Part 18

12.1K 659 26
                                    

Unicode

ဖျားသွားတဲ့ညွှန်းမှာ မောင့်ကိုဂျီကျချင်တိုင်း ဂျီကျလို့ရနေ၏။ ဖျားတာက နည်းနည်း ဂျီကျတာက များများရယ်။ မောင်ကလည်း သိသိရက်နဲ့ သူ့ကိုအလိုလိုက်နေတော့ သူကပိုဆိုးနေတော့တာ။ ဒီနေ့တော့ မောင်က အလုပ်သွားမှဖြစ်မှာဆိုတော့ သူတစ်ယောက်ထဲ ပျင်းနေတော့သည်။

"သားညွှန်း ပျင်းနေလား"

"ဟုတ်တယ် ပါးပါး"

"သားဆီ လိုက်သွားချင် လိုက်သွားပါလား"

ဟုတ်သားပဲ မောင့်နောက်လိုက်သွားလို့ရနေတာပဲ။ ပါးပါးပြောမှ အဝတ်မြန်မြန်လဲပြီး မောင့်နောက်ကိုလိုက်သွားဖို့လုပ်လိုက်၏။ သူတစ်ခါမှ ခြေမချဘူးတဲ့ မောင်တို့လုပ်ငန်းစု။ သူအထဲဝင်ပြီး မောင့်ဆီလမ်းညွှန်ပေးဖို့ပြောမလို့ရှိသေး ဝန်ထမ်းတွေက သူ့ကိုသိကာ လိုက်ပို့ပေးသေးတာဖြစ်သည်။

"ဒီအခန်းပါအစ်ကို၊ အထဲမှာဧည့်သည်ရှိခို့ ညီမ အကြောင်းကြားပေးမယ်နော်"

ဓါတ်လှေကားကထွက်တာနဲ့ ဝန်ထမ်းမိန်းကလေးက မောင်ရှိတဲ့အခန်းကိုပြသည်။

"ဟို ညီမလေး အစ်ကိုအပြင်ကပဲစောင့်လိုက်မယ် သူ့ကိုမပြောနဲ့ရတယ်နော်"

"အော် ဟုတ်ကဲ့အစ်ကို ညီမသွားလိုက်အုန်းမယ်နော်"

"ဟုတ်ကဲ့"

သူအပြင်မှာပဲထိုင်စောင့်နေလိုက်သည်။ သူ့ကို ရေဘူးနဲ့အတူ ကော်ဖီရော၊ မုန့်ရော လာချပေးထားသေးတာ။ ညွှန်း ဟိုနေရာလျှောက်ကြည့်လိုက် ပြန်ထိုင်လိုက် ဒီနေရာလျှောက်ကြည့်လိုက်ပြန်ထိုင်လိုက် လုပ်နေ၏။ နာရီဝက်ကျော်ကြာပြီးမှ အခန်းတံခါးဖွင့်သံကြားရတာကြောင့် ညွှန်းငြိမ်ငြိမ်လေး ပြန်ထိုင်နေလိုက်သည်။

"အဲ့ဒါဆို မို့လွင်တို့ဘက်က နောက်ရက် meeting schedule လေးပို့ပေးလိုက်မယ်နော် ဂုဏ်"

"ဟုတ်ကဲ့ schedule ရမှ ကျွန်တော်ဒီဘက်က အချိန်တွေနဲ့ပြန်ညှိပေးမယ်"

"ဂုဏ်နဲ့အလုပ်လုပ်ရတာ စိတ်ချမ်းသိပ်သာတာပဲ၊ မို့လွင်တို့ နောက် ပရောဂျက်တွေလဲ အတူတူလုပ်ဖို့ တောင်းဆိုထားအုန်းမယ်၊ ရတယ်မလား ဂုဏ်"

The Time Of Flower Is Blooming Because Of Maung [Complete]Where stories live. Discover now