Arc[3.9]

1.3K 114 0
                                    

[Unicode]

မနက်ခင်း နေရောင်ခြည်လေးနဲ့အတူ Chase တစ်ယောက်နိုးထလာပါတော့သည်။ သူ့ခန္ဓာကိုယ်လေးကို အနည်းငယ်လှုပ်ရှားမိတော့ ဆစ်ခနဲ နာကျင်မှုကိုခံစားရကာ တင်းကြပ်စွာဖက်ထားခြင်းခံရသည်ကိုလဲ သတိထားမိလိုက်လေသည်။ သူလဲ မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်ကာ ကြည့်လိုက်မိတော့ အိပ်ပျော်နေတဲ့ Dario ကိုတွေ့လိုက်ရသည်။

အိပ်ပျော်နေပုံလေးက ညကကြမ်းတမ်းစွာအပြစ်ပေးခဲ့သူမှာ သူမဟုတ်သည့်အတိုင်းပင်။ ကျန်တဲ့အချိန်ဆို ခန့်ညားမှုတွေကိုမြင်ရပေမဲ့လဲ အိပ်နေချိန်မှာတော့ ၃နှစ်အရွက်ကလေးလေးတစ်ယောက်လို ချစ်ဖို့ကောင်းနေပြန်လေသည်။ သူ Dario ကိုကြည့်နေတုန်း ရုတ်တရက် ကြွက်စုတ်ကြွက်နာ၏အသံကိုကြားလိုက်ရသည်။

yz" Good morning ပါ host , host ရဲ့ကြွက်စုတ်ကြွက်နာ system လေးက host ကို morning kiss ပေးမယ်လေ မွ😘"

Chase" အီ...🤢 မင်းရဲ့ kiss ကို မင်းလင်အတွက်ပဲ့ချန်ထားလိုက်ပါကွာ ငါ့မှာ kiss ပေးမဲ့ ငါ့ယောက်ျားရှိပြီးသား"

yz" သိပါတယ် host ရယ် အရေးထဲ ကြော်ညာက၀င်လိုက်သေးတယ် ဒီကလဲချစ်လို့ပေးတာကို ဟွန့်!"

Chase"အော်.....ဒါဆို ငါ့လင်အရှေ့မှာ ငါ့ကို kiss ပေးလိုက်လေ "

yz" ဟဲဟဲ host လင်တွေ့ရင် ကျွန်တော်တစ်စစီဖြစ်သွားမှာပေါ့ "

Chase"အို! သိရင်လဲ ကောင်းတာပေါ့  ဒါနဲ့ ရိကျန့် ငါမင်းကိုမေးစရာရှိတယ်"

yz" မေးပါ host"

Chase" ညက စိတ်ကြွဆေးကို ဘယ်ကရတာလဲ"

သူမေးလိုက်တော့ စပ်ဖြဲဖြဲမျက်နှာနဲ့ သူ့ကိုကြည့်ကာဖြေလေသည်။

yz"ဟဲဟဲ   အဲတာကလေ မတော်တဆ ဇာတ်လိုက်မဆီက ခိုးလာတာပါ"

Chase" ဘာ!!!"

yz"ဖြေးဖြေးအော်ပါ host ရယ်.....နားတွေကန်းကုန်တော့မှာပဲ့"

သူအော်ရင်လဲ အော်ချင်စရာပဲ့လေ စဉ်းစားကြည့်ပါလား ဒီခေတ်ဒီခါကြီးမှာ ဇာတ်လိုက်မက စိတ်ကြွဆေးကို ဘယ်ကနေရလာတာလဲ တွေးချင်စရာပါပဲ့။

yz"တွေးမနေနဲ့ host ဇာတ်လိုက်မက ဆေးပညာအနည်းငယ်ကျွမ်းကျင်ပါတယ် ပြောရမယ်ဆို ကပ်မဖြစ်ခင်က သူ့မိဘတွေရဲ့အလုပ်က  ဥပဒေနဲ့မကင်းလွှတ်တဲ့ အလုပ်ပါ သု့မိဘ၂ပါးစလုံးကသိပ္ပံပညာရှင်တွေဖစ်ပြီး တရားမ၀င်တဲ့ ဘိန်းအမျိုးမျိုးနဲ့စိတ်ကြွဆေတွေကို ဖော်စပ်ထုတ်လုပ်ပြီး အမှောင်လောကသားတွေကို ရောင်းချပါတယ် host သူ့တို့ရဲ့သားဖြစ်တဲ့ ဇာတ်လိုက်မ Miles ကိုလဲသူ့တို့မရှိရင် သူ့တို့လုပ်ငန်းကို အမွေဆက်ခံရမှာပဲ့မလို့ ငယ်ငယ်ကတည်းက ဒီလိုဆေးဖော်စပ်နည်းတွေကိုသင်ပေးခဲ့တာပါ host  "

A System For Lazy PeopleWhere stories live. Discover now