Arc[3.13]

1.1K 93 2
                                    

[Unicode]

baby ကိုကုသနေတဲ့အခန်းထဲရောက်တော့ ကုတင်ပေါ်တွင်ဖြူဖျော့စွာအိပ်ပျော်နေတဲ့ သူတို့ရဲ့ချစ်ရသူလေး။ baby  ရှိရာကုတင်ဘေးတွင်ထိုင်ကာ သူတို့စိတ်ထဲတွေးမိသည်က ဒီ၅ရက်အတွင်း baby လေးအရမ်းကိုကြောက်နေမှာပဲ့ဆိုတာပါပဲ့။

ဒါကိုတွေးမိတာနဲ့ ဟိုကုတင်ပေါ်က၂ကောင်ကို သတ်ဖြတ်ချင်လာတော့တယ်။ သူတို့ baby ကိုကြည့်ကာအတွေးလွန်နေတုန်း အခန်းထဲ၀င်လာသံကြား၍ကြည့်လိုက်တော့ baby သူငယ်ချင်းတွေ ဖြစ်နေသည်။ Dario နဲ့ Vera အကြည့်နဲ့စကားပြောကာ ခေါင်းညိတ်လိုက်မိသည်။

Dario{ Emilia တို့ baby ကိုခနလောက်စောင့်ကြည့်ပေးနိုင်မလား ကျွန်တော်တို့ ၂ယောက်ရှင်းစရာလေးရှိလို့ပါ}

Emilia{ ရဒါပေါ့ Chase လေးကိုကျွန်မတို့ကြည့်ပေးထားပါ့မယ် စိတ်မပူပါနဲ့}

Dario,Vera{ကျေးဇူးပါ}

ဆိုပြီး ပြောကာ သူတို့၂ယောက်ထွက်လာတဲ့နေရာက စခန်းရဲ့ မြေအောက်ဘက်မှာတည်ဆောက်ထားတဲ့
မြေအောက်အကျဥ်းထောင်ပါပဲ့။ သူတို့ရဲ့စခန်းအောက်မှာ မြေအောက်ကယ်ဆယ်ရေးစခန်း ရှိသလို မြေအောက်အကျဥ်းထောင်လဲ တည်ဆောက်ထားလေသည်။

ဟို၂ယောက်ကိုဖမ်းထားတဲ့ အကျဥ်းထောင်အနားရောက်တော့ သူတို့ခြေလှမ်းများခနလောက်ရပ်ကာ အထဲကလူ၂ယောက်အခြေအနေကိုကြည့်လိုက်သည်။ ထောင်ထဲရောက်နေတဲ့ သူတို့အဖြစ်ကိုမသိနိုင်လောက်သည်အထိ  အိပ်စက်နေကြတဲ့ သူ၂ယောက်ကိုကြည့်ကာ Dario နဲ့ Vera အတော်ကိုမှဒေါသထွက်နေလေသည်။

Vara* baby ကိုဒုက္ခပေးပြီးအိပ်နိုင်ကြသေးတယ်ပေါ့လေ*

Vera အကျဥ်းသားကိုစောင့်ကြည့်နေတဲ့ စခန်းသား၂ယောက်ကိုခေါ်ကာ အမိန့်ပေးလိုက်လေသည်။

Vera{ နင်တို့၂ယောက် စားဖိုဆောင်သွားပြီး ရေပူ၂ပုံးနဲ့ ဆားရေဖျော် ၂ပုံးယူလာခဲ့}

စခန်းသား၂ယောက်{ဟုတ်  ခေါင်းဆောင်}

စခန်းသား၂ယောက်ထွက်သွားတာနဲ့ သူတို့အကျဥ်းခန်းထဲ၀င်ကာ အကျဥ်စခန်းနံရံပေါ်ကလက်နက်တိုလေးတွေကို ရွေးနေလိုက်သည်။ ခနကြာတော့ စခန်းသား ၄ယောက်၀င်လာကာ ရေပူနဲ့ဆားရည်ကို ချထားခဲ့ပြီး ထွက်သွားပါတော့သည်။

A System For Lazy PeopleWhere stories live. Discover now