Arc[2.11] end

1.9K 142 1
                                    

[Unicode]

၃နှစ်ခန့်ကြာပြီးနောက်»»»

အခုဆိုရင် ယွိလျန်ဟာ ဧကရီဖြစ်နေတာ ၂နှစ်ရှိပြီဖြစ်သည် ။အရှင်ကလဲသူ့ကို ဒီနှစ်တွေအတွင်း နည်းနည်းမှမထိခိုက်မိစေရန် အသေးအဖွဲ့လေးကအစ ဂရုစိုက်ပေသည် ။အခုလည်း သူအဆောင်ရှေ့ကခုံလေးမှာထိုင်ပြီး စာဖတ်နေတုန်း သူ့ကိုအနောက်ကနေ ဖက်လာတဲ့အရှင် ။

ယွိလျန်{အရှင် ညီလာခံကပြန်လာပြီလား}

ဟောက်လုံ{အင်း အဲအဖိုးကြီးတွေ စကားသိပ်များတာပဲ့သိလာ ကိုယ်တော်မှာ ယွိအာကိုလွမ်းလွန်းလို့အမြန်ဖြတ်ပြီ ပြန်လာရတာ}

ယွိလျန်{အရှင်ကတော့ ပိုပြီ မနက်ကတောင် မနက်စာအတူတူစားခဲ့တာလေ ညီလာခံကိုသွားတာ ၁နာရီတောင်မ
ပြည့်သေးဘူး }

ဟောက်လုံ{ကိုယ်တော်က မင်းလေးအနား အချိန်တိုင်းဒီလိုကပ်တွယ်နေချင်တာလေ }

ဆိုပြီး သူ့ကိုဖက်ကာ လည်တိုင်ကို တရှုပ်ရှုပ်နဲ့နမ်းနေပါတော့သည်။

ယွိလျန်{ အင်းပါ အရှင်ရယ် ယွိအာအနားတချိန်လုံးကပ်နေလေ ယွိအာလည်း သဘောကျလေပါနော် }

ဟောက်လုံ{ဒါဆို ကိုယ်တော်တို့ချစ်ကြမလား}

ယွိလျန်{ဟမ် ဘာဆိုင်လိုလဲ}

ဟောက်လုံ{ဆိုင်တာပေါ့ လာ အဆောင်ထဲသွားရအောင်}

ဆိုပြီးသူ့ကိုချီသွားပါတော့သည် ။

လွန်ခဲ့တဲ့ ၃နှစ်က»»»

အင်းလွန်ခဲ့တဲ့ ၃နှစ် ကအကြောင်းကိုပြောပြရမယ်ဆိုရင်တော့ အဲနေကယွိလျန်သွေးအန်ရတဲ့ အကြောင်းအရင်း ကအဆိပ်ရဲ့တုန့်ပြန်မှုကြောင့်ပေါ့ မေ့လဲသွားတာကတော့ ထိတ်လန့်မှုကြောင့်ပါ။ တကယ်တော့ အဲဒီနေ့ကသာ အဆိပ်ဖြေဆေးမသောက်ခဲ့ရင်သူသေသွားပါပြီ mission လည်းရှုံးပြီပေါ့။

system space ထဲထိုင်ကာ သူသေတော့မဲ့အဖြစ်ကိုထိုင်ကြည့်နေမိသည်။ သူသေတာ အဓိကမဟုတ် သူ့ရဲ့အရှင်က သူကိုကြည့်ပြီး စိတ္တဇဖြစ်နေတဲ့လူတစ်ယောက်လိုပါပဲ့ ။ဒါပေမဲ့လည်း ကံကောင်းချင်တော့ သူ့အတွက်ဖြေဆေးဖော်နေတဲ့သမားတော်က ဖြေဆေးရလို့ ညီလာခံအထိလာပြီး အရှင့်ဆီ ဖြေဆေးရကြောင်းကိုပြောမလို့ ထွက်အလာနဲ့ ချန်ဟူရဲ့သွားခေါ်ချိန် လမ်းမှာတွေ့ပြီး အဆောင်ကိုအမြန်ခေါ်လာရတော့တယ်။

A System For Lazy PeopleWhere stories live. Discover now