Arc[4.11]

1K 82 6
                                    

[Unicode]

အိပ်ယာပေါ်တွင် ချစ်ကြည်နူး တယ်တီတူး လို့ဝသွားတော့ ၂ယောက်သား ရေမိုးချိုးပြင်ဆင်ကာ အိမ်အောက်ထပ်ကထမင်းစားခန်းကို ဆင်းလာပါတော့သည်။

Gu Wei တို့ကတော့ အိမ်မှာဇာတ်လိုက်မ ရှိမှန်းသိပေမဲ့မတော်တဆ တမင်တကာ မေ့ချင်ယောင်ဆောင်ကာ Ye Mi ကိုချီခိုင်းပြီး ဆင်းလာကြတယ်ဆိုပါတော့။

အောက်ထပ်က ထမင်းစားခန်းထဲရောက်တော့ မိတ်ကပ်တွေအပီအပြင်လိမ်းကာ လှတကာ့အလှဆုံးဆိုတဲ့ အ၀တ်အစားတွေကို ထုတ်ဝတ်ထားပုံရတဲ့ ဇာတ်လိုက်မ Li Yue Shan ကို မြင်လိုက်ရပါတော့သည်။

သူမကိုကြည့်ရတာ OG သွားအပ်မဲ့သူနဲ့မတူပဲ နိုက်ကလပ် သွားမဲ့သူနဲ့တူနေသယောင်။ Gu Wei လဲ ဇာတ်လိုက်မကိုမြင်တာနဲ့ ချက်ချင်းဆိုသလို Daddy ကိုကြည့်လိုက်လေသည်။ ဆိုလိုတာက ချီထားတဲ့ သူ့ကိုအောက်ချပေးပေါ့။

သူ့ရဲ့ အကြည့်တွေကို နားလည်းတဲ့ Daddy ကတော့ သူ့စကားကိုနားမထောင်ပဲ့ သူ့ကိုချီလျက်နဲ့ပင် ထမင်းစားခန်းထဲသို့ဝင်သွားပါတော့သည်။ ထိုင်တာတောင် အောက်မချပေးပဲ ပေါင်ပေါ်မှာထိုင်စေကာ သူရုန်းလိုက်တော့ ခါးကိုတင်းကြပ်စွာ ဖက်လိုက်သေးသည်။

အပြင်မှာတော့ ဇာတ်လိုက်မကို အားနာသလို နေရခက်သလို လုပ်ပြနေပေမဲ့ စိတ်ထဲမှာတော့ လင်တော်မောင်အား လက်မအကြီးကြီးပေးကာ အာဘွားတွေခဲ ပေးနေလိုက်သည်။ အရမ်းအလိုက်သိလွန်းတဲ့ ကိုယ့်ရဲ့ ယောက်ျား။

ဒီလိုနဲ့ မနက်စာကို လင်တော်မောင်ပေါင်ပေါ် ထိုင်စားရင်းအဆုံးသတ်သွားပါတော့သည်။ စားသောက်ပြီးတာနဲ့ OG အပ်ဖို့ ဆေးရုံသွားကြတာပေါ့လေ။ ဇာတ်လမ်းက အဲမှာစတော့တာပါပဲ့....။

Gu Wei ဆေးရုံသွားဖို့အတွက် ကားရှေ့ခန်းကိုဖွင့်ဖို့အလုပ်မှာပဲ့ သူ့လက်ကို တစ်ယောက်ယောက်က တားဆီးဆုပ်ကိုင်လိုက်လေသည်။ သူကြည့်လိုက်တော့ ဇာတ်လိုက်မ Li Yue Shan ဖြစ်နေတာမလို့ မျက်နှာထက်တွင် အပြုံးတစ်ပွင့်ပန်ဆင်ကာ စကားစလိုက်လေသည်။

Gu Wei{ Li မိန်းကလေး ဘာဖြစ်လို့လဲ ကိစ္စရှိလို့လာဟင်}

Li Yue Shan{ ဟို...ဟိုလေ ကျွန်မကားနောက်ခန်းမှာထိုင်ရင် ခေါင်းမူးတတ်လို့ပါ အဲတာ...}

A System For Lazy PeopleWhere stories live. Discover now