Arc[2.1]

1.9K 137 1
                                    

[Unicode]

(kay- အနောက်ဆောင်ရဲ့ ရာထူးအဆင့်လိုက်ကိုပြောပြမယ်နော်

ဧကရီ (ဘုရင် နှင့်တန်းတူအာဏာရှိ)

မိဖုရာကြီး

တောင်နန်းစံ မိဖုရား

မြောက်နန်းစံ မိဖုရား

ကိုယ်လုပ်တော် (အကတ်အသတ်မရှိ)

ကြီးစဉ်ငယ်လိုက်ပါ နော် ဒါကကိုယ့်စိတ်ကူးနဲ့ ပုံဖော်ထားလို့ပါ)

xz " အော်မသေခင်အချိန်ကို ပို့လိုက်တာပဲ့"
_______________
(kay - ဒီကနေစပြီး ရှောင်ကျန့်ကို ယွိလျန်လို့ရေးမယ်နော်)

ခနကြာတော့ အစေခံမလေးတစ်ယောက်လာကာ

{တောင်နန်းစံ မိဖုရား စားတော်ပွဲတည်ရမယ့်အချိန်ရောက်ပါပြီ}

ယွိလျန် {ကောင်းပြီ ထားခဲ့ပြီးရင် ပြန်လို့ရပြီ}

{ဟုတ် တောင်နန်းစံ မိဖုရား}

အစေခံတွေထွက်သွားပြီးနောက်

ယွိလျန် {ရှောင့်ရုံ }

သူနာမည်ခေါ်လိုက်တာနဲ့ ထွက်လာတဲ့ မူလကိုယ်ရဲ့ သက်တော်စောင့်လည်းဖြစ်သလို သူ့နဲ့ငယ်ငယ်ကတည်းက ကစားလာခဲ့တဲ့ အစေခံမလေးလည်းဖြစ်သည်။

ရှောင့်ရုံ { ဟုတ် တောင်နန်းစံမိဖုရား}

ယွိလျန် { သခင်လေးလို့ ခေါ်ရင်ရပြီလေ ဘာကို တောင်နန်းစံ မိဖုရားလဲ သခင်လေးလို့ခေါ်}

ရှောင့်ရုံ { မသင့်တော်.. }

ယွိလျန် {ဘာကိုမသင့်တော်ရမှာလဲ အိမ်တော်မှာနေတုန်းကလိုပဲ့ခေါ်လေနော် ယွိလျန်ကိုယ်တိုင်ခေါ်ခိုင်းတာပဲ့ဟာကို ခေါ်ကြည့်လေ နော်}

ဆိုပြီးချွဲကာခေါ်ခိုင်းနေတော့သည် ။ရှောင့်ရုံမှာတော့ သူ့သခင်လေးရဲ့ချွဲနေပုံကိုကြည့်ကာ ခနတော့အံ့သြသွားသည် ။သူ့သခင်ကအနေအေးတယ်လေ နန်းတော်ထဲရောက်ကတည်းက သူ့ကိုခေါ်လေ့မရှိဘူး ။ ဒါပေမဲ့ သခင်လေးရဲ့ ဒီလိုပုံက အပူအပင်မရှိတဲ့ ကလေးလိုပဲ့ ချစ်ဖို့ကောင်းလိုက်တာ ။

ရှောင့်ရုံ { ဟုတ် တောင်နန်း အဲ သခင်လေး }

ယွိလျန် { အင်းအင်း ရုံရုံ ဒီသခင်လေး ရှောင့်ရုံကို ရုံရုံ လို့ခေါ်မယ်နော် }

A System For Lazy PeopleWhere stories live. Discover now