Arc[4.13]

426 51 4
                                    

[Unicode]

Gu Wei မှာတော့ မကျေမနပ်ဖြစ်နေသူနဲ့ အတွေးထဲနစ်နေသူ၂ယောက်ကိုကြည့်ကာ ရယ်ချင်တာကိုအောင့်ထားပြီး အသံပြုကာ သတိကပ်အောင် နှိုးဆော်ရပါတော့သည်။

Gu Wei{အဟမ်းဟမ်း!! အဟမ်း!!}

အဲတော့မှ အတွေးထဲနစ်နေတဲ့ သူငယ်ချင်းဖြစ်သူဟာ ချက်ချင်း အသိကပ်လာပြီး မေးလိုက်တဲ့စကားကြောင့် မအောင့်နိုင်တော့ပဲ အသံထွက်ရယ်လိုက်မိလေတော့သည်။
သူမမေးလိုက်တာက

Ya Wai Wai{သူငယ်ချင်း မင်းဘယ်တုန်းကမိန်းမယူလိုက်တာလဲ နောက်ပြီး ငါက အခုနင်ခလေးရမှ နင်အိမ်ထောင်ကျသွားမှန်းသိရတယ်ပေါ့လေ}

_______________________

Gu Wei ပိစိလေးအတွက် အကျီအပ်ပြီး Ya Wai Wai နဲ့အတူဟိုအကြောင်းပြောလိုက် ဒီအကြောင်းပြောလိုက်နဲ့ နေလည်စာစားချိန်တောင်ရောက်လာလေသည်။ Daddy ကတော့ ဒါကိုအကြောင်းပြပြီး အိမ်ပြန်ရန် Gu Wei ကို မနည်းဆွဲခေါ်လာရလေတော့သည်။ မဟုတ်ရင် သူတို့ သူငယ်ချင်း၂ယောက် ဒီနေ့ထမင်းစားဖြစ်မည်မဟုတ်။

ထွက်လာခါနီး Ya Wai Wai ရဲ့ယောက်ျားနဲ့သားဖြစ်သူ  Ling Xiu နဲ့ Ling Wai Yun တို့၂ယောက် အပြင်ကနေပြန်လာတာတွေ့တော့ ပြန်လှည့်ဖို့လုပ်နေတဲ့ သူ့ကို Daddy မှာမနည်းချော့မော့ပြီး ခေါ်လာရသည်။

အိမ်ရောက်တော့လဲ ခုနကဆွဲခေါ်ရတာ သူမဟုတ်သလို နေ့လည်စာကိုခေါင်းမဖေါ်ပဲ စားနေတဲ့ ပိစိလေးရဲ့ပါးပါး ပါလေ....။

Ye Mi{ အသက် ဖြေးဖြေးစား မလောနဲ့ အသက်မ၀သေးရင်နောက်ထပ် ရှိသေးတယ်}

Gu Wei{ဟုတ် Daddy လဲစား အင့် အသက်ထည့်ပေးမယ်}

ဆိုပြီး အရွက်ကြော်တစ်ဖက်ကို သူ့ပန်းကန်ထဲထည့်ပေးကာ အစားဆီသို့အာရုံရောက်သွားပြန်တဲ့ အသက်ကြောင့် သူ့မှာရီရမလို ငိုရမလို။ သူလဲ အသက်စားချင်တာအကုန်လုံးကို လိုက်ထည့်ပေးတော့ သူကိုပြုံးပြလာတဲ့ အသဲအသက် ပါလေ..။

Li Yue Shan သူ့ရှေ့မှာ အငတ်ကြီးကျနေတဲ့ အကောင်ကိုကြည့်ကာ ပြုံးပြီး လိုသမျှလိုက်ထည့်ပေးနေတဲ့ Mr.Ye ကိုကြည့်ကာ သူမရဲ့မျက်ဝန်းထဲ လိုချင်တပ်မက်မှုများသာ ပေါ်လာလေသည်။ နဘေးက ငတ်ပြတ်နေတဲ့ အကောင်ကိုကြည့်ပြီးလဲ မနာလိုစိတ်တွေ ဖြစ်လာလေသည်။

A System For Lazy PeopleWhere stories live. Discover now