really life

4.9K 217 1
                                    

[Unicode]

        ရှောင်အိမ်တော်ရဲ့ အခန်းတစ်ခန်းထဲ၌ အသက်21နှစ်အရွယ်ကောင်လေးတစ်ယောက် king size အိပ်ယာပေါ်တွင် အရုပ်ပေါင်းများစွာရဲ့အလယ်၌အိပ်နေလေသည်။ထိုကောင်လေးကတော့ ရှောင်အိမ်တော်ရဲ့တစ်ဉီးတည်းသောသားလေး ရှောင်းကျန့် လေးပါဘဲ့။မနက်၁၀နာရီထိုးနေပြီဖြစ်သော်လည်း ရှောင်းကျန့်ကတော့မထနိုင်သေးပါ။

အကြောင်းကတော့ညက ဂိမ်းဆော့၊fic ဖတ်ထားသောကြောင့်ဖြစ်သည်။သူကတော့ အခု တက္ကသိုလ်ဒုတိယနှစ်တက်နေတာပါ။ ရှောင်းကျန့်မှာသူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ ကျန်းအိမ်တော်ရဲ့သား ကျန်းချန် နဲ့ ၀မ့်နင် ပါ။၀မ့်နင် ကတော့ မိဘမဲ့ဂေဟာမှာကြီးလာသူလေးပေါ့။

တရုတ်နိုင်ငံရဲ့ Top 2 ရှောင်းအိမ်တော်သခင်လေး နဲ့ Top 3 ကျန်းအိမ်တော်သခင်လေး တို့ရဲ့သူငယ်ချင်းဘယ်လိုဖစ်လာလဲဆိုရင်တော့ အလယ်တန်းနှစ်တုန်းကပေါ့ ၀မ့်နင်အချိန်ပိုင်းအလုပ်ပြီးလို့ ကျောင်းကိုသွားတဲ့လမ်းမှာ စီနီယာအကိုတွေက အနိုင်ကျင့်နေတုန်း အိပ်ယာနောက်ကျမှထမိလို့ကျောင်းနောက်ကျတော့မယ်ဆိုပြီး စက်ဘီးကိုအမြန်မောင်းခိုင်သူ ရှောင်းကျန့်နဲ့ စက်ဘီးမောင်းသူ ကျန်းချန်တို့နှင့်ဆုံပါလေရော။ စိနီယာတွေကတော့ သူတို့နှစ်ယောက်ကိုမြင်တာနဲ့တန်းနေအောင်ကိုပြေးပါ၏။အင်း....... ပြောရမယ်ဆိုရင်တော့ကျန်းချန်ကိုမြင်လို့ပြေးတာဆိုပိုမှန်လိမ့်မယ်။ အဲမှာပဲ့ဝမ့်နင်ကိုကူညီရင်းနဲ့ တစ်ယောက်ကိုတစ်ယောက်မိတ်ဆက်ကာ အခုထိခင်လာတယ်ပဲ့ ဆိုပါတော့။

( kay -အောက်မလေး လိုရင်းကိုမရောက်တော့ဘူး )

ရှောင်းကျန့်လေကတော့ ဘာဆိုဘာမှမလုပ်တတ်တဲ့ငပျင်းလေးပေါ့ ။ ဒါပေမဲ့သူလေးရဲ့စိတ်ထဲမှာတော့အမြဲတမ်းမိဘဂုဏ်ယူရတဲ့သားလေးဖြစ်ချင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ရှောင်းပါးနဲ့ရှောင်းမားကတော့ သူတို့ရဲ့တစ်ဉီးတည်းသော သားလေးကို ဘာဆိုဘာမှမလုပ်ခိုင်းပါ။လိုချင်တာဝယ်ပေးတယ်။စာချင်တာဝယ်ကျွေးတယ်။ဒါပေမဲ့ သူလုပ်ချင်တာတွေကိုပြောပြလိုက်တဲ့အခါမှာတော့ ဘာဆိုဘာမှမလုပ်ခိုင်းပါ။

A System For Lazy PeopleWhere stories live. Discover now