Arc[3] Chase

1.7K 128 1
                                    

[Unicode]

ရှောင်ကျန့် ရောက်ရောက်ချင်း မျက်လုံးမဖွင့်ခင် ကြားလိုက်
ရတာကတော့ ဝူးဝူးဝါးဝါးအသံတွေ ။သူလဲမျက်လုံးဖွင့်
ကြည့်လိုက်တော့

xz"အမလေး သရဲကြီးလား ဘာကောင်တွေကြီးတုံး သွေးတွေလည်းမနည်းဘူး အန်တောင်အန် ဝေါ့!!အော့ "

ဟုတ်ပါတယ် သူအခုမြင်နေရတာကတော့ ရုပ်ပျက်ဆင်းပျက်နဲ့ သွေးအိုင်ထဲသေနေကြတဲ့ လူတွေပါ။ မဟုတ်သေးဘူး ဖုတ်ကောင် လို့ပြောရင်ပိုမှန်လိမ့်မယ်ထင်တယ် မဟုတ်မှ

yz" ဟုတ်တယ် host အခု zombie တွေနေတဲ့ ကမ္ဘာကိုရောက်နေတာပါ ပြောရမယ်ဆို ကမ္ဘာပျက်ကပ် ဆိုက်နေတဲ့အချိန်ရောက်နေပါတယ် host"

xz" အီးဟီး~ ဒုတိယ ကမ္ဘာမှာကတည်းက ဇာတ်လိုက်မခေါင်းပြတ်တဲ့အဖြစ်ကို ကိုယ်တွေ့မြင်ရလို့ ငါမှာနေ့နေ့ညည ရှိသမျှ ဘုရားတွေ ရှိခိုးပြီးမှအိပ်ရဲခဲ့တာလေ အခု အခုတော့
ငါကိုယ်တိုင် သတ်ရတော့မဲ့ ကမ္ဘာကြီးကိုရောက်နေတာပေါ့လေ အူးဝါး!! လူသတ်ရမှာမကြောက်ပေမဲ့ သရဲ့တော့ကြောက်တယ်လို့ ဒါနဲ့ငါကအခုသစ်ပင်ပေါ်မှာလာ"

yz" ဟုတ် host တို့ကို zombie တွေမမြင်အောင် သစ်ပင်ပေါ်မှာ အိပ်နေကြတာပါ ညအချိန်ဆိုတော့ မြင်မှာမဟုတ်ပါဘူး ဒါကြောင့်ပါ"

xz " ရိကျန် မငိးခုနတုန်းက host တို့လို့ပြောလိုက်တာလား "

yz " ဟုတ် host ဘေးကအပင်တွေမှာလဲ လူရှိပါတယ် "

Xz "အော် "

yz" host အခုဇာတ်ကြောင်းအရင်ဖတ်လိုက်ပါ"

xz"အင်း ပို့လိုက်"

yz" ဟုတ်

ဇာတ်ကြောင်းပို့ဆောင်မှုစတင် 1~2~3~...~100 complete
မှတ်ဉာဏ်ပို့ဆောင်မှုစတင် 1~2~3~...~100 complete "

သူလဲဝင်လာတဲ့ ဇာတ်ကြောင်းကိုစဖတ်လိုက်တော့တယ်။

ဒီကမ္ဘာအကြောင်းကိုပြောရမယ်ဆိုရင်တော့ လေ့လာရေးခရီးသွားတဲ့သူတွေ ကနေစရမယ်။ လေ့လာရေးခရီးသယ်တွေဟာ သူ့တို့စိတ်ဝင်စားတဲ့နိုင်ငံတွေကို ခရီးသွားလေ့လာရင်း နိုင်ငံတစ်ခုရဲ့ တောနက်ကြီးထဲကို ၀င်ရောက်လေ့လာခဲ့တယ် ။သူ့တို့လေ့လာချင်တာကတော့ သူ့တို့မမြင်ဖူးသေးတဲ့ တောနက်ထဲကထူးဆန်းတဲ့အရာတွေ အကြောင်းပေါ့။

A System For Lazy PeopleWhere stories live. Discover now