်သွားရင် သူတို့တစ်လကိုးသတင်း ပါးပါကိုမြင်ရမှာမဟုတ်။ သူ့ကိုတောင် မွေးထားသေးတာပဲ ဖေဖေနဲပါးပါးကြားမှာ ဒီလိုကိစ္စရှိတာ မထူးဆန်းဘူးလေ။

"မောင် တွေ့လား"

"တွေ့တယ် ပါးပါး ညွှန်းသိသွားတဲ့ကိစ္စရှက်နေတာ၊ အဲ့ဒါကြောင့် မောင်တို့နဲ့တွေ့မှာဆိုးလို့ ရှောင်နေတာ"

"အဟီး ပါးပါးရှက်နေရင် ချစ်စရာနေမှာနော်"

"ဒါပေါ့ ပါးပါးကသေးသေးလေးနဲ့ မြင်မှာဆိုးလို့ ဟိုချောင်းဒီချောင်းနဲ့လေ၊ ပြီးရင် လှစ်ကနဲ လှစ်ကနဲ ထွက်ပြေးတာကလည်း ချစ်ဖို့ကောင်းသေးတာ"

The Time Of Flower Is Blooming Because Of Maung [Complete]Where stories live. Discover now