Arc[4.10]

805 76 15
                                    

[Unicode]

Kay( ဒီအခန်းကနေစပြီး Ye Wai ကို Gu Wei အဖြစ်ပြောင်းရေးပါမယ်)

Gu Wei တစ်ယောက် ယဲ့အိမ်တော်ရှေ့မှာစိုက်ထားတဲ့ ပန်းပင်များကို ကြည့်နေလေသည်။ ပန်းတော်တော်များများက အတော်ကိုရှားပါတဲ့ပန်းမျိုးတွေပင်ဖြစ်သည်။ သူမသိတဲ့ ပန်းတွေတောင်ရှိသေးသည်။

သူပန်းတွေကို ထိကိုင်လိုက်၊နမ်းရှိုက်လိုက် လုပ်နေတုန်းမှာပဲ့ ကျောဘက်ကနေ တစ်ယောက်ယောက်ဖက်ခြင်းကိုခံလိုက်ရလေသည်။ အစကတော့ လန့်သွားပေမဲ့ ရင်းနှီးနေတဲ့ ကိုယ်သင်းရနံ့လေးကြောင့် ထိုသူဘက်ကိုလှည့်ကာ ထိုသူ၏ရင်ခွင်သို့ မှီခိုလိုက်လေသည်။

Ye Mi{အသက် ကိုယ်မေးစရာရှိတယ်}

Gu Wei{မေးလေ Daddy}

Ye Mi{ အသက်ဘာလို့ လီမိန်းကလေးကို အိမ်တော်မှာနေခွင့်ပေးလိုက်တာလဲ ကိုယ်ကသူမအတွက် နေဖို့သက်သက်စီစဉ်ထားပြီးသားပါ စောင့်ရှောက်မဲ့ သူတွေရောပေါ့}

Daddy စကားဆုံးတာနဲ့ သူလဲရင်ခွင်ထဲမှထွက်လာကာ Daddy ကိုကြည့်လိုက်လေသည်။

Gu Wei{ Daddy သိမှာပါ baby က Daddy အပေါ် ဘယ်လောက်ထိချစ်လဲဆိုတာ}

Ye Mi{သေချာပေါက်သိတာပေါ့ Daddy လဲ baby ကို အရမ်းချစ်တယ်}

Daddy ရဲ့အဖြေကြောင့် သူပြုံးလိုက်မိသည်။ ဒါပေမဲ့ သူ့အပြုံးတွေဟာ အရင်ချိန်တုန်းက အချစ်စကားတွေပြောရင်ပြုံးတတ်တဲ့ အပြုံးလောက် သက်ဝင်မနေပေ။

Gu Wei{ baby သူ့ကို ဒီအိမ်တော်ကြီးမှာ ထားနိုင်တယ် သူလိုသမျှကိုလဲ ဖြည့်စည်းပေးနိုင်တယ် ဒါပေမဲ့..... Daddy ကိုတော့ မပေးနိုင်ဘူး}

Gu Wei ဟာ ထိုစကားပြောရင်း မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာလေသည်။

Gu Wei{ တကယ်လို့ အိမ်ခွဲထားရင် ဟင့်~ Daddy က လီမိန်းကလေးဆီသွားပြီး အင့်~ဟင့်~ baby ဆီကို ပြန်မလာတော့ရင် ဘယ်လိုလုပ်မလဲ အင့်~ baby ကြောက်တယ်}

Ye Mi အသက် ရဲ့စကားတွေကြောင့် သူ့ကိုယ်သူ တော်တော်ဒေါသထွက်မိသည်။ သူသာ သတိထားဆင်ခြင်ခဲ့ရင် အဲ့ဒီနေ့တုန်းကသူသာမသောက်ခဲ့ရင် ဒီကိစ္စတွေဟာ ဖြစ်လာမှာမဟုတ်သလို ဖြစ်လာစရာလဲအကြောင်းမရှိပေ။

A System For Lazy PeopleWhere stories live. Discover now