Arc[4.14] end

588 59 1
                                    

[Unicode]

မှောင်မိုက်ခြင်းတွေသာ ကြီးစိုးနေတဲ့နေရာတစ်ခုတွင် လူ၂ယောက်ဟာသတိမေ့မျှောနေလေသည်။ အတိအကျပြောရရင် ယောက်ျားလေး၁ယောက်နဲ့မိန်းကလေး၁ယောက် မေ့မျှောနေလေသည်။

ထိုအချိန်တွင် ရုတ်တရက် ဆိုသလိုအမှောင်ထုကြီးကြားမှ မီးရောင်တစ်ခုဟာ လင်းလက်သွားပြီး လူတစ်ယောက်ဝင်လာကာ ကုလားထိုင်ပေါ်တွင်ထိုင်ပြီး သူ့အရှေ့မှာအိပ်ပျော်နေတဲ့၂ယောက်ကို စိုက်ကြည့်လိုက်လေသည်။

ထိုသူမှာ တခြားသူမဟုတ် ဇာတ်လိုက် Ye Mi ဖြစ်ပြီး သူ့အရှေ့တွင်အိပ်ပျော်နေသူ ၂ယောက်မှာတော့ ဇာတ်လိုက်မ Li Yue Shan နဲ့ အကိုဖြစ်သူ  Li Xing ပင်ဖြစ်သည်။ သူတို့အခုရောက်နေတဲ့နေရာကတော့ ယဲ့အိမ်တော်ရဲ့ မြေအောက်ခန်းတွင်ဖြစ်သည်။

Ye Mi သူ့ရဲ့ အသဲအသက်၂ယောက်ကို လာထိတဲ့သူ၂ယောက်အား စိုက်ကြည့်နေသည်။ နောက်တော့ စိတ်မရှည်တော့တာနဲ့ တံခါးနားရပ်နေတဲ့ သူ့တပည့်တစ်ယောက်ကိုခေါ်ကာ အရှေ့က၂ယောက်ကိုနှိုးခိုင်းလိုက်သည်။

တပည့်ဖြစ်သူကအလိုက်သိစွာပင် မိန်းမဖြစ်သူကိုမနှိုးမချင်းပါးရိုက်နှိုးလိုက်ပြီး ယောက်ျားလေးဖြစ်သူကိုတော့ ဓားတိုတစ်လက်ယူကာ ပေါင်ကိုထိုးစိုက်လိုက်လေသည်။ ဇာတ်လိုက်မ နဲ့ သူမအကိုဖြစ်သူ၂ယောက်စလုံးမှာ နာကြင်မှုကြောင့် အလန့်တကြားနှိုးလာကြလေတော့သည်။

Ye Mi{နှိုးကြပြီးလား}

Ye Mi ရဲ့အသံကိုကြားတာနဲ့ ၂ယောက်စလုံးရဲ့အကြည့်တွေဟာသူ့ဆီရောက်လာပြီး ဇာတ်လိုက်မကတော့ Ye Mi ကိုမြင်ရလို့ ၀မ်းသာသွားပေမဲ့ အကိုဖြစ်သူကတော့ ထိတ်လန့်ကြောက်ရွံ့မှုကြောင့် တစ်ကိုယ်လှုံးတုန်ရီလို့လာလေသည်။

Li Yue Shan{ Mr.Ye ကျွန်မဆီကိုလာတာလားဟင် }

Li Yue Shan ဟာသူမနဘေးတွင် ရှိနေတဲ့အကိုဖြစ်သူကိုတောင်မမြင်နိုင်တဲ့အထိ Ye Mi သူမဆီလာတယ်ဆိုပြီးဝမ်းသာနေလေသည်။

Ye Mi{ ဟက်~အရှေ့ကိုပဲ့ကြည့်ပြီး သူများယောက်ျားကို အပိုင်ကြံဖို့ပဲ့စဉ်းစားမနေနဲ့ မင်းဘေးမှာထိုင်နေတဲ့ မင်းအကို...မဟုတ်ဘူး မင်းယောက်ျားဖြစ်သူကိုလဲကြည့်လိုက်အုံး }

A System For Lazy PeopleWhere stories live. Discover now