Arc[4.12]

726 69 7
                                    

[Unicode]

Ye Mi{baby ဖြေးဖြေး Daddy ကိုတွဲပြီးဝင် }

သူနဲ့ Daddy ကတော့ ပိစိလေးကို စစ်ဆေးဖို့အတွက် အရင်ဝင်သွားလိုက်လေသည်။

___________________

စစ်ဆေးအခန်းထဲရောက်တော့ သူအနည်းငယ်စိတ်လှုပ်ရှားမိသည်။ ဘာဖြစ်လို့လဲဆိုတော့ အရင်ကဘ၀တွေမှာ တုန်းကသူကလေးမမွေးခဲ့ရဘူးလေ။ 'ကော' ဘ၀တုန်းကလဲ အဆိပ်ဒဏ်ကြောင့် သူ့မှာကိုယ်ဝန်ဆောင်ဖို့အတွက်က လုံးဝမဖြစ်နိုင်ပေ။

အခု ဒီဘ၀မှာတော့ သူ့ရဲ့ပထမဆုံးသော ကိုယ်ဝန်၊ပထမဆုံးသော ရင်သွေးလေးကို လွယ်ထားရလေပြီ။ သူ့ကို မပျော်ဘူးလားလို့မေးကြည့် သေချာပေါက် အရမ်းကိုမှပျော်ရွှင်တာပေါ့။ ချစ်တဲ့သူနဲ့ ရတဲ့သွေးသားရင်းလေ...။

ကုတင်ပေါ် လှဲနေတဲ့ သူ့ရဲ့လက်ကိုကိုင်ထားတဲ့ Daddy ကိုကြည့်လိုက်တော့ သူထက်တောင်ပိုပြီးစိတ်လှုပ်ရှားနေလေသည်။ သူကြည့်လိုက်တော့ Daddy ကသူ့ကိုပြန်ပြုံးပြကာ စိတ်လှုပ်ရှားမှု နည်းအောင်ထင်တယ်...လက်ဖမိုးလေးကို ပွတ်သပ်ပေးနေလေသည်။

Xue Man တို့ကတော့ သူ့ရှေ့မှာအကြည်စိုက်နေတဲ့ ၂ယောက်ကိုကြည့်ပြီး မရှိတဲ့ ရည်းစားကိုတောင် လွမ်းလာသလိုလို။ ဒါပေမဲ့လဲ လွမ်းဆွတ်မှုကို ခနလောက်အမှိုက်ပုံးထဲ ပစ်ချကာ ကိုယ့်အလုပ်ကိုဆက်လုပ်ဖို့အတွက် အရှေ့က၂ယောက်ကို အသံပေးလိုက်လေသည်။

Xue Man{အဟမ်း! ကျွန်တော်စပါတော့မယ်}

သူ့အသံကြားတော့ အရှေ့က၂ယောက်ရဲ့ အကြည့်တွေဟာ သူ့ဆီကိုပုံကျလာပါတော့သည်။

Xue Man*ဘာလားဟ!!*

Mr.Ye က သူ့ကို အစိမ်းလိုက်စားတော့မယ့် မျက်လုံးတွေနဲ့ကြည့်လာပြီး သူ့သူငယ်ချင်း ဗိုက်ပူကြီးကတော့ အလိုက်ကိုမသိတဲ့ကောင် ဆိုတဲ့ပုံစံနဲ့ ကြည့်လာလေသည်။

Xue Man*ဟ! ဘာလို့ငါ့ကိုကြည့်နေကြတာတုန်း မင်းတို့ကိုအသံမပေးပဲ Ro တာထိုင်ကြည်နေရအောင် အနောက်မှာ မင်းဘိုးအေလေး...အဲ..မဟုတ်ဘူး အုံဖွ အုံဖွ မှားသွားတယ် ကန်တော့ ကန်တော့🙏🏻🙏🏻 အနောက်မှာ မင်းလိုကိုယ်ဝန်သည်တွေ ထိုင်စောင့်နေတာ တစ်ပုံကြီးဟ *

A System For Lazy PeopleWhere stories live. Discover now