Arc[3.4]

1.4K 130 3
                                    

[Unicode]

မနက်ခင်းနေအလင်းရောင်နဲ့အတူ Chase တစ်ယောက်နိုးထလာပါတော့သည်။ နိုးနိုးချင်းအကြောဆန့်ရန်လုပ်လိုက်ပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်ကလှုပ်လို့မရဖြစ်နေလေသည်။ သူလဲမဖွင့်သေးတဲ့မျက်လုံးကို ဖြေးဖြေးချင်းဖွင့်ကာကြည့်လိုက်တော့ ကြီးမားကျယ်ပြန့်တဲ့ရင်အုံကြီးကိုမြင်လိုက်ရသည်။

ပြီးတော့ သူ့ရဲ့ခါးကိုတင်းကြပ်စွာဖက်ထားတဲ့လက်တစ်ဖက် ကျန်တဲ့တစ်ဖက်ကတော့ သူ့ခေါင်းအောက်မှာရှိနေလေသည်။ Chase လဲခေါင်းကိုဖြေးဖြေးချင်းမော့ကာကြည့်လိုက်တော့ခန့်ညားလွန်းတဲ့မျက်နှာကိုမြင်လိုက်ရသည်။ပြီးတော့ ကြီးမားတဲ့လည်ဇက်ခလုပ်ကြီး ။

Chase လဲသူ့ယောက်ျားကိုငမ်း အဲ...မှားလို့ ငေးနေရာကနေ တစ်ခုခုကိုသတိရလာတော့သည်။

Chase* ဒါနဲ့ ငါဘယ်လိုလုပ်  Dario ရင်ခွင်ထဲရောက်နေတာလဲ*

yz"morning host ,host ညတုန်းကအိပ်ပျော်သွားတာနဲ့ ဗီလိန်ကြီးကသူ့ရင်ခွင်ထဲဆွဲသွင်းပြီး အိပ်လိုက်လို့ပါ"

Chase" အော်....လက်စသတ်တော့ငါ့လင်က ငါ့ကိုမြင်မြင်ချင်းချစ်သွားတာကို"

yz" ဟုတ်တယ် host"

Chase လဲ ရိကျန့်နဲ့ပြောပြီးတာနဲ့ Dario ကိုနိုးလိုက်ပါတော့သည်။

Chase{ ကိုကို ကိုကို ထပါအုံး Chase ထလို့မရတော့ဘူး ကိုကို}

Dario{အင်း~ ဘာဖြစ်လို့လဲ baby}

Chase နိုးတော့ကိုယ်လေးလှုပ်လာကာ မျက်လုံးဖွင့်ပြီးမေးလာပေမဲ့ သူကိုဖက်ထားတဲ့လက်တွေကတော့ လွှတ်ပေးဖို့အစီအစဉ်မရှိသေးဘူးထင်တယ်။ ပြီးတော့ ခေါ်လိုက်တာက baby တဲ့လေ။

Chase{ကိုကို  Chase ကိုဖက်ထားတာ Chase အိပ်ယာကနေထလို့မရတော့ဘူးလို့ အဲတာ...}

Dario{အာ... sorry baby ကိုယ်အခုပဲ့ဖယ်ပေးမယ်}

Chase{ ဟုတ် ကျေးဇူး ကိုကို ဒါဆို Chase မျက်နှာသွားသစ်လိုက်ဉီးမယ်}

ဆိုပြီး ရေချိုးခန်းထဲ ကိုဝင်ကာသန့်ရှင်းရေးလုပ်ပြီး ပြန်ထွက်လာတော့သူ့အတွက် အက္လျီထုတ်ပေးထားတာကိုမြင်လိုက်ရသည်။ သူလဲပြင်ဆင်ပြီးတာနဲ့ အခန်းပြင်ထွက်လိုက်တော့
ဧည့်ခန်းထဲ မနက်စာပြင်ပြီး ထိုင်စောင့်နေတဲ့ ကိုကို ကိုမြင်လိုက်ရသည်။

A System For Lazy PeopleWhere stories live. Discover now