Part 11

11.3K 679 11
                                    

Unicode

ဂုဏ်ရှိန် ဖေဖေနဲ့အတူတူ လုပ်ငန်းခွင့်ကိုလိုက်ပြီးလေ့လာနေပြီဖြစ်ပြီ ညွှန်းလည်း House ဆင်းဖို့ စာကျလာပြီဖြစ်သည်။ ညွှန်းအတွက် ကားတစ်စီး စီစဉ်ပေးထားပြီး သူတော့လိုက်ပို့လိုက်ကြိုတာတွေမလုပ်။ ညွှန်း အိမ်အပြင်မှာ လွတ်လွတ်လပ်လပ်နေစေဖို့ ဖြစ်သည်။ လွတ်လပ်စေဖို့ လိုက်ကြည့်တာတွေ လိုက်ပို့တာတွေမလုပ်ပေမယ့် ညွှန်းကို သူမှာထားပြီးသား။ ညွှန်း ဘာပဲဖြစ်ဖြစ် သူ့ကိုပြောပြဖို့၊ ထိန်ချန်မထားဖို့။ ညွှန်းလိုတာသုံးဖို့လဲ သူ့ဘဏ်ထဲကို လိုသလောက်ဖြည့်ပေးထားပြီးသားဖြစ်သည်။

"သား ဂုဏ်ရှိန်"

"ဟုတ် ဖေဖေ"

"လာမယ့် ပရောဂျက်တစ်ခု သားကိုင်ချင်လား"

"ကျွန်တော် စပြီးကြိုးစားကြည့်ချင်တယ်"

"ဟုတ်ပြီ အဲ့ဒါဆို သားစီမံဖို့ ဖေဖေ ဝင်မပါတော့ဘူး"

"ဟုတ်ကဲ့"

Manage လုပ်ရုံပဲဆိုပေမယ့် ကြားထဲမှာ လစ်ဟာမှုမရှိအောင် သေချာကွင်းဆင်းကြည့်ရသေးတာဖြစ်သည်။ ကိုယ့်အလုပ်ကို စေတနာရှိရှိ လုပ်ပေးတဲ့သူရှိသလို ပြီးပြီးရော လုပ်တဲ့သူတွေလဲတစ်ပုံကြီးဖြစ်၏။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးမှာ သူ့တို့ခေါင်းပေါ်ကိုပဲ ရောက်လာကြတာ။

ထည်ဝါ သားလက်ကိုလွှဲလိုက်ပြီး အကြံပေးဖို့လောက်ပဲ နေလိုက်တော့သည်။ အချိန်တန် ဒါတွေအားလုံးက သားပဲ ဆက်လုပ်ရမှာ။

ဒေါက်ဒေါက်~

"ပါးပါး"

"အလုပ်တွေ ကြိုးစားနေတာ၊ ဖေဖေရော"

"ဖေဖေ toilet သွားတယ်၊ ပါးပါး ဘာတွေလည်း"

"နေ့လည်စာ လာပို့တာလေ"

"ပါးပါးအလုပ်တွေလုပ်နေပြန်ပြီလား"

"မလုပ်ပါဘူး ဝါဝါထည့်ပေးတာကို ယူလာရုံပဲ"

ပိုးသား စိတ်ပူလွန်းတဲ့သားကို ရှင်းပြရသည်။ အမှန်တော့ သူဝင်ပြီး နည်းနည်းပါးပါး လုပ်လိုက်သေးတာ။ သူ မူးလဲသွားတဲ့နေ့ကစပြီး သားက သူ့ကိုဘာဆိုဘာမှမလုပ်ခိုင်းတော့။ အခန့်မသင့်လို့ဖြစ်သွားတာ။ ဒါကို ဘာမှမလုပ်ပဲနေ‌ရတော့ သူပျင်းနေတော့တာပဲသိသည်။ မေမေက အခု မာမီနဲ့ဖွားဖွားတို့နဲ့သွားနေတော့ ဒီဘက်အိမ်မှာ သူရယ်ကိုကိုရယ်၊ သားနဲ့ညွှန်းလေးရယ် ဝါဝါရယ်ပဲရှိသည်။ သားညွှန်းလေးက house ဆင်းနေရပြီဆိုတော့ သူတသ်ယောက်ထဲပျင်းနေတာနဲ့ နေ့လည်စာ လာပို့လိုက်တာ။

The Time Of Flower Is Blooming Because Of Maung [Complete]Where stories live. Discover now