Arc[3.3]

1.5K 125 5
                                    

[Unicode]

Nolan {smile!! မင်းဘာလုပ်တာလဲ ဒီလိုလုပ်ရင် မင်းအားတွေးကုန်သွားမှာပေါ့ မြန်မြန်ရပ်လိုက်!!}

Chase{ မရပ်ဘူး !!တကယ်လို့ Chase သေသွားရင်တောင် မင်းတို့ကအသက်ရှင်ရမယ်!! ဟိုမှာ မမ  Emilia နဲ့  Layla ကမင်းတို့ကိုစောင့်နေကြမှာ}

ဆိုပြီး အားကုန်သုံးကာကုသပေးပြီးတာနဲ့  Chase လဲပင်ပန်းမှုတွေနဲ့အားကုန်ခန်းမှုကြောင့် သူဆီပြေးလာနေတဲ့ zombie တစ်ကောင်ကိုမြင်ပေမဲ့ခုခံခြင်းမရှိပဲ မျက်လုံးစုံမှိတ်ကာ zombie လာကိုက်မဲ့အချိန်ကိုသာစောင့်နေလိုက်တော့သည်။

Nolan,Luke{smile!! / Chase!!}

ဆိုတဲ့အသံနဲ့အတူ သူရဲ့ကိုယ်လေးဟာ တစ်ယောက်ယောက်ကယ်တင်ချင်းကိုခံလိုက်ရသည်။

___________________

Chase တစ်ယောက်သူ့ရဲ့ခန္ဓာကိုယ်ကနာကျင်မှုကို မခံစားရပဲ တစ်ယောက်ယောက်ပွေ့ဖက်ခြင်းကိုခံလိုက်ရသည်။ သူလဲဘယ်သူဘယ်ဝါဆိုတာသိချင်တာကြောင့် ကြိုးစားပြီးမျက်လုံဖွင့်ကာကြည့်လိုက်ပေမဲ့ အမြင်တွေကဝဝေါးနေပြီး 'မင်း အဆင်ပြေရဲ့လား 'ဆိုတဲ့အသံကိုကြားရပြီးနောက် အမှောင်ကမ္ဘာထဲသို့ ရောက်သွားပါတော့သည်။

သူပြန်လည်နိုးထလာတဲ့အချိန်မှာတော့ အရင်ကလိုသစ်ပင်ပေါ်မှာမဟုတ်တော့ပဲ အဖြူရောင်မျက်နှာကျက်ကိုမြင်လိုက်ရသည်။

Chase* ဒီလိုပျက်စီးနေတဲ့ခေတ်ကြီးမှာတော့ ဆေးရုံမရှိလောက်ဘူးမလား*

yz "ဆေးရုံမဟုတ်ဘူး host ကယ်ဆယ်ရေးစခန်းက တည်ဆောက်ထားတဲ့ ကုသခြင်း အဆောင်ကိုရောက်နေတာပါ"

Chase "အော်.... ဒါနဲ့ ငါကိုကယ်လိုက်တာဘယ်သူလဲ  Chase သူငယ်ချင်းတွေရော အဆင်ပြေရဲ့လား"

yz "ပြေပါတယ် host ရဲ့သူတို့အားလုံး ကယ်ဆယ်ရေးစခန်းကိုရောက်နေပါပြီ ပြီးတော့ host ကိုကယ်လိုက်တာ ဗီလိန် Dario ပါ"

Chase " ဟမ်? ဒါဆို ဇာတ်လိုက်မနဲ့ရောတွေ့ပြီးပြီလား"

yz "မတွေ့လိုက်ဘူး host  ဇာတ်လိုက်မကို တခြားတစ်ယောက်ကကယ်လိုက်တာပါ သူလဲစခန်းမှာပဲ့ရှိနေပါတယ်"

A System For Lazy PeopleWhere stories live. Discover now