Arc[4.9]

941 85 7
                                    

[Unicode]

Ye Mi*တောင်းပန်ပါတယ် အသက် ဒီကိစ္စကြောင့်နဲ့ အသက် ကိုစိတ်မထိခိုက်စေရအောင် ကိုယ်ဖြေရှင်းပေးမှာမို့လို့ Daddy ကိုတစ်ယောက်ထဲပစ်မထားခဲ့ပါနဲ့ baby တောင်းပန်ပါတယ်*

___________________

Ye Mi အိပ်ပျော်နေတဲ့ baby ရဲ့ နဖူးလေးကို အနမ်းပေးကာ baby အခန်းထဲမှထွက်လာလိုက်သည်။ သူ့မှာ ရှင်းစရာတွေ လုပ်စရာတွေ အများကြီးရှိသေးသည်။ ဒီအရာတွေကိုသာ မရှင်းထုတ်ရင် သေချာတယ်... နောက်ဆို baby လေး ပိုပြီးစိတ်မချမ်းမြေ့ဖြစ်ရမယ် ဆိုတာ။

Ye Mi အလုပ်ခန်းထဲကိုဝင်ကာ သူ့လက်ထဲကဖုန်းကို တစ်ချက်ကြည့်လိုက်မိသည်။ အမှန်းတိုင်းပြောရမယ်ဆိုရင် ဖုန်းမျက်နှာပြင်ပေါ်မှာ ပေါ်နေတဲ့ ဖုန်းနံပါတ် ကိုကြည့်နေတာဖြစ်သည်။

ထို နံပါတ် အပေါ်တွင် မှတ်ထားတဲ့နာမည်ဟာ တခြားသူမဟုတ် ဇာတ်လိုက်မ အကိုနာမည်' Li Xing ' ပင်ဖြစ်သည်။ Ye Mi ခနလောက် ကြည့်ပြီးတာနဲ့ ထိုနံပါတ်ကို ကျော်ကာ တခြားနံပါတ်တစ်ခုကို ဆက်လိုက်လေသည်။

📱{Hello Mr.Ye အမိန့်ရှိပါခဗျ}

Ye Mi{ 📱အင်း ရှေ့နေကြီးကို လူ၂ယောက်အကြောင်း စုံစမ်းခိုင်းချင်လို့}

📱{ဟုတ်ကဲ့ ပြောပါ ကျွန်တော်နားထောင်နေပါတယ်}

Ye Mi{📱 Li အိမ်တော်ရဲ့...$&%@#%$&}

📱{ဟုတ်ကဲ့ ကျွန်တော် အခုပဲ့စုံစမ်းလိုက်ပါ့မယ်}

📱တီ!!တီ!!တီ!!

ဖုန်းကျသွားတာနဲ့ သူလဲ ထိုအခန်းထဲခနလောက် ထိုင်နေလိုက်သည်။ Ye Mi တစ်ယောက် အလုပ်ခန်းထဲအတွေးများနေသလောက် တစ်ဖက်အခန်းထဲ သူအိပ်ပျော်နေပြီလို့ထင်ရတဲ့ baby လေး တစ်ယောက်ကတော့ ရိကျန့်အကူအညီနဲ့ သူပြောသမျှကို ခိုးနားထောင်နေခဲ့သည်။

Ye Wai" အို! တော်လိုက်တဲ့ငါ့ယောက်ျား Li မျိုးနွယ် ၂ယောက်စလုံးရဲ့ အကြောင်းကိုတောင်စုံစမ်းခိုင်းလိုက်သေးတယ်"

Yz " အစကတော့ host လင်က ဇာတ်လိုက်မ အကို Li Xing ကို စုံစမ်းခိုင်းမလို့ပါပဲ့...နောက်မှ Li မျိုးရိုးကိုသတိထားမိသွားပြီး လူပြောင်းစုံစမ်းခိုင်တာပါ"

A System For Lazy PeopleWhere stories live. Discover now