system space

905 88 1
                                    

[Unicode]

yz" Welcome back host "

xz" မင်းဖင်မှာပေါက်နေတဲ့ ဝဲတွေကိုငါဆီကမ်းမလာနဲ့ yz ကိုယ့်ပစ္စည်းကိုယ် သေချာသိမ်း"

yz"အိစ်! host ကလဲ E လိုနည်းနည်းပြောမိတာ လူကိုအားကြီးနဲ့ပြောတယ်"

xz" ငါအေးအေးဆေးဆေးရပ်ပြီးပြောနေတာပါ ဘယ်မှာအားကြီးနဲ့ပြောလို့တုန်း ဒါနဲ့ ၃ခုမြောက်ကမ္ဘာမှာ mission ပြီးတာနဲ့ ပျောက်ခြင်းမလှပျောက်သွားရတဲ့ အကြောင်းအရင်းလေး မပြောပြချင်ဘူးလား"

yz" ဟုတ် ခွေးစာမစားချင်လို့ပါ "

xz" အော်...ထင်တော့ထင်သားပဲ့ ဒါနဲ့ ငါလင်တွေရဲ့နောက်ဆုံးအချိန်လေးပြပါအုံး"

yz" ဟုတ် host"

ရိကျန့် ပြတဲ့ပုံရိပ်ကိုကြည့်လိုက်တော့ သူရဲ့ဝမ်တွေ သူအသက်မဲ့သွားတာနဲ့ အိပ်ယာပေါ် တွင် သူ့ရဲ့သက်မဲ့ကိုယ်ကိုနေရာတကျ အိပ်စေကာ သူတို့ကတော့ အသက်မဲ့နေတဲ့ Chase ရဲ့တစ်ဖက်တစ်ချက်စီမှာနေရာယူပြီး လက်ကလေးကိုကိုင်ကာ 'ချစ်တယ် ကိုယ့်ရဲ့ကလေးလေး' လို့ပြောပြီးတာနဲ့ အဘိုအို၃ယောက်ဟာ ထာဝရအိပ်စက်သွားပါတော့သည်။

xz" ရွှတ်! ငါ့ရဲ့ဝမ်တွေ သူတို့စကားအတိုင်း ငါမရှိတာနဲ့ သူတို့လဲ အသက်မဲ့သွားကြပြီး😭 အီးဟီး!!! ချစ်တက်လိုက်တာ ၀မ်ရဲ့"

yz"အာပြဲကြီးနဲ့ ငိုမနေနဲ့ host လှလဲမလှပဲနဲ့"

xz" ဟင့်~အင့်~!ဒါပေါ့ ငါကချောတာလေ လှတာမှမဟုတ်တာ"

ရိကျန့် host ကိုကြည့်ပြီးဘာမှမပြောတော့ပဲ့ ခေါင်းသာခါကာ ပြောစရာရှိတာ ဆက်ပြောနေလိုက်သည်။

yz " ဟုတ် host အခုတော့အမှတ်တွက်ပေးပါ့မယ်

1.သူ့သူငယ်ချင်းတွေကို မသေစေရန် - 1000 points

2.သူ့အသက်မသေစေရန် - 1000 points

3.ကပ်ကြီးပြီးရင် ချစ်တဲ့သူနဲ့ပျော်ရွှင်စွာနေချင်တယ် - 500 points

စုစုပေါင်း 2500 points လက်ရှိ points က 60 points ပေါင်း 2560 points, 15 points တန်ဆေးတစ်လုံးဝယ်ထားတဲ့ points ကိုနုတ် စုစုပေါင်း 2545 points ပါ host"

xz" ရော့ သောက်လိုက်ရေ မင်းကိုကြည့်ပြီးငါငိုချင်စိတ်တောင်ပျောက်တယ်"

A System For Lazy PeopleWhere stories live. Discover now