Arc[3.7]

1.3K 121 1
                                    

[Unicode]

Chase နဲ့ Dario တို့လုပ်ကြံသူလေ့ကျင့်ကွင်းထဲ လေ့ကျင့်နေတာဒီနေ့နဲ့ဆိုရင်၂ရက်ရှိပြီ။ပြီးတော့ ဇာတ်လိုက်ပြန်လာတော့မဲ့နေ့လဲဖြစ်သည်။ Chase ရဲ့တိုက်ခိုက်မှုစွမ်းရည်ကလဲ၂ရက်အတွင်းမှာကို အရမ်းပဲ့တိုးတက်လာခဲ့လေသည်။ တစ်ခါတစ်လေ Dario မအားတဲ့အချိန်ဆို သူ့မှာတော့တစ်ယောက်ထဲကျန်ခဲ့လေသည်။

အဲလိုအချိန်ရောက်တိုင်းလဲမပျင်းရလေအောင် Layla နဲ့အတူ ထောင်ပံ့သူတို့လေ့ကျင့်တဲ့နေရာတွင် သူ့ရဲ့အမွှာထောက်ပံ့သူလက်နက်နဲ့ သွားရောက်လေ့ကျင့်လေ့ရှိသည်။ တစ်ခါတစ်လေကျရင်လဲ လုပ်ကြံသူလေ့ကျင့်ကွင်းထဲတွင်တစ်ယောက်တည်း လေ့ကျင့်နေလေသည်။

ပြီးတော့ ဒီ၂ရက်အတွင်း ဘာမှမထူးခြားလာတဲ့အရာတစ်ခုရှိတယ်။ အဲ့ဒါကတော့ Chase နဲ့ လင်တော်မောင်ဖြစ်တဲ့
ဗိလိန် Dario တို့ရဲ့ဆက်ဆံရေးပဲ့ဖြစ်သည်။ ဘာဆိုဘာမှကိုမထူးခြားလာပဲ နေ့တိုင်းပုံမှန်လိုပဲ့နေနေတာမို့ ကြာလာတော့ငါ့လင်မှဟုတ်ရဲ့လားလို့တောင်သံသရ၀င်မိသေးသည်။

အခုလဲ လုပ်ကြံသူလေ့ကျင့်ကွင်းထဲ Chase တစ်ယောက်လေ့ကျင့်နေရင်း ရိကျန့်နဲ့စကားပြောနေလေသည်။

yz" host ကျွန်တော် ဗီလိန် ကိုစိတ်ကြွဆေးခတ်လိုက်ရမလား"

Chase" ရိကျန့်!!!"

yz"ခညား..."

Chase" ငါအခုချိန်မှာစိတ်ကရှည်နေတာမဟုတ်ဘူးနော် ငါမကျေနပ်တာသူငါ့ကိုအခုထိ ဖွင်မပြောသေးတာကိုပဲ့"

သူရိကျန့်ကို ပြောနေရင်းနဲ့မှ တစ်ခုခုကိုစဉ်းစားမိသွားတော့သည်။

Chase"အာ....ငါ့ကိုအခုထိမဖွင့်ပြောရသေးတဲ့ အကြောင်းအရင်းကို ငါသိသွားပြီ"

yz" ဘာလဲ host"

Chase" ငါက အသက်မှမပြည့်သေးတာလေ ငါအခုမှ၁၇နှစ်ပဲ့ရှိသေးတာ "

yz" အဲ...ကျွန်တော်လဲအခုမှ ဒါကိုစဉ်းစားမိတယ်"

Chase" အင်း ငါလဲအဲတာကြောင့်လို့ထင်တာပဲ့ ဒါနဲ့ ဇာတ်လိုက်က ဘယ်တော့လာမှာလဲ"

yz" နောက် ၁နာရီဆိုရင် စခန်းကိုရောက်ပြီ host"

Chase" တကယ်လား ဒါဆိုမလေ့ကျင့်တော့ဘူး နားတော့မယ် ခနနေဆိုရေချိုးပြီး ရန်ပွဲကြည့်ဖို့လုပ်ရအုံးမယ်"

A System For Lazy PeopleWhere stories live. Discover now