Arc[2.2]

1.8K 142 2
                                    

[Unicode]

ခနကြာတော့

yz " host သူရောက်တော့မယ်"

ယွိလျန်"အင်း ကျေးဇူး"

သူလည်းပုလွေကိုစကာမှုတ်လိုက်တော့တယ် ။သံစဉ်လေးက လွမ်းဆော့တမ်းတ နေတဲ့သံစဉ်လေး ။

အိမ်တော်ကြီးတစ်ခုတွင် ကောင်လေးတစ်ယောက်
သူ့မိသားစုနဲ့အတူ အပူအပင်မရှိ ပျော်ရွင်မှုအပြည့်နဲ့
နေ့ရက်တိုင်းဟာ သာယာနေလေတယ်
တစ်နေ့မှာတော့ ကောင်လေးရဲ့မိသားစုဝင်တွေဟာ
ကောင်လေးကို တစ်ယောက်ထဲချန်ထားခဲ့တယ်
ပြန်လာခဲ့မယ်ဆိုတဲ့ စကားလုံးတွေနဲ့ပေါ့
ဒါပေမဲ့လည်း
နှစ်တွေသာ တစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံသွားတယ်
ကောင်လေးရဲ့အသက်ကလည်း
တစ်နှစ်ထက်တစ်နှစ် ကြီလာတယ်
ပြန်လာခဲ့မယ်ဆိုတဲ့ မိသားစုဝင်တွေဟာ
တစ်ယောက်မှပေါ်မလာခဲ့ဘူး
နောက်ဆုံးတော့ ကောင်းလေသိလိုက်ရတဲ့အမှန်တရားက
သူချစ်တဲ့သူတွေဟာ ဘယ်တော့မှ
သူဆီကို ပြန်မလာတော့ဘူးဆိုတာပါပဲ့

ပုလွေသံဆုံးတာနဲ့ အနောက်ကအသံကြားလိုက်ရတယ်။ ရိကျန့်ပြောလို့ ဇာတ်လိုက်မှန်းသိပေမဲ့လည်း သူကတခြားနာမည် တပ်ခေါ်လိုက်တယ်။

ယွိလျန်{ပြန်လာပြီလား ရုံရုံ သမားတော်ကို သေသေချာချာပို့ခဲ့ရဲ့လား}

အသံမလာပါ သူလည်းစိတ်ထဲကြိတ်ပြုံးလိုက်ကာ နောက်ကိုလှည့်လိုက်တော့ သူရဲ့မျက်လုံးစည်းပုဝါလေးဟာ လေနဲ့အတူလွင့်ပါသွားတော့သည် ။ဒါသူလိုချင်တဲ့ အကွက်ပဲ့လေ

ယွိလျန်{အဲ့ ရုံရုံ ပါဝါလေး လေနဲ့လွင့်သွားပြီ ရှာပေးပါအုံး }

ဆိုပြီးသူကိုယ်တိုင်လည်း စမ်းတဝါးဝါးနဲ့လိုက်ရှာနေရင်းရေကန်နားရောက်ခါနီးကြီးမားတဲ့ လက်တစ်စုံဟာသူကိုဆွဲ၍
ရင်ခွင်ထဲထည့်ပစ်လိုက်တော့သည် ။သူလည်းကြောက်လန့်တကြားဖြစ်နေပုံနဲ့ ဇာတ်လိုက်ရင်ခွင်မှ ထွက်ကာ

ယွိလျန် {ဘယ်သူလဲ မင်း ရုံရုံ မဟုတ်ဘူး ဘလိုလုပ်ပြီး
ဥယျာဉ်တော်ထဲဝင်လာတာလဲ}

ဆိုပြီးသူမေးလိုက်တော့ ပြန်မဖြေသေးတဲ့ ဇာတ်လိုက်ဘုရင်စုတ် သူလည်းအသံအနည်းငယ်ကျယ်ပြီးပြန်မေးလိုက်တယ်။

A System For Lazy PeopleWhere stories live. Discover now